Wednesday, April 25, 2012

အင်တာနက်ကို အသုံးပြုရာဝယ်

အင်တာနက်ကို အသုံးပြုရာဝယ်

အင်တာနက်သည် လူသား များ၏ ဆက်သွယ်ရေးအကျိုးတရား များကို အမြင့်မားဆုံးရောက်ရှိစေ ခဲ့ပြီး၊ ၊ုပ်ဝတ၊ုပိုင်းဆိုင်ရာ အတားအ ဆီး၊ အချိန်ကာလ ကွာဟမှုနှင့် နယ် မြေ အကန့်အသတ်တို့ကို ဖယ်ရှား ရှင်းလင်းနိုင်ခဲ့ပါသည်။ တစ်စတစ်စ နှင့် ယနေ့လူသားများ၏ နေ့စဉ်ဘ၀ တွင်းသို့ တိုးဝင်လာနေသော အင် တာနက်နည်းပညာသည် ၊င်းမရှိ လျင်မဖြစ်သော အနေအထားသို့ပင် ရောက်ရှိလာနေသည်ဟု ပြောလျှင် လွန်ရာကျမည်ဟူသော အနေအ ထား မဟုတ်တော့ပါ။ လူ့ဘောင် လောကကြီးရှိ လူ့အဖွဲ့အစည်း တော် တော်များများသည် အင်တာနက် နည်းပညာအခြေပြု အွန်လိုင်းပေါ်သို့ ရောက်ရှိလာနေသည်။ ယနေ့လူမှု လောကကြီးသည် အင်တာနက် အခြေပြု လူမှုလောကကြီး ဖြစ်လာ နေသည်။အင်တာနက်နှင့် ပတ် သက်၊ ကျင့်ဝတ် စည်းကမ်းများ၊ စောင့်ထိန်းလိုက်နာရမည့် တရား ဥပဒေများမှာ ပီပီပြင်ပြင် မရှိကြသေး ပါ။ အွန်လိုင်း ဒီဂျစ်တယ်ကမ၊ာတွင်း သို့ အကြောင်းအမျိုးမျိုးဖြင့် ၀င် ရောက်ကြရာတွင် မိမိအသိစိတ်ဓါတ် ဖြင့် ကျင့်ဝတ်တရားများကို လက် ကိုင်ပြုထားကြသော်လည်း ဒီဂျစ် တယ် လောကအပြန့်ကျယ်လာသည့် နှင့်အမျှ မျက်စိလည်လမ်းမှား မဖြစ် စေရေးနှင့် အွန်လိုင်းလမ်းမကြီးပေါ် တွင် တစ်ဦးချင်းစီ၏ လုံခြုံစိတ်ချရ မှုများသည် အရေးကြီးသော ကိစ၊ တစ်ရပ်ဖြစ်လာ နေပါသည်။ အွန် လိုင်းလုံခြုံစိတ်ချရမှုနှင့် ပတ်သက် သည့် နည်းဥပဒေ၊ တရားဥပဒေ သည်လည်း အရှိန်ယူခါစ ဖြစ်နေ သည်ဖြစ်ရာ၊ အင်တာနက်ထဲသို့ စိတ်ချလက်ချလည်ပတ်နိုင်မှု၊ သွား လာ လှုပ်ရှားနိုင်မှု သဘောတရားများ ကို သိရှိခြင်းသည် တစ်ဦးချင်းစီ၏ ပုဂ၊လိက လုံခြုံစိတ်ချရမှုကို များစွာ အထောက်အကူပြုစေမှာ ဖြစ်ပါ သည်။
Signing up for
Internet service
