Google ကိုတည်ထောင်ခဲ့သော ဦးနှောက်နှစ်စုံ

ယနေ့
မြန်မာနိုင်ငံရှိ အင်တာ နက်သုံးစွဲသူတိုင်းရဲ့ ပါးစပ်ဖျားမှာ
ဂျီမေးလ်(G-mail) နဲ့ ဂျီတော့ခ် (G-talk) တို့ဟာ အလွန်ရေပန်းစားနေတဲ့
စကားလုံးများပင် ဖြစ်ပါတယ်။ အထူး သဖြင့် အင်တာနက်မှတဆင့် ကမ္ဘာ
မည်သည့်နေရာကိုမဆို လွယ်ကူစွာ ဆက်သွယ်နေနိုင်ပြီဖြစ်တဲ့ ယနေ့လို ခေတ်မှာ
အီးမေလ်လိပ်စာ (E-mail Account) မရှိခြင်းဟာ အလွန့်ကို
ခေတ်နောက်ကျနေပြီဖြစ်ပါတယ်။ အဲဒီလို ကမ္ဘာသူကမ္ဘာသားတွေ ခေတ်နောက်ကျမှု
မရှိစေရအောင် ဂူးဂဲလ်မှနေပြီး Account များကို လူတိုင်း ရှိနေစဖို့
ဖန်တီးပေးထားပါ တယ်။ ယနေ့ မြန်မာပြည်ရှိ အင်တာ နက် သုံးစွဲသူ
အများစုမှာလည်း ဂျီမေးလိပ်စာ (G-mail Account) များ လွယ်ကူစွာဖြင့်
ရရှိနေပြီ ဖြစ်ပါတယ်။ ထိုလိပ်စာဖြင့် မိမိလူမှုအကျိုးစီးပွား အတွက်
အဆင်ပြေစွာ အသုံးချ နေနိုင်ပြီ ဖြစ်ပါတယ်။ အမှန်တကယ် တော့ ဂူးဂဲလ်ဟာ
ကမ္ဘာပေါ်ရှိ အင်တာနက်သုံးစွဲသူတိုင်းရဲ့ ပါးစပ် ဖျားမှာ အလွန်ရေပန်းစားနေတဲ့
အင်တာနက်ကုမ္ပဏီတစ်ခုပင် ဖြစ်ပါ တယ်။
အချိန်တိုအတွင်း
ကြီးမား သော အောင်မြင်မှုများဖြင့် အင်တာ နက် လောကကို တစ်ခေတ်ဆန်းစေ ခဲ့သော
ဂူးဂဲလ်အင်တာနက် ကုမ္ပဏီ ကို တည်ထောင်ခဲ့သူ ဦးနှောက်နှစ်စုံ ကတော့
လာရီပေ့ခ်ျ (Larry Page) နှင့် ဆာဂျီဘရင်း (Sergey Brin) ဆိုတဲ့
လူငယ်နှစ်ဦးပင် ဖြစ်ပါတယ်။ ၄င်းတို့နှစ်ဦးဟာ အမေရိကန်နိုင်ငံ
စတန်းဖိုဒ်တက္ကသိုလ်မှ ပီအိပ်ခ်ျဒီ (Ph.D) တန်းထွက်များပင် ဖြစ်ပါ တယ်။
လာရီနဲ့ ဘရင်းတို့နှစ်ဦးဟာ ဒေါ့ကွမ်း စွန့်ဦးတီထွင်သူများ ဖြစ်ကြ ပြီး
အလွန်ထက်မြက်သော အိုင်ဒီ ယာများကို ပိုင်ဆိုင်ထားကြသူများ ဖြစ်ကြပါတယ်။
သူတို့နှစ်ဦးဟာ မော့က်ခ်ကလစ် တစ်ချက် နှိပ်လိုက် ရုံမျဖြင့် အင်တာနက်သတင်း
အားလုံးကို ရရှိစေနိုင်သော ကမ္ဘာ ကြီးအဖြစ် ပြောင်းလဲနိုင်သူများပင်
ဖြစ်ကြပါတယ်။
လာရီပေ့ခ်ျနဲ့
သူ့ရောင်းရင်း ဆာဂျီဘရင်းတို့ဟာ လူတော်တော် များများရဲ့
အင်တာနက်အသုံးပြုပုံကို ပြောင်းလဲဆန်းသစ်စေခဲ့ပါတယ်။ ၄င်းတို့နှစ်ဦးဟာ
အမေရိကန်နိုင်ငံ စတန်းဖို့ဒ်တက္ကသိုလ်တွင် ကွန်ပျူတာ သိပံ္ပပီအိပ်ခ်ျဒီ
(Ph.D in Computer
