HTML မိတ်ဆက် Link & Frame အကြောင်း
Link And Frame
HTML
ရဲ့ နောက်ဆုံး ဆောင်းပါးပါ။ အဲဒါက ဘာလဲဆိုရင်တော့ Link And Frame ပါ။
Frame တစ်ခုက Link က နှိပ်လိုက်ရင် နောက် frame တစ်ခုက ပြောင်း သွားဖို့ပါ။
ကျွန်တော် အကုန်လုံးကို အခြေခံလောက်ပဲ ပြောနိုင်မှာပါ။ Web ပိုင်းမှာ
လေ့လာစရာတွေ အများ ကြီးပါ။ HTML ဆိုတာ လုံးဝစ,ကာစ အခြေခံအဆင့် လေးပါ။
ကျွန်တော်အရင်လက
ပြောခဲ့ပါတယ်။ ဘယ် ဘက်က Link ကို နှိပ်လိုက်ရင် ညာဘက်မှာ သက်ဆိုင်ရာ Page
ကို ပြောင်းသွားမယ်ဆိုပြီးတော့။ အခုအဲလိုမျိုး ဘယ် ဘက်က frame ကနေ
နှိပ်လိုက်ရင် ညာဘက်က frame မှာ သက်ဆိုင်ရာ Page ပြောင်းသွား
အောင်လုပ်ပါမယ်။ ပထမဆုံး frame ၂ ခုအတွက် index.html ကိုစရေးပါ့မယ်။
<html>
<head>
<title>Menu</title>
</head>
<frameset cols=”100,*”>
<frame src=”menu.html” id=”menu”>
<frame src=”home.html” name=”main”>
</frameset>
<noframes></noframes>
</html>
အဲမှာ..
name=”main” လို့ပေးခဲ့တာကို တွေ့မှာ ပါ။ အဲလိုမျိုးနာမည်ထည့်ခဲ့မှ menu
ကနေ အဲဒီ frame မှာ သွားပေါ်ဆိုပြီးပြောလို့ရမှာ။ ကဲ.. အခု menu.html
မှာရေးထားတာကို ကြည့်လိုက်ရအောင် ...
<html>
<head>
<title>Menu</title>
</head>
<body>
<a href=”home.html” target=”main”> Home </a><br>
<a href=”download.html” target=”main”> Download</a><br>
<a href=”link.html” target=”main”>Link</a><br>
</body>
</html>
အဲမှာ
link တွေအကုန်လုံးမှာ target ဆိုတာလေး ပါတာကို တွေ့ရပါလိမ့်မယ်။
ကျွန်တော်တို့ index.html မှာ name = ”main” ဆိုတဲ့ frame မှာ
သွားပေါ်မယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ download ဆိုတာကို နှိပ်လိုက်ရင် ညာ ဘက်က
frame မှာ download.html ဆိုတဲ့ page လေးပေါ် သွားပါမယ်။ Home
ကိုနှိပ်လိုက်လည်း home.html ဟာ ညာဘက်က frame မှာပဲ သွားပေါ်ပါမယ်။
အဲဒီလောက်ဆိုရင် နားလည် သိရှိပြီလို့ ထင်ပါ တယ်။
အခုဆက်ပြီး နည်းနည်းအပိုလေး ထည့်ပြောပြ ရစေ။
menu.html
page ထဲမှာပဲ home.html လေးကို လှမ်းပြီး ခေါ်ပြတဲ့နည်းပါ။ အဲဒါလေးကတော့
အသုံးဝင်ပါ တယ်။ Home Page မှာ news တွေကို ဖော်ပြတဲ့အခါမှာ