အင်တာနက်ထဲသို့ ၀င်ရောက် တော့မည်ဆိုလျင် သင်သည် အင် တာနက်ဝန်ဆောင်မှုပေးသူ (Inter-net Service Provider) ဆီသို့ မှတ်ပုံတင်ပြုလုပ်ရမှာ ဖြစ်ပြီး သင် ဆက်သွယ်သည့် ISP သည် သင့်ကွန် ပျူတာကို အင်တာနက်ဆီသို့ ချိတ် ဆက်မှု လုပ်ငန်းစဉ်ကို လုပ်ပေးမည် ဖြစ်သည်။ ကမ၊ာတစ်ဝှမ်း ၀န်ဆောင် မှု အမျိုးမျိုးပေးနေသော ISP များ ထောင်သောင်းမကရှိနေပါသည်။ အင်တာနက်ဆီသို့ ဆက်သွယ်လိုက် သည့် ကွန်ပျူတာတိုင်းတွင် IP Adress (Internet Protocol Address) ဟု သိရှိထားကြသည့် တစ်ဦး ချင်းပိုင်လိပ်စာ များရှိကြပါသည်။ သင့်၏ IP address သည် ပုဂ၊ိုလ်ရေး ဆိုင်ရာ အချက်အလက်များကို ဖွင့်ပြ ပေးမည် မဟုတ်သော်လည်း၊ သင် ဆက်သွယ် ထားသော ISP မှ သင်၏ IP လိပ်စာကို သိရှိထားခြင်းသည် သင်၏ ပုဂ၊ိုလ်လ်ရေး ဆိုင်ရာအချက် အလက်လုံခြုံမှုအတွက် အားနည်း ချက်တစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါ သည်။ ISP အများစုသည် အချက် အလက်လုံခြုံစိတ်ချရမှုကို ကာကွယ် ပေးကြသော်လည်း ၊င်းတို့တွင် ကိုယ်ပိုင်ကာကွယ်ရေးမူဝါဒများ (own privacy policy) ထားရှိကြ ပါ သည်။ သို့ဖြစ်ရာ သင်ဆက်သွယ် ထားသော ISP ၏ လုံခြုံရေးမူဝါဒ များကို သိရှိနားလည် သဘောပေါက် ရေးသည် သင့်အတွက် အရေးကြီး သော အချက်တစ်ခုပင် ဖြစ်ပါသည်။
E-mail
တစ်စုံတစ်ဦးဆီသို့ သတင်း အချက်အလက်များကို အီးမေးလ် မှတဆင့် ဆက်သွယ်ပေးပို့လိုက် သည့်အခါ သင့်ပေးပို့လိုက်သည့် သတင်းအချက်အလက်သည် လက် ခံရရှိမည့်သူအပြင် အခြားတစ်စုံတစ် ဦး (ဥပမာ- အီးမေးလ်ဝန်ဆောင်မှု ပေးသူနှင့် လက်ခံသူမှ တဆင့်လက် ဆင့်ကမ်းသူ) ဆီသို့ ရောက်ရှိနိုင်ပေ သည်။ အမေရိကန် ပြည်ထောင်စုရှိ Electronic Communication Privacy Act (ECPA) မှ အီးမေးလ်နှင့်ပတ် သက်သည့်ချွင်းချက် ဖော်ပြမှုများ တွင် ISP သည် ပုဂ၊လိကဆိုင်ရာ အီး မေးလ်များကို အများအားဖြင့် ကာ ကွယ်မှု၊ လုံခြုံစိတ်ချရမှုပေးကမ်း ထားသော်လည်း၊ လုံခြုံရေးနှင့် ပတ် သက်လာသည်ဟု ယူဆလျင်၊ ယူဆ ခြင်းခံရသော အီးမေးလ်ကို ကြည့်၊ှု ကောင်းကြည့်၊ှုနိုင်သည်ဟူ၊ပင် ဖြစ် သည်။ လုပ်ငန်းခွင်ရှိ အီးမေးလ်များ သည်လည်း အလုပ်ရှင်မှ စစ်ဆေး ကြည့်၊ှုနိုင်သည်ဖြစ်၊ လုပ်ငန်းခွင်မှ အီးမေးလ်ပေးပို့ခြင်းသည် ပုဂ၊လိက ဆန်ခြင်းမရှိပါ။
Search Engine
