CD နှင့် DVD ကို လေ့လာကြည့်ခြင်း
CD ကို လေ့လာရာဝယ်
CD ဆိုတာ အခုနောက်ပိုင်း ကွန်ပျူတာ ကိုင်တွယ် အသုံးပြုသူ များနှင့် မစိမ်းလှသော ပစ္စည်းတစ်ခု ဖြစ်နေပေသည်။ CD သည် အခြား သော သိမ်းဆည်းရန် လိုအပ်သော အခြား Data မျိုးစုံကိုလည်း သိမ်းဆည်းထားနိုင်သည်။ CD တွင် အမျိုးအစား ပုံကွဲပြားခြားနားပေသေး သည်။ CD Room, CD-R-CD-RW စသဖြင့် ကွဲပြားသည်။ CD-Rom (Compact Disc Read only memory) ဆိုသည့်အတိုင်း CD Rom များသည် CD ချပ်ကို ကြိမ်ဖန်များစွာ ဖတ်နိုင်သော်လည်း ပျက်ပြီးအသစ် ပြန်ရေး၍မရပေ။ CD Rom များ သည် မျက်နှာပြင် တစ်ဖက်တည်း ဖတ်၍ရပြီး၊ ကက်ဆက် Tape၊ ဗီဒီယို Tape များကဲ့သို့ နှစ်ဖက် ဖတ်၍၊ သိမ်း၍မရပေ။ CD Rom များကို Plastic ဖြင့် ပြုလုပ်ထားပြီး အရောင် ပြန် Metallic Coat ပြုလုပ်ထားသည်။ CD-Rom Drive များသည် CD Rom ပေါ်မှ အချက်အလက်များကို Laser မှန် အသုံးပြုပြီး ဖတ်ကြသည်။ Laser အလင်းတန်းမှ အလင်းပြန်မှုဖြင့် ရလာသော Pattern များကို CD-Rom Binary 1 နှင့် 0 အဖြစ် ပြောင်းလဲ ပေးနိုင်သည်။ ထိုမှတဆင့် Data အဖြစ်သို့ ပြောင်းလဲလာပေသည်။ CD-Rom တစ်ချပ်တွင် Data အချက် အလက်ပေါင်း 650 MB သိမ်းနိုင်ပေ သည်။ ယခုနောက်ပိုင်း CD Rom များ တွင် 750 မှ 850MB လောက်အထိ သိမ်းနိုင်နေပြီ ဖြစ်သည်။ ကနဦး CD-Rom များပေါ်စက Music CD အဖြစ် နှင့် စခဲ့ပြီး၊ CD ထဲမှ Music file သိမ်း သော Format ကို CD-Digital Audio (CD-DA) ဟု ခေါ်သည်။
CD-Rom Speeds
CD-Rom Drive များသည် မူလ CD-Audio Format မှ Copy ကူးခြင်း အလုပ်များဆောင်ရွက်သော အခါ တစ်စက္ကန့် လျှင် 150 Kilobyte နှုန်းဖြင့် အလုပ်လုပ်ကြသည်။ ယင်း ကို 150 KB/sec ဟုမပြောဘဲ 1x1 ဟု အလွယ်သတ်မှတ်ကြ သည်။ ထိုမှသည် ယနေ့ 52X ကို ရောက် ရှိလာပြီ ဖြစ်သည်။ 52X ကို 150KB ဖြင့် မြှောက်ကာ တစ်စက္ကန့်လျှင် 7800 Kilobyte နှုန်းဖြင့် အလုပ် လုပ်သည်။
CD Rom Speeds အလုပ် လုပ်ပုံများကို အောက်ပါဇယားကို လေ့လာကြည့်နိုင်သည်။
1x 150 KBps
2x 300 KBps
3x 450 KBps
4x 600 KBps
6x 900 KBps
8x 1200 KBps
10x 1500 KBps
12x 1800 KBps
16x 2100 KBps
24x 360 KBps
32x 4800 KBps
36x 540 KBps
40x 6000 KBps
48x 7200 KBps
52x 7800 KBps
CD-R
၁၉၉၀ နှစ်လယ်ပိုင်းလောက် တွင် CD Copy လုပ်နိုင်သော Recordable CD (CD-R) များ ပေါ်ပေါက် လာသည်။ CD-R နှင့် အတူ CD-R အတွင်းသို့ အချက်အလက်များ သိမ်း ဆည်းနိုင်သော CD-R Drive များလည်း ပေါ်ပေါက်လာခဲ့သည်။ CD-R Drive များကို CD Burner သို့ မဟုတ် CD Writer ဟုလည်း ခေါ် ဝေါ်ကြသည်။ CD-R Drive များသည် CD-R ထဲမှ အချက်အလက်များကို သိမ်းဆည်းပေးနိုင်သလို ပုံမှန် CD-Rom များကိုလည်း Read လုပ်နိုင် သည်။
CD-R များသည် ပုံမှန် CD-Rom များနှင့် သဏ္ဍာန်တူသည်။ သို့သော် ပုံမှန် CD-Rom များထက် Recording Side ဘက်၌ ပို၍ ပြောင် လက်နေသည်။ ၄င်းတွင် အထူးပြု လုပ်ထားသော organic ထည့်သွင်း ထားသောကြောင့်ဖြစ်သည်။ CD-R ကို Burn လုပ်မည့် CD-writer များမှာ Read လုပ်သော laser အပြင် Burn နိုင်သော Laser လည်း ရှိသည်။ ယင်း Laser သည် Read Laser ထက် ဆယ်ဆ ပိုပြင်းပေသည်။ Burn လုပ် မည့် laser မှာ CD-R ပေါ်ရှိ ထိုဆေးကို အပူပေးပြီး ပုံမှန် CD-Rom ကဲ့သို့ ဖြစ် အောင် အလင်းပြန်မျက်နှာပြင် ဖြစ် အောင် ပြုလုပ်လိုက်ခြင်း ဖြစ်သည်။