Science) တန်းအတွက် ပြင်ဆင် နေစဉ်၊ ဂူးဂဲလ်ဆာခ်ျအင်ဂျင် (Google Search
Engine) ကို စတင်ခဲ့တာ ဖြစ် ပါတယ်။ အစမူလတွင် ၄င်းတို့နှစ်ဦး ဟာ
စီးပွားရေးအတွက် ရည်ရွယ်ပြီး လုပ်ကိုင်ခဲ့ခြင်း မဟုတ်ပါ။ သူတို့ Ph.D
ဘွဲ့အတွက် သုတေသန လုပ် ဆောင်ကြခြင်းသာ ဖြစ်ပါတယ်။ ဂူးဂဲလ်ဟာ စတန်းဖို့ဒ်
ကျောင်းသား နှစ်ဦးရဲ့ သုတေသန ပရောဂျက်မှနေ ၍ အင်တာနက်တွင် လူအများဆုံး
ကြည့်ရှုကြတဲ့ ၀က်ဘ်ဆိုဒ် (Website) တစ်ခုအဖြစ် လျင်မြန်စွာပြောင်းလဲခဲ့
ပါတယ်။

East Lansing အထက်တန်း ကျောင်းမှ အထက်တန်းအောင်မြင် ခဲ့ပြီးနောက်
လာရီပေ့ခ်ျဟာ အင်ဂျင် နီယာ သိပံ္ပဘွဲ့အတွက် မီချီဂန် တက္ကသိုလ်သို့ ဆက်လက်
တက် ရောက်ခဲ့ပါတယ်။ သူ့ရဲ့ အထူးပြု ဘာသာရပ်ကတော့ ကွန်ပျူတာ အင်ဂျင်နီယာ
ဘာသာရပ်ပင် ဖြစ်ပါ တယ်။ စတန့် ဖို့ဒ်တက္ကသိုလ် (Standford University) မှာ
ပီအိပ် ခ်ျဒီ (Ph.D) တန်း တက်ရောက်နေ စဉ် ဆာဂျီဘရင်းနဲ့ တွေ့ဆုံခဲ့တာ
ဖြစ်ပါတယ်။
ဂူးဂဲလ်၏
အာရုံဦး ပေ့ခ်ျနဲ့ ဘရင်းတို့ဟာ ဆာ့ခ်ျ အင်ဂျင်ကို ခွဲခြမ်းစိတ်ဖြာခြင်း
(Anatomy of a Search Engine) လို့ ခေါ်ဆိုတဲ့ ပရောဂျက်တစ်ခုကို အတူ တကွ
စတင်လုပ်ကိုင်ခဲ့ကြပါတယ်။ ပရောဂျက်အမည်ရဲ့ အပြည့်အစုံက တော့ ”The Anatomy
of a Largescale Hypertextual Web Search Engine” လို့ ခေါ်ဆိုပါတယ်။
သူတို့ရဲ့ အဓိက စိန်ခေါ်မှုကတော့ ၀က် (Web) ကို အဆင်ပြေလွယ်ကူစွာဖြင့်
ဝင်ရောက်ကြည့်ရှုနိုင်ရန်နှင့် အဲဒီ အချိန်တုန်းက ရှိနေသော Search Engine မှ
ထုတ်ပေးသည့် အဖြေ ထက် ပိုမိုတိကျသော အဖြေများကို ထုတ်ပေးနိုင်ရန်တို့ပင်
ဖြစ်ပါတယ်။ ၀က်ဘ် (Web) များ အလွန်လျင် မြန်စွာ တိုးတက်များပြားလာတဲ့ အတွက်
ဝက်ဘ်များကို ကြည့်ရှုရာမှာ ပြဿနာအခက်အခဲများ ပေါ်ပေါက် လာပါတယ်။ ဒါ့ပြင်
နောက်ဆုံး သတင်းများကို သိမ်းဆည်းရာတွင် လည်းကောင်း၊ အချက်အလက် များကို
ထိရောက်စွာဖြင့် သိုလှောင်ရာ တွင်¤င်း၊ သိလိုသမျကို လျင်မြန်စွာ ဖြင့်
ကိုင်တွယ်ဖြေရှင်းရာတွင်¤င်း၊ အခက်အခဲများကို တွေ့လာကြပါ တယ်။
ဂူးဂဲလ်ပရောဂျက်ဟာ ၄င်းတို့ နှစ်ဦး တီထွင်ဖော်ထုတ်ခဲ့တဲ့ ပေ့ခ်ျ ရန်ခ်
