Wednesday, April 25, 2012

iPhone ကို Upgrate Unlock လုပ်ကြည့်ခြင်း


iPhone ကို အမှန်တကယ် အသုံးပြုခွင့်ရရှိတာ ကတော့ AT&T Co., LTD. လို Telecommunication Company  ကြီးတွေရဲ့ ကွန်ရက်ကို အသုံးပြုသူတွေသာ ဖြစ်ပြီး အဲဒီ Company တွေက သတ်မှတ်ထားတဲ့ နိုင်ငံ ဒါမှမဟုတ် နယ်နမိတ်တွေမှာပဲ အသုံးချလို့ ရနိုင်ပါတယ်။ အဲဒီ Company တွေရဲ့ Services Area ပြင်ပဒေသတွေမှာ ဒါမှမဟုတ် အခြား Services Provider တွေနဲ့ ဆက်သွယ် ရေး ကွန်ရက်ကို အသုံးပြုတဲ့အခါ iPhone ကို အသုံးပြုလို့ ရမှာ မဟုတ်ပါဘူး။ အဲလိုအခြေအနေမျိုးကနေပြီး iPhone ကို အသုံးချလို့ရအောင် ပြုလုပ်တာကို UnLock လုပ်တယ် လို့ ခေါ်ပါတယ်။
iPhone ကို UnLock လုပ်ဖို့အတွက် စက်ပိုင်းဆိုင် ရာ ဘာမှ ထွေထွေထူးထူး မလိုအပ်ပါဘူး။ Windows XP ဒါမှမဟုတ် Windows Vista တင်ထားတဲ့ PC လို့ခေါ်တဲ့ Personal Computer တစ်လုံး ရှိရင် အဆင်ပြေပါပြီ။ (Mac မှာကော Linux မှာပါ UnLock လုပ်နိုင်ပေမယ့် Windows အသုံးပြုသူများတဲ့အတွက် Windows ပေါ်မှာပဲ အခြေခံပြီး ရေးပြသွားမှာပါ။)
iPhone ကိုလည်း Upgrade မလုပ်ရသေးတဲ့ iPhone အသစ်တစ်လုံးလို့ မှတ်ယူပြီး ရေးသားပေးသွားမှာ ပါ။ အကယ်၍ စာဖတ်သူရဲ့ iPhone ဟာ Upgrade လုပ်ပြီး သားဆိုရင် Upgrade လုပ်တဲ့အဆင့်ကို ကျော်သွားခြင်းဖြင့် အချိန်ကုန်သက်သာစေမှာ ဖြစ်ပေမယ့် Upgrade လုပ်ထား တာ နောက်ဆုံး Latest Version ဟုတ်မဟုတ် မသေချာမှာ စိုးတဲ့အတွက် Upgrade အဆင့်ကို ပြုလုပ်စေချင်ပါတယ်။
စာဖတ်သူရဲ့ PC မှာ iTunes, iUnLock Software တွေနဲ့ iPhone ရဲ့ နောက်ဆုံးပေါ် Latest Firmware ကို download ရယူပြီး အဆင်သင့်ဖြစ်နေရပါမယ်။
လိုအပ်တဲ့ Software တွေကို ကျွန်တော်တို့ ရေးကြည့်ပါမယ်။
iTunes 
ဒါက iPhone ရှိသူတိုင်း ဆောင်ထားရမယ့် Software ပါ။ သီချင်းထည့်တာ Video ထည့်တာ၊ Backup လုပ်တာ Restore လုပ်တာတွေကို Apple ရဲ့  iTunes ကပဲ တရားဝင် လုပ်ပေးနိုင်တာလေ။ Software Version ကတော့ 8 နဲ့ အထက် ဖြစ်ဖို့လိုတယ်နော်။ Computer CD အရောင်းဆိုင်တွေမှာ ရနိုင်ပါတယ်။