အင်တာနက်ထဲသို့လည်ပတ် သူတော်တော်များများသည် ရှာဖွေ ရေး အင်ဂျင် (Search Engine) ကို အသုံးပြုကြခြင်းပင် ဖြစ်သည်။ ၊င်း ရှာဖွေရေး အင်ဂျင်များသည် ရှာဖွေ လိုက်သူ၏ လမ်းကြောင်းတစ်ခု ချင်းစီကို လိုက်လံ ကြည့်၊ှုနိုင်သည် ဖြစ်ရာ၊ သင့်၏ IP address၊ အသုံးပြု သော အကြောင်းအရာ၊ ရှာဖွေမှု အချိန်နှင့် အခြားသော သတင်းအ ချက်အလက်များကို မှတ်တမ်းယူ ထားနိုင်ပါသည်။ သို့ဖြစ်ရာ အသုံးပြု နေသော ရှာဖွေရေးအင်ဂျင်၏ လုံခြုံ ရေးဆိုင်ရာ မူဝါဒများကို သေသေချာ ချာ သိရှိထားရေးသည် သင့်လုံခြုံ စိတ်ချရမှုအတွက် အရေးပါ၊ပါသည်။ ၀က်ဘ်ဆိုက် (web site) တစ်ခု တည်းပေါ်တွင် web-based email နှင့် Search Engine အသုံးပြုခြင်းကို ရှောင်ရှားသင့်ကြောင်း အွန်လိုင်း လုံ ခြုံရေး အကြံပြုသူများက သတိပေး ကြပါသည်။ web mail များ သည် အသုံးပြုသူ၏ အမည်နှင့် လျှို့ဝှက် နံပါတ် (password) တို့ကို ဖော်ပြကြ ရရာ၊ ၊င်းဆိုက်ပေါ်တွင် ရှာဖွေရေး အင်ဂျင် အသုံးပြုပါက မိမိ၏ ရှာဖွေ မှုများသည် မိမိ၏ အီးမေးလ်နှင့် ချိတ်ဆက်မိ ကောင်းချိတ်ဆက်သွား နိုင်ပါသည်။ သို့ဖြစ်ရာ မတူညီသော ၀က်ဘ်ဆိုက်များကို အသုံးပြုခြင်း (ဥပမာ - အီးမေးလ် အတွက် Yahoo၊ Search Engine အတွက် Goo-gle) သည် တစ်စုံတစ်ခုသော ၀က်ဘ် ဆိုက်မှ သတင်းအချက်အလက်ရရှိ နိုင်မှုကို ကန့်သတ်လိုက် ခြင်းပင်ဖြစ် သည်။
Cookies
ဝက်ဘ်ဆိုက်များဆီသို့ သွား ရောက်လည်ပတ်သည့်အခါတွင်ဆိုက် (site) တော်တော်များများသည် သင် ၏လည်ပတ်မှုဆိုင်ရာ အချက်အ လက်များကို မှတ်တမ်းယူထားလေ့ ရှိကြပါသည်။ ၊င်းကို ကွတ်ကီး (Co-okies) ဟု ခေါ်ဆိုကြသည်။ ၀က်ဘ် ဆာဗာ (web server) တစ်ခုမှ အသုံး ပြုသူ၏ ဘရော့ဇာ (browser) ဆီသို့ ပေးပို့လိုက်သော အချက်အလက် အချို့သည် ကွတ်ကီးပင်ဖြစ်ပြီး၊ ၊င်း တွင် user name နှင့် password ထည့် သွင်းရသော Log in သို့မဟုတ် registration ကဲ့သို့သော အချက်အလက် များပါဝင်သည်။ ဘရော့ဇာ ဟုခေါ် ဆိုသော အင်တာနက်ဆီသို့ ၀င် ရောက်နိုင်သော