HARDDISK ကိုခွဲခြမ်းစိတ်ဖြာ ကြည့်ခြင်း

Harddisk သည် ကွန်ပျူတာ၏ data များကို အဓိက သိုလှောင်ပေးသော ပစ္စည်းဟု လူအများက အလွယ်သိ ထားကြပြီး
Harddisk များ မည်ကဲ့သို့ လုပ်ဆောင်သည်နှင့် Harddisk များ၏
နည်းပညာပိုင်းဆိုင်ရာ အချက်အလက် တို့၏ အကြောင်းကို Knowledge Bridge
Magazine စာဖတ်သူများ လေ့လာနိုင်ရန် တင်ပြလိုက်ပါသည်။
Hard Drive ဆိုသည်မှာ
Hard Disk Drive သည်
Non Volatile Disk Drive တစ်ခုဖြစ်သည်။ ၄င်းတဲရှိ အကြောင်းအရာများကို
အသုံး ပြုသူ User က မဖျက်သရွေ့တည်ရှိနေတတ်သည်။ Hard Disk ကို Non Volatile
Storage Device အုပ်စုထံမှ Primary Storage Device ဟုလည်းခေါ်သည်။ HardDisk
သည် ၄င်းထံရောက်ရှိလာသော Data များကို Digitally Encoted လုပ်ပြီး Magnetic
Coded လုပ်ထားသော သံ လိုက်ရည် Platters များပေါ်၌ သိမ်းဆည်းထားခြင်း
ဖြစ်သည်။
Hard Disk ကို အဓိကအားဖြင့် အပိုင်း ၉ ပိုင်း ခွဲခြား ကြည့်နိုင်သည်။
(၁) Disk Platters
(၂) Head Arm
(၃) Chassis
(၄) Head Aetuator တို့ ဖြစ်ကြသည်။
Platter Technology ကို
လေ့လာခြင်း
Hard
Drive များ၏ Platter များသည် Magnetic Code ဖြင့်
ပြုလုပ်ထားသည်ဆိုသော်လည်း Maganetic အစစ်မဟုတ်ပဲ Non Magnetic Material
များဖြစ်သော Glass (သို့) Aluminium တို့ဖြင့် ပြုလုပ်ကာ မျက်နှာပြင်
များကို Maganetic Material (သံလိုက်ရည်) များကို ပါးလွာ စွာ
လိမ်းသုတ်ထားခြင်းဖြစ်သည်။ ယခင် Hard Drive များသည် Irons Oxide ကို ၄င်း Magnetic Meterial အဖြစ်သုံးကာ၊ ယခု Hard Disk များတွင်မူ Alloy ကို အခြေခံထားသော Eo balt ဟုခေါ်တွင်သော Material ကို အသုံးပြုကြသည်။
Hard Crashes ဘာကြောင့်ဖြစ်ရသလဲ
Hard
Crashes ဖြစ်ရခြင်း၏ အဓိကအကြောင်းမှာ Disk Platter များပေါ်မှ Thin
Magnetci Film ကို ပွတ်တိုက် မိရမှ Head Crashes ဖြစ်သွားတတ်သည်။ Head
Crashes ဖြစ်ခြင်းမှ Head သည် Platter မျက်နှာပြင်ပေါ်မှ တရွတ် တိုက်ပွတ်ဆွဲခြင်းကြောင့် Hard Disk Filure များ ဖြစ်သွား တတ်သည်။
Heard Crashes ဖြစ်ရသော အကြောင်းများကို ဆန်းစစ်ကြည့်ပါက -
(၁) Electronic ပိုင်းတွင် Failure ဖြစ်ခြင်း
(၂) လျှပ်စစ်ဓာတ်အား မတည်ငြိမ်ခြင်းနှင့် ရုတ် တရက် ပြတ်တောက်ခြင်း
(၃) ရုပ်ပိုင်းဆိုင်ရာအရ Shock ဖြစ်သွားခြင်း
(၄) သက်တမ်းကြာလာသည်နှင့်အမျှ တိုက်စား လာခြင်း
(၅) ထုတ်လုပ်သူ အရည်အသွေး ကျဆင်းခြင်းတို့ ကြောင့် ဖြစ်သည်။
Hard Disk အမျိုးအစားများ

Hard Disk ပျက်ရခြင်းကို
သရုပ်ခွဲလေ့လာခြင်း
Hard
Disk တစ်ခု ပျက်စီးသွားခဲ့ပါက ယင်း Hard Disk ၏ ပိုင်ရှင်အနေဖြင့် သူ၏
အရေးကြီးပါသော Data များကို တစ်ပါတည်း ဆုံးရှုံးသွားနိုင်သည်။ ဤကဲ့သို့ Hard
Disk ပျက်စီးခြင်း၏ အကြောင်းတရားကို လေ့လာကြည့်ပါ က
အောက်ပါအချက်(၄)ချက်ထဲတွင် ပါဝင်နေသည်ကို တွေ့ရသည်။
(၁) Firmware ပျက်စီးခြင်း
(၂) Electronic ပိုင်း ပျက်ခြင်း
(၃) Mechnical ပိုင်း ပျက်ခြင်း
(၄) loginal ပိုင်း ပျက်ခြင်းစသည်တို့ဖြစ်သည်။
Firmware ပျက်စီးခြင်း
Firmware
သည် ကွန်ပျူတာမှ HardDisk သို့ ဆက် သွယ်သောနေရာတွင် မှန်ကန်သော
ဆက်သွယ်မှုများ ပြုလုပ်ရန်လိုအပ်သော Information များကို ထိန်းသိမ်း
ထားသောနေရာဖြစ်သည်။ ထို့ကြောင့် မည်သည့်အကြောင်းနှင့် Firmware ပျက်ပျက်၊ ကွန်ပျူတာမှ Hard Disk သို့ ဆက်သွယ်ရာတွင် မှန်ကန်စွာ ဆက်သွယ်နိုင် တော့မည်မဟုတ်ချေ။