iUnLock -16 mb
ဒါကတော့ UnLock လုပ်ဖို့ သုံးတဲ့ဆော့ဖ်ဝဲလ်ပေါ့။ သူက exe ဖိုင်အဖြစ်ပြောင်းထားတဲ့ ZIP Archive ဖိုင်ပေါ့။
The Latest iPhone firmware file
• iPhone 2G firmware 3 download
iPhone 3G firmware 3 download
http://appldnld.apple.com.edgesuite.net/content.info.apple.com/iPhone/061-6578.20090617.VfgtU/iPhone1,2_3.0 _7A341_Restore.ipsw
iPhone firmware 2.2 download (246 MB)
http://appldnld.apple.com.edgesuite.net/content.info.apple.com/iPhone/061-5779.20081120.Pt5yH/iPhone1,1_2.2_ 5G77_Restore.ipsw
• iPhone 3G firmware 2.2 download (Caution if you upgrade to iPhone 3G 2.2 you won’t be able to unlock your iPhone 3G)
http://appldnld.apple.com.edgesuite.net/content.info.apple.com/iPhone/061-5778.20081120.Aqw4R/iPhone1,2_2.2_ 5G77_Restore.ipsw
iPod Touch 1st Gen 3.0/7A341 download
http://pfd.apple.com/ProtectedAsset/iPodTouch/061-6579.20090527.Xde3T/iPod1,1_3.0_7A 341_Restore.ipsw?downloadKey= 1247904703_65b4cb453b54a2aa7765d469737 86ec4
• iPod Touch 2G 2.2.1 firmware
http://appldnld.apple.com.edgesuite.net/content.info.apple.com/iPhone/061-5863.20090127.rt56K/iPod2,1_2.2.1_ 5H11a_Restore.ipsw
• iPod Touch 2nd Gen 3.0/7A341 download
http://pfd.apple.com/ProtectedAsset/iPodTouch/061-6581.20090527.PiKu7/iPod2,1_3.0 _7A341_Restore.ipsw?downloadKey= 1247904703_17b43bd7d51c7c3c498d58fa6e 05b2c0
အဲဒီဖိုင်တွေ အကုန်လုံးကို Download ဆွဲချဖို့တော့ မလိုပါဘူး။ စာဖတ်သူရဲ့ iPhone, iPod Touch Model ရဲ့ နောက်ဆုံးပေါ် Firmware ကိုပဲ ဆွဲချရမှာပါ။ ဖိုင်ကို ကြည့်ရင်တော့ .ipsw အနေနဲ့ Unknow file ဆိုပြီး ဘယ် Applicationနဲ့ ဖွင့်ရမလဲမသိဘူးလို့ ပြပါလိမ့်မယ်။ WinZIP တို့ WinRAR တို့ 7zip လိုမျိုး Archive Application တွေနဲ့ လုံးဝ မဖွင့်မိပါစေနဲ့။