နည်းပညာ (PageRank Technology) ပေါ်မှာ အခြေပြုထားတာ ဖြစ်ပါတယ်။
ဂူးဂဲလ်ပေ့ခ်ျရန်ခ် (Google PageRank)
ပေ့ခ်ျရန်ခ်နည်းပညာ
(Page Rank) ဟာ ဘရင်းနှင့် ပေခ်ျတို့၏ Ph.D ပရောဂျက်အတွက် အခြေခံ ပင်မ
ဖြစ်သည့်ပြင်၊ ယနေ့ ဂူးဂဲလ်၏ ရှာဖွေရေး အင်ဂျင်မှာတွင်လည်း အဓိကအချက်ပင်
ဖြစ်ပါတယ်။ ဂူးဂဲလ် ပေ့ခ်ျရန်ခ်(Google Page Rank)
ဆိုတာ ဟာ ၀က်ဘ်ပေ့ခ်ျ (Web Page) တစ်ရွက်စီ၏ အရေးပါ မှုပေါ် မူတည်၍ Webpage
များကို အစဉ်တကျ စီတန်းထားခြင်း ဖြစ်ပါတယ်။ Web Page များ၏ အရေးပါမှု ကို
တွက်ချက်ရာမှာ ချိတ်ဆက်မှု ဆိုင်ရာ တွက်ချက်ခြင်း (a complex Calculation of
Link Structure) နည်းဖြင့် တွက်ချက်ထားခြင်း ဖြစ်ပါ တယ်။ ဂူးဂဲလ်
ဝက်ဘ်ဆိုဒ်မှ ပေ့ခ်ျ ရန်ခ် (PageRank) ကို အောက်ပါ အတိုင်း ဖော်ပြထားပါတယ်။
''ဂူးဂဲလ်သည်
စာရွက် A မှ B သို့ ချိတ်ဆက်မှုတစ်ခု (A Link) ကို စာရွက် B တွက် စာရွက် A ၏
ထောက်ခံမှုတစ်ခုအဖြစ် သတ်မှတ် ထားပါသည်။ သို့သော် ဂူးဂဲလ်သည်
စာရွက်တစ်ရွက်တွင် ပါဝင်နေသော ချိတ်ဆက်မှုများ (သို့) ထောက်ခံမှု
ပမာဏများကိုသာ မကြည့်ပါ။ ထောက်ခံမှုပါဝင်သော စာရွက်၏ အရေးပါမှုကိုလည်း
စီစစ်ပါသည်။ ကိုယ်တိုင်အရေးပါနေသော စာရွက် မှ ဖော်ပြနေသည့်
ချိတ်ဆက်မှု(သို့) ထောက်ခံမှုများသည် ပိုမို အဓိကကျ ပြီး၊ အခြားအရေးပါသော
စာရွက် များကို ၀င်ရောက်ကြည့်ရှုဖို့အတွက် အသုံးဝင်မည် ဖြစ်ပါသည်။''
ဂူးဂဲလ်ရှာဖွေရေးအင်ဂျင်
(Google Search Engine) အလွန် အောင်မြင်သွားသဖြင့် လာရီပေ့ခ်ျ ဟာ သူရဲ့
Ph.D တန်းကို ပြီးဆုံး အောင် မတက်ရောက်ခဲ့ပါ။ ဂူးဂဲလ် ကို ၁၉၉၈ ခုနှစ်မှာ
စတင် တည် ထောင်ခဲ့ပါတယ်။ စတင်သည့် အချိန် မှစပြီး ဂူးဂဲလ်ဟာ လျင်မြန်တဲ့
အရှိန်နှုန်းနဲ့ နှစ်စဉ်ကြီးမား လာခဲ့ပါ တယ်။ ပေ့ခ်ျနှင့် ဘရင်းတို့ဟာ
သူတို့ ကိုယ်ပိုင်ငွေရယ်၊ သူငယ်ချင်းများနဲ့ မိဘတို့ဆီမှ ငွေများရယ်
စုပေါင်းပြီး ဂူးဂဲလ်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ လုပ်ငန်းဟာ သူတို့
လက် လှမ်းမီနိုင်တဲ့ အနေအထားထက် အများကြီး ကျော်လွန်ပြီး လျင်မြန်စွာ
ကြီးထွားလာခဲ့ပါတယ်။ တစ်လကို နှစ်ဆယ် ရာခိုင်နှုန်းဖြင့် လျင်မြန်စွာ