အသုံးဝင်လှပါတယ်။
<html>
<head>
<title>Menu</title>
</head>
<body>
<iframe src=”home.html” width=”500" height=”200"></iframe>
</body>
</html>
code
လေးက ရှင်းပါတယ်။ <iframe> ပါ။ src ကတော့ ဘယ် page ကို
ချိတ်မလဲဆိုတာပါ။ width နဲ့ height ကတော့ ကိုယ်ဖော်ပြချင်သလောက်ပေါ့။
အခုဆို ရင်တော့ ကျွန်တော်တို့တွေ HTML အခြေခံလေးကို လေ့ လာလို့
ပြီးသွားပါပြီ။ ဒီစာအုပ်ကို ဖတ်ပြီးရင်တော့ ဘာ code က ဘာကိုပြောတာလဲဆိုတာပဲ
သိနိုင်မှာပါ။ ဘာလို ချင်ရင် ဘယ်လိုလုပ်ရမလဲ ဆိုတာတော့ မိမိရဲ့ လေ့လာမှု
စွမ်းအားပေါ် မူတည်ပါတယ်။ စာအုပ်ဖတ်ရုံနဲ့ မရပါဘူး။ လိုက်တွေးပါ။
စမ်းကြည့်ပါ။ ဒါမှ တိုးတက်မှုကို ရမှာပါ။ မျက်စိနဲ့ကြည့်ရုံနဲ့တော့
တိုးတက်မှုရှိမှာ မဟုတ်ပါဘူး။ ဒီစာအုပ် ဖတ်ပြီးရင်တော့ “အော် ... ဒီ code က
ဒါ အတွက် ရေးထားတာ”
အဲလောက်ပဲ
စွမ်းဆောင် ပေးနိုင်မှာပါ။ ငါဒီလို ဆွဲချင်တယ်။ ဒါကြောင့် ဒါကို သုံးရမယ်
ဆိုတာကတော့ မိမိရဲ့ အာရုံကွန့်မြူးမှုနဲ့ ဒီစာအုပ်ကို ပေါင်းပြီး အသုံးချရ
ရင် ရနိုင်မှာပါ။
ကျွန်တော်တို့တွေ
ဘာတွေ ဆက်ပြီးလေ့လာဖို့လို သေးလဲဆိုတော့ အများကြီးပါ။ HTML ကို ဒီစာအုပ်
အဆင့်လောက်သိသွားပြီဆိုရင်တော့ CSS ကိုဆက်ပြီး လေ့လာဖို့လိုပါတယ်။
အဲဒီနှစ်ခုတတ်ပြီးရင်တော့ နည်း နည်းလေး ရေးဆွဲရတာ လွယ်သွားအောင်
Dreamweaver သုံးပြီးဆွဲစေချင်ပါတယ်။ ပြီးရင်တော့ Javascript ပေါ့။
အဲဒီဟာတွေ ပြီးသွားရင် photoshop နဲ့ Flash
နည်းနည်း သုံးတတ်ဖို့လိုပါတယ်။ Webdesigner တစ်ယောက်အနေ နဲ့
လေ့လာဖို့ပြောတာပါ။ web developer အနေနဲ့လည်း CSS, Javascript, Phtoshop,
Flash တို့ကို အနည်းအကျဉ်း လေး သိရှိနားလည်ထားဖို့ လိုပါတယ်။ ပြီးရင် web
programming တွေ လေ့လာရမှာပါ။ .NET သမားတွေ ဆိုရင်တော့ ASP.NET ပေါ့။ Java
သမားဆိုရင်တော့ JSP ရှိပါတယ်။ အခြားလွယ်ကူစွာ လေ့လာချင်ရင်တော့ php က
အလွယ်ဆုံးပါ။ နောက်ဆုံး technology တွေနဲ့ ကောင်း ကောင်းရေးလို့ရတဲ့ Ruby
On Rails နဲ့ python တို့ကိုလည်း လေ့လာနိုင်ပါသေးတယ်။ အများကြီး
လေ့လာဖို့တွေ ရှိပါ တယ်။ ဦးစွာတော့ HTML ကို သေသေချာချာ တတ်ကျွမ်း ထားဖို့
လိုပါတယ်။
No comments:
Post a Comment