iPhone Upgrade ပြုလုပ်ခြင်း

ဒီအဆင့်ကို စာဖတ်သူ ဖုန်းမှာ နောက်ဆုံးပေါ် firmware ထည့်ပြီးသားဆိုရင်တော့ ချန်ထားခဲ့ပါ။
ကဲ Software တွေစုံပြီဆိုရင် iPhone ရဲ့ Cable တွေပါ အနားမှာ စုထားပြီး iPhone ကို အားပြည့်အောင် သွင်းထားပါ။ iTunes နဲ့ iUnLock ကို စာဖတ်သူရဲ့ Computer ထဲကို Install လုပ်ပါ။ အဲဒါက အရမ်းလွယ် တော့ Step by Step ရေးမပြတော့ပါဘူး။
စာဖတ်သူရဲ့ iPhone က အားပြည့်နေပြီဆိုရင် ပါဝါပိတ်ပါ။ Power Button ကို ၅ စက္ကန့်နှိပ်ထားရင် Slide လေးပေါ်လာပါမယ်။ အဲဒီ Slide ကို Power Off ဘက်ကို ဆွဲလိုက်ရင် ပါဝါပိတ်သွားပါပြီ။iPhone ထဲမှာ SIM Card ရှိရင် ဖြုတ်ထားလိုက်ပါ။
PC နဲ့ iPhone ကို USB Cable နဲ့ ဆက်သွယ်ထားရင် ဖြုတ်လိုက်ပါ။ ပြီးမှ iTunes ကို ဖွင့်ပါ။
iPhone နဲ့ Computer ကို USB Cable နဲ့ ပြန်ဆက် သွယ်ပါ။ နောက် iPhone ကိုပြန်ပြီး Power On ပေးပါ။ iPhone မှာ iTunes ပုံလေးနဲ့ Cable ပုံလေးပေါ်လာရင် အဆင်ပြေပါပြီ။
မိနစ်ဝက်လောက် မတိုင်ခင်မှာပဲ စာဖတ်သူရဲ့ Computer ဟာ iPhone ကိုသိပြီး Message တစ်ခုပေးမှာ ဖြစ်ပါတယ်။ Recovery mode အနေနဲ့ iTunes ကနေ iPhone ကို မူလအခြေအနေ Restore လုပ်မလားတဲ့။ Ok ကို နှိပ်ပေးပါ။ နောက်ပြီး စာဖတ်သူဖုန်းရဲ့ error တွေ ပြဿနာတွေအတွက် မူလအခြေအနေကို Restore ပြန် လုပ်မယ်ဆိုတဲ့ message ဘေးမှာ Restore Button တစ်ခု ထပ်တွေ့ရပါလိမ့်မယ်။ ဒီအတိုင်း မနှိပ်မိပါစေနဲ့။ အရေး ကြီးပါတယ်။ Shift key ကို ဖိထားပြီးမှ Restore ကို Click ပေးပါ။
ဖိုင်ရွေးခိုင်းပါလိမ့်မယ်။ စာဖတ်သူ download လုပ်ထားတဲ့ .ipsw နဲ့ဆုံးတဲ့ iPhone Firmware ဖိုင်ကို ရွေးပေးလိုက်ပါ။ စာဖတ်သူသာ ဒီအဆင့်တွေ မတိုင်ခင် iPhone Firmware ဖိုင်ကို win zip လို archive software တစ်ခုခုနဲ့ ဖွင့်ခဲ့ရင် ဒီအဆင့်မှာ Error တစ်ခုပြပြီး ပြဿနာ တက်နိုင်ပါတယ်။ download ဆွဲတုန်းက ဖိုင်မပြည့်ပဲ ရပ်တန့်သွားရင်လဲ error တစ်ခုခုပေးပြီး ရပ်သွားနိုင်လို့ error တက်ရင် message ကို မှတ်ထားပေးပါ။



အဆင်ပြေခဲ့ရင်တော့ ၁၀ မိနစ်လောက်ကြာပြီးတာ နဲ့ စာဖတ်သူလုပ်ထားတဲ့ Restore လုပ်ငန်းစဉ် ပြီးပါလိမ့် မယ်။ restore ပြီးခဲ့ရင် iPhone မှာ Cable နဲ့ iTunes ပုံလေး ပြန်ပေါ်လာပါလိမ့်မယ်။ ဒါ့အပြင် Slide Bar လေးပါ “Slide for emergency” ဆိုပြီး ပေါ်လာခဲ့ရင် စာဖတ်သူရဲ့ iPhone Firmware Upgrade လုပ်ငန်းစဉ် ပြီးပါပြီ။ UnLock ဆက် လုပ်ကြပါမယ်။ ဒီနည်းအတိုင်း Touch Screen iPod ကို လည်း Upgrade လုပ်နိုင်ပါတယ်။