ပ၊ိုဂရမ် (browser) သည် သင်ထည့် သွင်းလိုက်သော အချက်အလက်များကို သိမ်းဆည်း ထားပြီး၊ ၀က်ဘ်ဆိုက်ဆီသို့ ဘရော့ ဇာပြန်ရောက်သွားသည့် အခါတွင် အဆိုပါ အသုံးပြုသူ၏ အချက်အ လက်များကို ၀က်ဘ်ဆာဗာ (web server) ဆီသို့ ပေးပို့လိုက်ပါသည်။ အချို့သော ဂုဏ်သိက၊ာရှိ ၀က်ဘ် ဆိုက်များသည် အသုံးပြုသူအား ၀န် ဆောင်မှုအသစ်များ ပေးဆောင်ရန် အတွက် ကွက်ကီးများ အသုံးပြုကြ သကဲ့သို့ အချို့သော ဆိုက်များသည် အွန်လိုင်းမာကတ်တင်းများအတွက် အချက်အလက်များ ဝေမျှရန် ကွက် ကီးများကို အသုံးပြုကြသည်။ သို့ဖြစ် ရာ ၀က်ဘ်ဘရော့ဇာနှင့် အချို့ သော ဆော့ဖ်ဝဲလ်များသည် ကွက်ကီးများ ကို ဖျက်ပစ်နိုင်ရန်သင့်ကို ကူညီမှု များပေးနိုင်သည်ကို သိရှိထားရန်လို အပ်ပြီး၊ မည်သို့သော် ဘရော့ဇာ သည် ကွက်ကီးများကို မည်သို့ ထိန်း ချုပ်နိုင်ကြောင်း နားလည်သဘော ပေါက်ထားခြင်းဖြင့် အွန်လိုင်းလုံခြုံမှု ကို တစ်စုံတစ်ရာရရှိနိုင်မည် ဖြစ် သည်။
Social networks
အွန်လိုင်းလူမှုရေး ကွန်ရက် (Social network) သည် အသုံးပြုသူ အားအခြားသော အင်တာနက်သုံးသူ များနှင့် ဆက်သွယ်ရင်းနှီးမှုများ ထူ ထောင်နိုင်ရန် လမ်းခင်းပေးထား သော ၀က်ဆိုက်ပင်ဖြစ်သည်။ ၊င်း သည်သူငယ်ချင်းများနှင့် အစဉ်ထိ တွေ့နိုင်စေခြင်း၊ မိတ်ဆွေသစ်များ တိုးပွားစေခြင်း၊ စိတ်တူသူချင်းတွေ့ ဆုံစေနိုင်ခြင်းတို့ကို ပေးစွမ်းနိုင်ခြင်း ကြောင့် ၁၉၉၀ ခုနှစ် နောက်ပိုင်းတွင် အကြီးအကျယ် ထင်ရှားလာပါ သည်။ အဆိုပါ လူမှုရေးကွန်ရက်ထဲ သို့ မိတ်ဆွေသူငယ်ချင်း၊ရင်းနှီးသူ များသာမက၊ အလွှာပေါင်းစုံ၊ လူမျိုး စုံပါဝင်ရောက်လာကြသည့်အတွက် သတင်းအချက်အလက်များ ရရှိစု ဆောင်းနိုင်ရန် အကောင်းဆုံးနေရာ တစ်ခုဖြစ်လာနေပါသည်။ အမှောင် ခြမ်းအတွင်းမှ အချက်အလက်ရှာဖွေ နေသူများသာမက၊ စီးပွားရေးလုပ် ငန်းများသည်လည်း ၊င်းတို့ ဖောက် သည်များ၏ အချက်အလက်များစု စောင်းရန် အဆိုပါ လူမှုရေးကွန် ရက်ကို အသုံးပြုနေကြပါသည်။ လူမှု ရေး ကွန်ရက်ဝန်ဆောင်မှုကို ဆောင် ရွက်ပေးနေသော ကုမ၊ဏီများပင် လျင်၊ အသုံးပြုသူများအတွက် ၀န် ဆောင်မှုပေးရန်နှင့် ကြော်ငြာကုမ၊ဏီ များသို့ အချက်အလက်များ ဖလှယ် နိုင်ရန် ၊င်းတို့ဖောက်သည်များ၏ အ ချက်အလက် အမျိုးမျိုးကို စုစောင်း ကြလေ့ ရှိပါသည်။