တိုးတက်လာနေမှုကို ကိုင်တွယ် ဆောင်ရွက်နိုင်ရန် ပုဂ္ဂလိက ရင်းနှီး
မြှုပ်နှံမှုများကို စတန်းဖို့ဒ်မှတဆင့် လက်ခံခဲ့ကြပါတယ်။
''ကျွန်တော်တို့ရဲ့
အကြွေး ၀ယ် ကဒ် Credit Card တွေရယ်၊ သူငယ်ချင်းများနဲ့ မိဘတွေရဲ့
အကြွေးဝယ်ကဒ်တွေကိုပါ သုံးခဲ့ကြရ ပါတယ်'' လို့ လာရီပေ့ခ်ျက ဆိုခဲ့ပါ တယ်။
ဂူးဂဲလ်ဟာ အစဦးပိုင်း ကာလများတုန်းက သူရဲ့ ဆာ့ခ်ျ အင်ဂျင်ဝက်ဘ်ပေ့ခ်ျများ
(Search Engine Results) တွင် ကြော်ငြာများ လက်မခံခဲ့ပါ။ ဂူးဂဲလ်ရဲ့
ဝက်ဘ်ပေ့ခ်ျ အဖြေစာရွက် (Search Results) များတွင် ကြော်ငြာများကို
စတင်ခဲ့တဲ့ ၂၀၀၀ ခုနှစ်မှာတော့ ဂူးဂဲလ်ဆာ့ခ်ျ အင်ဂျင်ဟာ (Google Search
Engine) ဟာ အလွန်အောင်မြင် ထင်ရှားခဲ့ပါတယ်။ ၂၀၀၄ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့
တွင် ဂူးဂဲလ်ဟာ အများပိုင် ကုမ္ပဏီ တစ်ခုဖြစ်လာခဲ့ပြီး၊ NASDAQ
စတော့ခ်အိပ်ချိန်းတွင် GooG အဖြစ် စာရင်းဝင်ခဲ့ပါတယ်။
လာရီပေ့ခ်ျဟာ၂၀၀၁ ခုနှစ်မှာ ထုတ်ကုန်ဥက္ကဋ္ဌ (President of Product)
ဖြစ်လာပါတယ်။ ၂၀၀၁ ခုနှစ် မတိုင်မီအထိ ကုမ္ပဏီကို ပေ့ခ်ျနဲ့
ဘရင်းတို့နှစ်ဦးတည်း ဦးဆောင်ခဲ့ ကြပါ တယ်။ ၂၀၀၁ ခုနှစ်နောက်ပိုင်း
ဝန်ထမ်းအင်အား၂၀၀ ရောက်လာတဲ့ အခါမှာ ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိ ချုပ် (CEO)
ရာထူးကို Dr. Eric Schmidt ဆီသို့ လွှဲပြောင်းပေးခဲ့ပါ တယ်။ လာရီပေ့ခ်ျဟာ
အဲရစ်နှင့် ဘရင်းတို့နှင့် အတူလက်တွဲပြီး အရေးပါတဲ့ နေရာမှနေ၍ ဂူးဂဲလ်ကို
ဦးဆောင်နေ ပါတယ်။
ဖို့ဒ်စီးပွားရေးမဂ္ဂဇင်း၏
အဆို အရ ၂၀၀၅ ခုနှစ်တွင် လာရီပေ့ခ်ျ၏ ပိုင်ဆိုင်မှုဓနမှာ ဒေါ်လာ (၇.၂)
ဘီလီယံ ရှိပါတယ်။ ၄င်းမဂ္ဂဇင်း ဖော်ပြချက်အရ လာရီပေ့ခ်ျဟာ ကမ္ဘာ့အချမ်းသာဆုံး
ပုဂ္ဂိုလ်များ အနက် အဆင့် ၅၅ နေရာတွင် ရှိသော အသက် (၃၂)နှစ်အရွယ်ရှိ
လူငယ်သူဌေးကလေး တစ်ဦးပင် ဖြစ်ပါတယ်။

ဘရင်းဟာ
မာရီလင်းတက္က သိုလ် (University of Maryland) မှ သင်္ချာနှင့် ကွန်ပျူတာ
သိပံ္ပဘွဲ့ကို ရရှိပြီးနောက် စတန်ဖို့ဒ်တက္ကသိုလ်သို့
ဆက်လက်တက်ရောက်ခဲ့ပါတယ်။ ဘရင်းတစ်ယောက် စတန့်ဖို့ဒ်မှာ
ကွန်ပျူတာသိပံ္ပဒေါက်တာဘွဲ့အတွက် တက်ရောက်နေစဉ် သူလို့ပင် ကွန်ပျူ