CDR Drive (CD Writer) များ တွင် Record Speed နှင့် Read Speed ဆိုသော Speed နှစ်မျိုးရှိ သည်။ ၄င်းတို့သည် အထက်တွင် ဆိုခဲ့သလို 1x ကို 150 KBPS ဖြင့် မြောက်ပေးရသည်။ ဥပမာ CD Writer 8x24x ဟု ဖော်ပြထားပါက 8x သည် writer speed တစ်နည်း ဆိုသော် Burn Speed ဖြစ်ပြီး 24x မှာ Read Speed ဖြစ်သည်။
ယခုကဲ့သို့ CD R ထဲသို့ data များ သိမ်းဆည်းခြင်း (Burn လုပ် ခြင်း) ကို လုပ်ဆောင်ရာတွင် ကွန်ပျူ တာ၏ OS တွင် Burning Software Install လုပ်ထားရမည်ဖြစ်သည်။ ယင်း Software ဖြင့် CD-R များကို Burn ရမည်ဖြစ်သည်။ CD-Burn Software များတွင် Aheed မှ ထုတ် လုပ်သော Nero Express CD-Burning Software မှာ ရေပန်းစားဆုံး ဖြစ်ပြီး Windows မှ တဆင့်လည်း CD-Burn ခြင်းများ ပြုလုပ်နိုင် သေးသည်။
CD-RW

DVD
၁၉၉၅ ခုနှစ်အတွင်း ပေါ် ထွက်လာသော အစပထမပိုင်း Digital Video Disc (DVD) သည် ဖျော်ဖြေရေးကဏ္ဍများမှာ သာမက အချက်အလက် သိမ်း ဆည်းသောနေရာများမှာပါ သုံးစွဲ လာခဲ့သောကြောင့် Digital Versatite Disc ဆိုပြီး ပြောင်းလဲခေါ်ဝေါ်လာ ကြသည်။ DVD များသည် ရုတ်တ ရက်ကြည့်ပါက CD-Disc များအတိုင်း ဖြစ်သော်လည်း ကွာခြားချက်များစွာ ရှိပေသည်။ ဦးဆုံး DVD နှင့် CD ကွာ ခြားချက်မှာ အချက်အလက်များ သိမ်းဆည်းပေးနိုင်သည့် စွမ်းအား Data Storage Capacity ဖြစ်သည်။
CD-Disc များသည် အလွန် ဆုံး ၈၀ မိနစ်စာ 750 MB သာ သိမ်း နိုင်စွမ်းရှိပြီး DVD များမှာ နှစ်နာရီစာ 4.37G မှ အချက်အလက်များ သိမ်း ဆည်းနိုင်သည်။ Capactiy မြင့်သော DVD များတွင် 16 GB အထိ သိမ်းနိုင် သည်။ DVD တွင် Single Sided (SS) နှင့် Dual Sided (DS) ဟူသော Format နှစ်မျိုးဖြင့်လာသည်။ DS သည် မျက်နှာပြင်နှစ်ဖက် ဟိုဖက်ဒီဖက် လှည့်ပြီး Data ဖတ်နိုင်သောကြောင့် DS သည် SS ထက် Data နှစ်ဆ သိမ်းနိုင်သည်။ DVD များတွင် မျက်နှာ ပြင် နှစ်ဖက်အထိ အသုံးပြုနိုင်ရုံမျှ မက၊ မျက်နျာပြင်တစ်ဖက် Layer တစ်ခု (Single Layer-SL) နှင့် မျက်နှာပြင်တစ်ဖက်မှာတင် Layer နှစ်ထပ် (Dual layer -DL) Format ဆိုပြီး ရှိသေးသည်။ အသေးစိတ် လေ့လာနိုင်ရန် အောက်ပါဇယားကို ကြည့်ရှုနိုင်သည်။
DVD Version
1. DVD 5 (12 cm, SS, SL)
4.37 GB နှစ်နာရီစာ
ဗီဒီယိုကား
2. DVD 9 (12 cm, SS, DL)
7.95GB လေးနာရီစာ
ဗီဒီယိုကား
3. DVD 10 (12 cm,DS, SL)
8.74GB လေးနာရီခွဲစာ
ဗီဒီယိုကား
4. DVD 18 (12 cm, DS/SL)
15.90 GB ရှစ်နာရီစာ
ဗီဒီယိုကား
Recortable DVD အနေဖြင့် အားလုံးပေါင်း ခြောက်မျိုးရှိသည်။ ၄င်းတို့မှာ DVD-R For general use, DVD-R for autnoring, DVD-RW, DVD+R, DVD+RW and DVD-RAM တို့ ဖြစ်ကြသည်။ ၄င်းတို့ထဲမှ DVD-R နှင့် DVD+R များသည် ရှေ့မှာ ပြောခဲ့သော CD-R နှင့် အလား သဏ္ဍာန်တူသည်။ ကျန်သော် DVD- RW, DVD+RW နှင့် DVD-RAM များ သည်။ CD RW နှင့် အလားတူ ပေသည်။
No comments:
Post a Comment