Software တစ်ခုကိုစတင်လေ့လာခြင်း
Software
တစ်ခုကိုဖန်တီးမယ်ဆိုရင် အသုံးပြုနိုင် မယ့် Programming Language တွေ
အများကြီး ရှိပါ တယ်။ ကိုယ်ဖန်တီးမယ့် Software ပေါ်မှာ မူတည်ပြီး Language
တွေကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ Language တစ်ခုကို ကျွမ်းကျင်စွာ
တတ်မြောက်သွားရင် ကျန်တဲ့ Language တွေကို လေ့လာဖို့အတွက် မခဲယဉ်းတော့
ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Language တိုင်းအတွက် Concept ကတော့
အတူတူပါပဲ။ ရေးပုံရေးနည်းပဲ ကွဲ သွားတာပါ။ အခြေခံကနေ စပြီး
လေ့လာဖို့အတွက်ဆိုရင် C++ ဆိုတဲ့ Object-oriented Language က အဆင်ပြေဆုံး
ဖြစ်ပါလိမ့်မယ်လို့ ထင်ပါတယ်။
အခုကမ္ဘာမှာ
အသုံးများ နေတဲ့ Programming Language တွေဖြစ်တဲ့Java, C#, VB.net
တွေဟာလည်း Object-oriented Language တွေ ဖြစ်တဲ့အတွက် C++ ကို
ကျွမ်းကျင်စွာ တတ်မြောက် ထားလျင် ထပ်မံလေ့လာဖို့အတွက် အဆင်ပြေချောမွေ့
ပါလိမ့်မယ်။ C++ Programming Language ကို အသုံးပြုပြီးတော့ Program
တစ်ခုရေးမယ်ဆိုလျင် စာဖတ်သူ၏ ကွန်ပျူတာ မှာTerbo C++ 45 ဆော့ဖ်ဝဲကို
အရင်ဆုံး Install လုပ်ဖို့ လိုပါတယ်။ Install လုပ်ပြီးရင် ဥပမာအနေနဲ့
အောက်မှာ ရေးထားတဲ့အတိုင်း Program တစ်ခု ရေးကြည့်ပါ။
#include<iostream>
int main () {
cout<<”Hello World”;
return 0;
}
ဒီ Program လေးက C++ Programming Language ကိုသုံးပြီး ရေးထားတာ ဖြစ်ပါတယ်။
output
Program
လေးကို run လိုက်ရင် Hello World! ဆိုပြီး Screen ပေါ်မှာ ပေါ်လာပါတယ်။
အဲ့ဒီလိုမျိုး Screen ပေါ်မှာ ပေါ်လာတာကို output ထွက်လာတယ် လို့ ခေါ်ပါတယ်။
#include<iostream>
အဲ့ဒီလို input/output တွေ လုပ်နိုင်ဖို့အတွက် #include ဆိုတဲ့ header file လေးကို declare အရင်ဆုံး လုပ်ပေးရပါ့မယ်။
cout
အဲ့ဒီ header file လေး declare လုပ်ပေးမှသာလျှင် cout ဆိုတဲ့ identifier လေးကို compiler က သိပြီး output ထုတ်ပေးမှာ ဖြစ်ပါတယ်။
int main ()
Main
ဆိုတာ function name ပါ။ function name ဖြစ်တဲ့အတွက် main ရဲ့နောက်မှာ
လက်သည်းကွင်းလေး ပါရပါမယ်။ main ရဲ့ရှေ့က int ဆိုတာ function return cype
ကို ပြောတာပါ။ int main () ဆိုတာ main function မှာ int အမျိုးအစား return
value ရှိတယ်လို့ ဆိုလို ပါတယ်။
{}
Function
ရဲ့ body ကို {} လေးနဲ့ ၀န်းရံထားပါ တယ်။ ကိုယ်ရေးချင်တဲ့ statement
တွေကို function ရဲ့ body ဖြစ်တဲ့ {} ထဲမှာပဲ ရေးရပါမယ်။ အခုဖော်ပြထား တဲ့
program မှာ statement နှစ်ခု ပါပါတယ်။
Cout<<”Hello World”;
ပထမဆုံး statement ဖြစ်တဲ့ cout << “Hello World !”; က quote ထဲရှိတဲ့ စာကို ထုတ်ပြဖို့ computer ကို ပြောပါတယ်။ statement ရဲ့နောက်ဆုံးမှာပါတဲ့ semicolon (;) လေးက statement တစ်ခု ပြီးဆုံးကြောင်း ကို ပြောတာပါ။
Return 0;
နောက်ဆုံး
statement ဖြစ်တဲ့ return 0; က main () မှ သူ့ကိုခေါ်တဲ့ operating system
သို့မဟုတ် compiler ကို value 0 return ပြန်ပေးမှာ ဖြစ်ပါတယ်။
ရေးပြီးရင်File
ကို save လုပ်ဖို့ အတွက် ကြိုက်တဲ့ name ကို ပေးပြီး .cpp နဲ့ save
လုပ်ပါ။ ဥပမာ Hello.cpp ဒီလို file ကို save လုပ်ပြီးရင် Run ကြည့်လို့
ရပါပြီ။ Short Cut အနေနဲ့ Ctrl + F9 နဲ့လည်း Run လို့ရပါတယ်။ compile
လုပ်မယ်ဆိုရင်တော့ Alt + F9 ကို တွဲနှိပ်လိုက်ပါ။
KZ
No comments:
Post a Comment