တာသိပံ္ပဒေါက်တာဘွဲ့ကို တက် ရောက်နေသော လာရီပေ့ခ်ျနဲ့ တွေ့ ဆုံခဲ့တာ
ဖြစ်ပါတယ်။
စတန်းဖို့ဒ်တက္ကသိုလ်တွင်
သုတေသနပရောဂျတ်ကို ပြုလုပ်နေ စဉ် ဘရင်းနဲ့ ပေ့ခ်ျတို့နှစ်ဦးဟာ
အင်တာနက်ဝက်ဆိုဒ်များကို ကြည့်ရှု ရှာဖွေနေကြသော သူများအတွက်
အကောင်းဆုံးအဖြေကို ထုတ်ပေး နိုင်သော ရှာဖွေရေးအင်ဂျင် (Search Engine) ကို
တီထွင်ခဲ့ကြတာ ဖြစ်ပါ တယ်။ သူတို့နှစ်ဦးဟာ ၄င်းတို့ တီထွင်လိုက်တဲ့
ရှာဖွေရေးအင်ဂျင် ကို ဂူးဂဲလ် (Google) လို့ ခေါ်ဆိုခဲ့ကြ ပါတယ်။ ၀က်ဘ်
(Web) ပေါ်ရှိ ရရှိနိုင် သော သတင်းအချက်အလက် အမြောက်အများကို စုစည်းဖော်ပြန်
ရန်ဟူသော သူတို့၏ ရည်ရွယ်ချက် ကို ဖော်ပြဖို့ အတွက် '၁' နောက်တွင်
သုညအလုံး '၁၀၀' ရှိနေသော ဂူးဂိုလ် (Googol) ဟူသည့် သင်္ချာ အခေါ် အဝေါ်မှ
ဂူးဂဲလ်ဟူသော အမည်နာမ ကို ပေ့ခ်ျနဲ့ ဘရင်းတို့ သုံးစွဲလိုက်ခြင်း ပင်
ဖြစ်ပါတယ်။
မိသားစု၊
သူငယ်ချင်းများနှင့် အခြားရင်းနှီးမြှုပ်နှံသူများထံမှ ဒေါ်လာတစ်သန်းကို
စုဆောင်းရရှိပြီး နောက် ဘရင်းနှင့် ပေခ်ျတို့နှစ်ဦး ၁၉၉၈ ခုနှစ်မှာ
ဂူးဂဲလ်ကို စတင် တည်ထောင်ခဲ့ပါတယ်။ ထိုအချိန်မှ စတင်ပြီး ဂူးဂဲလ်ဟာ
ကမ္ဘာ့အကျော် ကြားဆုံး ရှာဖွေရေးအင်ဂျင် (Search Engine) ဖြစ်လာပြီး
တစ်နေ့ကို ဂူးဂဲလ်သို့ ၀င်ရောက်ကြည့်ရှုသူပေါင်း သန်း (၂၀၀) ကျော်ရှိကာ
ဘရင်းနှင့် ပေ့ခ်ျတို့လည်း ဘီလီယံနာ သူဌေး များ ဖြစ်လာကြပါတယ်။ ဘရင်းဟာ
ကုမ္ပဏီ၏ နေ့စဉ်လုပ်ငန်းဆောင်တာ များကို လာရီပေ့ခ်ျ စီအီးအို အဲရစ်ရှ
မဒ်တို့နှင့်အတူ လက်တွဲဆောင်ရွက် လျက် ရှိနေပါတယ်။
ဂူးဂဲလ်
မပေါ်ခင်တုန်းက ဆိုရင် ၀က် (Web) ပေါ်တွင် သတင်း အချက် အလက်
ရှာဖွေကြည့်ရှုရခြင်း မှာ အမှောင်ထဲကို ကျောက်ခဲတစ်လုံး ပစ်ရသကဲ့သို့ပင်
ဖြစ်နေပါတယ်။ ဘရင်းနဲ့ ပေ့ခ်ျတို့နှစ်ဦးဟာ သက်ဆိုင် ရာ ကဏ္ဍပေါ် အခြေခံပြီး
ရှာဖွေပေး သော အဖြေ (Results) များကို မြန်ဆန်စွာ ထုတ်ပေးနိုင်ရန်
ဝက်ပေ့ခ်ျ (Web Page) များ အကြား ဆက်နွယ် မှုများကို ခွဲခြမ်း
စီစစ်စိတ်ဖြာခဲ့ပြီး၊ ဂူးဂဲလ်ရှာဖွေရေး အင်ဂျင်(Search Engine) ကို
ဖော်ထုတ်ခဲ့ပါတယ်။
မောနင်းစတား
No comments:
Post a Comment