Electronic ပျက်စီးခြင်း
Hard
Disk ၏ Electronic ပိုင်းသည် ၄င်း၏ အောက်ဘက်၌ရှိသော Circuit Board
ဖြစ်သည်။ Hard Disk အတွင်း၌ Electronic ပိုင်း ပျက်သည်ဆိုသည်မှာ ယင်း
Circuit Board ကို ထိခိုက်သွားသောကြောင့် ဖြစ် သည်။ ထိုကဲ့သို့
ဖြစ်ရခြင်းမှာ Power ကြောင့်ဖြစ်ပြီး Voltage မတည်ငြိမ်သောအခါမျိုးများတွင်
Electrical နှင့် ပတ်သက်ပြီး ဖြစ်တတ်ပေသည်။
Mechnical ပိုင်း ပျက်ခြင်း
Hard Disk တစ်ခုတွင် Mechnical ပိုင်းပျက်ပါက ၄င်းအတွင်းရှိ Data များကို ပြန်ရရှိရန် မလွယ်ကူနိုင်ပေ။ Mechnical
ပိုင်းပျက်ခြင်းသည် ပုံစံ အမျိုးမျိုး ဖြစ်နိုင်ပေ သည်။
မော်တာပျက်ခြင်းလည်း ဖြစ် နိုင်သလို၊ Read/Write Head များ ပျက်ခြင်းနှင့်
Head Crash ဖြစ်ခြင်းများ လည်း ဖြစ်နိုင်ပေသေးသည်။
Mechnical ပိုင်း ပျက်ခြင်းရဲ့ အဓိကအကြောင်း တွေကတော့ -
(၁) Shock ဖြစ်၍သော်လည်းကောင်း
(၂) ကွန်ပျူတာအရွှေ့အပြောင်း အခန့်မသင့်၍ သော်လည်းကောင်း
(၃) Read/Write Head များ ပျက်၍သော် လည်းကောင်း
(၄) Power မတည်ငြိမ်သော်ကြောင့်လည်းကောင်း
(၅) Static Charge ကြောင့်သော်လည်းကောင်း ဖြစ်တတ်ကြသည်။
Logical ပိုင်း ပျက်စီးရခြင်း

Hard
Disk တစ်ခုတွင် Logical ပိုင်း ပျက်ရခြင်းမှာ ၄င်းအထဲမှာ Data fite
များကို ပြန်ခေါ်လို့ မရတော့ဘဲ ပျက်စီးခြင်းကို ခေါ်သည်။ Data
အရေးမကြီးသူများ အတွက်တော့ Had Disk ကို Partation အပိုင်း Format ချပြီး
ပြန်သုံးနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် Physically HardDisk ပျက်စီးခြင်း
မဟုတ်သောကြောင့်ဖြစ်ကာ၊ ယင်းအခြေအနေတွင် Data များကို Recovery Software များဖြင့် ပြန်လည်ကယ်ဆယ်နိုင်သည်။
Hard Disk အသံမြည်ခြင်း
Hard
Disk အတွင်းမှ ``ကကောင်´´ ``ကကောင်´´ ဟူ၍ စက္ကန့်အလိုက် အသံထွက်နေခြင်း
ကွန်ပျူတာမှ နေ၍ Hard Disk ကို မတွေ့ခြင်း Hard Disk Not Found, Primary
Hard Disk Failure ဟူသော Error များ ပေးနေပါ က Mechnical ပိုင်း
ပျက်ခြင်းဟု ယူဆကာ Hard Disk အသစ်လဲလှယ်သင့်ပေသည်။
Bad Sector ဆိုတာဘာလဲ
Hard Disk ၏ မျက်နှာပြင်ပေါ်၌ ဖတ်မရသော ဧရိယာများကို Bad Sector ဟုခေါ်သည်။ ဘာကြောင့် Bed Sector ဖြစ်ရသလဲဟု လေ့လာလျှင် -
(၁) Hard Disk ၏ သက်တမ်းကြာလာခြင်း
(၂) Hard Disk တွင် အပူချိန်မမှန်ခြင်း
(၃) Head Carsh ဖြစ်ခြင်း
(၄) Voltage မမှန်ခြင်းတို့ကြောင့်ဖြစ်သည်။
အကယ်၍ အရေးကြီးသော Data
များသည် Bad Sector ပေါ်ရောက်နေပါက Data များ ပြန်ရရန် အင်မတန်ခဲ
ယဉ်းလှပေသည်။ Bad Sector ရှိသော Hard Disk တစ်ခုတွင် အောက်ပါလက္ခဏာများကို
တွေ့ရ တတ်သည်။
(၁) Hard Disk အလုပ်လုပ်ခြင်း နှေးကွေးလာ သည်။
(၂) Windows အတက်နှေးလာသည်။
(၃) Data များခေါ်မရသည်အထိ ဖြစ်လာတတ် သေးသည်။
အထက်တွင်ဖော်ပြခဲ့သော
အကြောင်းအချက်တို့ မှာ ပင်မ Storage Device, Hard Disk ၏ အရေးပါပုံ၊
အလုပ်လုပ်ပုံ ၄င်းတို့တွင် မည်ကဲ့သို့သော အားသာချက်၊ အားနည်းချက်များရှိတတ်သည်တို့ကို ကွန်ပျူတာအသုံးပြု သူ လူငယ်များ သတိထားမိစေရန် ရည်သန်ပါသည်။
No comments:
Post a Comment