iPhone Unlocking

စာဖတ်သူရဲ့ ဖုန်းက Upgrade လုပ်ပြီးသွားပြီ ဆိုတော့ Unlock လုပ်ရအောင်။ QuickPwn Software ကို Install လုပ်ပြီး PC ထဲကို သွင်းလိုက်ပါ။ တကယ်လို့များ “The Application failed to initialize property (0xc0000135)” လို့များ error တက်လို့ကတော့ စာဖတ်သူ ရဲ့ PC မှာ .net Framework 2.0 မတင်ရသေးလို့ပါ။ ဒီ QuickPwn ဆိုတဲ့ Software က .net Framework 2.0 လိုပါတယ်။ .net framework 2.0 အရင်တင်ပြီးမှ QuickPwn ပြန်တင်ပါ။
QuickPwn စ Run ရင် Please connect to your device via USB now to continue. ဆိုပြီး PC နဲ့ iPhone ကို အရင်ချိတ်ဆက်ခိုင်းလိမ့်မယ်။ မဆက်သွယ်ရသေးရင် ဆက်သွယ်ပေးပါ။ iPhone နဲ့ PC ကို USB Cable နဲ့ ဆက်သွယ်ပြီးသားဆိုရင်တော့ မြားလေးကို Click လိုက်ရုံ ပါပဲ။
နောက်ထပ် စာမျက်နှာမှာ iPhone Firmware တောင်းပါလိမ့်မယ်။ ပုံမှန်ကတော့ iTunes က ဒီဖိုင်ကို Downlaod လုပ်ပေးပြီးသားပါ။ Auto Load မလုပ်သွား ခဲ့ရင် ခင်ဗျားကိုယ်တိုင် Browse ခလုပ်လေးနှိပ်ပြီး ရွေးပေး ရပါလိမ့်မယ်။
တတိယမြောက် စာမျက်နှာအနေနဲ့ ပေါ်လာမှာက စာဖတ်သူအနေနဲ့ Unlock လုပ်မလုပ် ရွေးနိုင်ပြီဆိုတာပါပဲ။ Unlock တင် မကပါဘူး၊ Add Cydia ဆိုတဲ့ iPhone အတွက် ပုံမှန်ဆိုရင် မသုံးနိုင်တဲ့ third party software တွေ ထည့်နိုင်အောင် tweaks လုပ်နိုင်ပါတယ်။ Add Installer ရယ် UnLock phone ရယ်ကို အမှန်ချစ်ပြီး ရွေးပေးနိုင်ပါတယ်။
စာဖတ်သူဟာ အသစ်အဆန်းတွေကို နှစ်သက် တတ်တယ်ဆိုရင်တော့ Replace boot logos ကိုပါ ရွေးဖို့ အကြံပေးချင်ပါတယ်။ ခင်ဗျားရဲ့ iPhone Boot တက်တဲ့ အခါ အရင်ပုံလိုမဟုတ်ပဲ နာနတ်သီးပုံလေးနဲ့ တက်လာ တာကို  သူငယ်ချင်းတွေရှေ့မှာ ကြွားနိုင်ပါတယ်။ Boot loader က ဖိုင်ရှာခိုင်းရင် QuickPwn ရဲ့ Folder ထဲမှာပဲ BL-4.6.bin နဲ့  BL-3.9.bin နှစ်ဖိုင်ကို ရွေးပေးရုံပါပဲ။ ပြီးရင် မြားပဲ ထပ်နှိပ်ပါ။
http://www.iphonefirmware.com/dwn/BL-46.bin
http://www.iphonefirmware.com/dwn/BL-39.bin
ပြီးရင် QuickPwn မှာ ပထမဆုံးအဆင့်က message နဲ့ ပုံလေးပြန်ပေါ်လာပါမယ်။ မြားလေး ဆက်နှိပ် ပြီး Software, Cydia နဲ့ Boot Loader တွေ သွင်းသွား တာကို ကြည့်နေရုံပါပဲ။
တကယ်လို့များ “Your device has connected in the wrong mode” ဆိုပြီး ပေါ်လာရင် Ok ကို လုံးဝ မနှိပ်မိပါစေနဲ့။ iPhone နဲ့ PC ကို USB ကြိုးချိတ်ဆက် ထားတာကိုလဲ မဖြုတ်ပါနဲ့။ iPhone ရဲ့ Power နဲ့ Home ခလုပ်နှစ်ခုလုံးကို တွဲနှိပ်ပြီး Power ပိတ်ပစ်ပါ။ ၂ စက္ကန့် လောက်စောင့်ပြီးမှ Power ခလုပ်တစ်ခုတည်းကို ပြန် လွှတ်လိုက်ပါ။ Home ၁၅ စက္ကန့်လောက် ဆက်နှိပ်ထားပါ။ (iPhone ရဲ့ Power ခလုပ်က အပေါ်မှာ ဖြစ်ပြီး Home ခလုပ်က မျက်နှာစာမှာ ရှိပါတယ်) အဲဒါဆိုရင် QuickPwn ပြန် အလုပ် လုပ်လာပါလိမ့်မယ်။ Computer ပေါ်က Ok ကို လုံးဝ လုံးဝ မနှိပ်မိပါစေနဲ့။ မရရင် နှစ်ခါပြန်လုပ်ပါ။
ဒီလုပ်ငန်းစဉ်ကတော့ ၅ မိနစ်လောက် ကြာနိုင်ပါ တယ်။ ဒါတွေပြီးရင်တော့ firmware ကို Modify လုပ်ခြင်း iPhone Unlock လုပ်ခြင်း active လုပ်ခြင်း Software သွင်းခြင်းများ အားလုံးပြီးဆုံးသွားပါပြီ။ ခင်ဗျားရဲ့ GSM SIM Card ကို ဖုန်းထဲထည့်ပြီး စိတ်ကြိုက် အသုံးပြုနိုင်ပါပြီ။

