MP3 Download အတွက်အကောင်းဆုံးဝက်ဘ်ဆိုဒ်များ
ဟိုးခေတ်က တဂျိဂျိမြည်တဲ့ ဓာတ်ပြားကြီးတွေကနေ ... နောက်တော့ SONY
ကုမ္ပဏီစထွင်လိုက်တဲ့ Walk-Man လေးတွေ၊ Disk-Man လေးတွေ၊ ဟော ... ခုဆိုရင်
လူငယ်တွေ ကိုယ်စီလိုလိုမှာ MP3 လေးတွေနဲ့။ ဘယ်လိုပဲ နည်းပညာတွေ ဆန်းသစ်၊
ဆန်းသစ်လာ၊ ဂီတသံစဉ်ကလေးတွေကတော့ လူငယ်တွေရဲ့ အသည်းနှလုံးကို ညှို့ငင်
ဆွဲယူနေနိုင်ဆဲပါပဲ။ ဒါကြောင့်မို့ ဒီတစ်လမှာတော့ knowledge Bridge
Magazine ပရိသတ်တွေအတွက် ကမ္ဘာ့ အကောင်းဆုံး MP3 Download website
ကလေးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
ဂရိပညာရှိကြီး
ပလေတို ပြောခဲ့ဖူးတဲ့ စကားလေး တစ်ခွန်းရှိပါတယ်။ `ဂီတစိတ်မရှိသော
ဝိဉာဉ်မျိုးကို ဘယ်သော အခါမှ စိတ်မချရ။ တေးဂီတဟူသည် လွန်ကဲခြင်းများကို
မျှတစေနိုင်သည့် တစ်ခုတည်းသော တေးသွားကြီးတည်း´တဲ့။ ဂီတကို
ရူးသွပ်ခုံမင်တဲ့သူတွေ၊ ကျေနပ်နှစ်သက်ကြမယ်လို့ ထင်ပါတယ်။
www.jamendo.com

Jamendo ဟာသူ့ရဲ့ဂီတ တံခါးကို ၂၀၀၅ခုနှစ်မှာ စဖွင့်ခဲ့ပါတယ်။ သူ့ရဲ့ Website ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး MP3 Download Site တစ်ခုဖြစ်ပြီး
ဂီတ ၀ါသနာရှင်တွေ အကြိုက် Album ပေါင်း နှစ်သောင်းကျော် ကို သူ့ရဲ့ Site
မှာ အခမဲ့ Free Download ရယူနိုင်ပါတယ်။ ဒါ့အပြင် User တွေ အနေနဲ့
သက်ဆိုင်ရာ Album အလိုက် Rating တွေ၊ Review တွေကိုလည်း ဖတ်လို့ရ
နိုင်ပါသေးတယ်။ ဒီ Site ဟာ အဆိုတော်တွေဆီကလှူဒါန်းတဲ့ Album
တွေကို လက်ခံသလို၊ တက်သစ်စ အဆိုတော်သစ်တွေရဲ့။ Album သစ်တွေကိုလည်း
ကြော်ငြာပေးတဲ့အနေနဲ့ တင်ထားပေးပါသေးတယ်။ ကဲ။ ဘယ်လိုလဲ။ ကျွန်တော်တို့လည်း
Album တစ်ချပ်လောက် သွင်းပြီး Jamendo ဆီကို။ ပို့လိုက်ကြရအောင်လား။
www.freemusicarchive.org

Free Music Archive Site ကိုတော့ ။ 2009
ခုနှစ် ဧပြီလမှာမှ Internet ပေါ်ကို launched လုပ်ခဲ့တာပါ။ Site ရဲ့
လွှင့်တင်သူ Owner ကတော့ Jersey City Radio Sation ဖြစ်ပါတယ်။ Site ရဲ့
သက်တမ်းတိုတောင်းသေး ပေမယ့် ကမ္ဘာ့ဒုတိယ လူကြိုက်အများဆုံး Free Mp3
Download Site တစ်ခုဖြစ်ပါတယ်။
www.amiestreet.com

Amie Street ကိုတော့ ၂၀၀၆ ခုနှစ်မှာ အင်တာနက် ကို
လွှင့်တင်ခဲ့ပါတယ်။ သူ့ရဲ့ ဆိုဒ်မှာတော့ ပိုက်ဆံပေးရ တဲ့ Member Download
ရော၊ Free Download ရော နှစ်မျိုးလုံးရနိုင်ပါတယ်။ ဒါ့အပြင်
ကိုယ်နှစ်သက်တဲ့ Album တွေ၊ သီချင်းတွေကိုလဲ ကိုယ့်မိတ်ဆွေသူငယ်ချင်း
တွေဆီကို လက်ဆင့်ကမ်းနိုင်ပါသေးတယ်။
www.archive.org/details/audio


The Audio Archive ကတော့
Internet ပေါ်က သုတေသနပြုသူ (Researches) တွေ၊ Audio File Collector
တွေအတွက် ရည်ရွယ်ပြီး လွှင့်တင်ထားတာပါ။ ဒါကြောင့် မို့ သူ့ရဲ့ဆိုဒ်မှာ
Muisc တွေသာမက၊ audio books တွေ၊ အသံလွှင့်ချက်တွေ၊ ရေဒီရှိုးအဟောင်း (old
time radio shows) အသံလွှင့်ချက်တွေကိုပါ Download ရယူနိုင်ကြ မှာဖြစ်ပါတယ်။
သူ့ရဲ့ Websiet မှာ Music နဲ့ Audio Collection ပေါင်း ငါးသောင်းကျော်
Download ရယူနိုင်ပါ တယ်လို့ ဆိုပါတယ်။
www.ccmixter.org

CC Mixter ကတော့ ထူးထူးခြားခြား Social music site တစ်ခုဖြစ်ပြီး သူ့ရဲ့ Site မှာ သားစိုးရဲ့ ရောသမမွှေလို remix content တွေကို
Download ရယူနိုင်ပါတယ်။ ဂီတသစ်ဖွဲ့စည်းမှု (New Musical Compostions) တွေ
ပြုလုပ်ဖို့အတွက် Sample ပေါင်း တစ်သောင်းကျော်ကို သူ့ရဲ့ Site မှာ Free
Download ရယူနိုင်တယ်လို့ CC Mixter ကြွေကးကြော်ထားပါတယ်။
ကျွန်တော်တို့ဆီက ဂီတ ၀ါသနာရှင်တွေ မဖြစ်မနေ ၀င်ရောက်ကြည့်ရှုသင့်ကြတဲ့
Website တစ်ခုပါ။
ကဲ ... ဒီတစ်လတော့ Music Site လေးတွေဆီ အလည်သွားရတာကို ကျေနပ်နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ နောက်တစ်လမှာ Internet Travelling အတွက် ကမ္ဘာ့အကောင်းဆုံး သတင်းဝက်ဘ်ဆိုက် (News Website)တွေအကြောင်းကို တင်ပြဖို့ စီစဉ်ထား ပါတယ်။
No comments:
Post a Comment