“Different SIM Detected” နှင့်
“Slide for emergency” error တက်ခြင်း

Unlock လုပ်ငန်းစဉ် မအောင်မြင်ခြင်း ဖြစ်သည်။ SIM Card ထုတ်ထားပြီး အစအဆုံး ပြန်လည် လုပ် ဆောင်ပါ။
အလွယ်တကူ အသုံးပြုပြီး  Unlocking ပြုလုပ် နိုင်ရန်အတွက် redsn0w ကို အသုံးပြုနိုင်ပါသည်။ Original iPhone 2G, iPhone 3G, iPod Touch (1, 2 Generation) များအတွက် အသုံးပြုနိုင်ပြီး Firmware 3 အထိ Supports လုပ်ပေးပါတယ်။ iPhone 3GS တွင် အသုံးပြုလို့ မရနိုင်ပါ။ Windows Platform နှင့် Apple Mac အတွက်ပါ နှစ်မျိုးထွက်ရှိပါသည်။ Windows အတွက် http://www.iphonefirmware.com/dwn/redsn0w-win_0.7.2.zip တွင် 10 MB ကျော်သာ ရှိပါသည်။
Icon လေးတွေနေရာ ချိန်းချင်ရင် icon ပေါ်မှာ ၂ စက္ကန့်လောက် ဖိထားပြီး ပုံစံပြောင်းသွားရင် လိုချင်တဲ့ နေရာကို ရွေ့ယူနိုင်ပါတယ်။ (iPhone ထဲမှာပဲနော် တခြား စာမျက်နှာအထိ ဆွဲသွားကြည့် ရတယ်။)
iPhone ရဲ့ လက်ရှိပုံစံကို screenshot ဆွဲချင်ရင် တော့ Home Button ကိုဖိထားပြီးမှ ပါဝါ Button ကို တစ်ချက်နှိပ်ရင် Camera နဲ့ရိုက်ပြီး ပုံတွေသိမ်းတဲ့နေရာမှ Save ပေးတယ်။
ချစ်မင်းပိုင်
သတိပြုရန်။ နောက်တစ်ကြိမ် firmwares upgrade လုပ်ခြင်း၊ iTunes မှ Restore or Upgrade လုပ်ခြင်း၊ iPhone အသုံးပြု၍ Apple ၏ member Area များသို့ ၀င်ခြင်းများ မပြုလုပ်ရပါ။ ပြုလုပ်ပါက Lock ပြန်ကျနိုင်ပါတယ်။

No comments:

Post a Comment