Blog
'web log' ၏ အတိုကောက် ဖြစ်သော 'Blog' သည် အများပြည်သူ များအတွက် ရည်ရွယ်သော အချိန် နှင့်အမျှ ဖော်ပြပေးနေသော သတင်း လွှာပင်ဖြစ်သည်။ ဘလော့ဂ်ကို အွန် လိုင်းပေါ်တင်ရန် အသုံးပြုသော ၀န်ဆောင်မှုပေါ်မူတည်၊ ဘလော့ဂ် ၀န်ဆောင်မှု ပေးသူများသည် ပုဂ၊ိုလ် ရေးဆိုင်ရာ အချက်အလက်များအား ထိန်းချုပ်နိုင်မှုဆိုင်ရာ သဘောတူညီ ချက် (service agreement) နှင့် ပတ် သက်၊ ဘာလိုအပ်သည်။ ဘာကို ဖော်ပြရန် လိုအပ်သည်တို့ကို တိတိ ကျကျသိရှိနိုင်ရန် ၊င်းသဘော တူညီ ချက်ကို သေသေချာချာ ဖတ်၊ှု သင့်ပါသည်။ ဘလော့ဂ်တော်တော်များ များသည် ဖတ်၊ှုသူအား မှတ်ချက်များ ရေးသားခွင့် ကို ပေးကြသော်လည်း၊ အချို့သော ဘလော့ဂ် များတွင် ကိုယ့်၏ အီးမေးလ်လိပ်စာဖြင့် စာရင်းသွင်းရန် (registration) လိုအပ်ပါသည်။ ထို့ ကြောင့် မိမိ၏ အချက် အလက်ကိုဘယ်လောက် သာပေးရန် ဆန၊ရှိသည့် မှတ်ချက်နှင့် ဆက်နွယ် သော ပုဂ၊ိုလ်ရေးအချက် အလက်ဖော်ပြလိုမှုရှိ/မရှိတို့ကို သေ သေချာချာစဉ်းစာမှုပြုသင့်ပါသည်။
online banking
မိမိ၏ အိမ်မှမခွာပဲ၊ ဘဏ်စာ ရင်းလက်ကျန်သိရှိနိုင်ခြင်း၊ စာရင်းလွဲ ပြောင်းမှုများကို စစ်ဆေးနိုင်ခြင်းတို့ သည် အွန်လိုင်းဘဏ်လုပ်ငန်း၏ ကြီး မားသော စွမ်းဆောင်ချက်ပင် ဖြစ် သည်။ သို့သော် အွန်လိုင်းဘဏ်လုပ် ငန်းတွင် သတင်းအချက်အလက်များ ကို အင်တာနက်မှ တဆင့်ပေးပို့ကြရ သဖြင့် အချက်အလက်လုံခြုံစိတ် ချရမှုမှာ ဘဏ်အနေဖြင့်ရော အရေး ကြီးပေသည်။ ထို့ကြောင့် ဘဏ္ဍာရေး အချက်အလက်များကို ထိန်းချုပ်နိုင် ရန် ဘဏ်များသည် လုံခြုံရေးစနစ် အမျိုးမျိုး ကို အသုံးပြုကြသော်လည်း အတုအယောင် လိမ်လည်လှည့်ဖျား မှု ၀က်ဆိုက် (Fraudulent web sites) များ၏ ဆွဲဆောင်လှည့်ဖျားမှုကို သတိထားကြရမည် ဖြစ်သည်။ အခြားသူ၏ဘဏ္ဍာရေးအချက် အလက်များကို ခိုးယူသော မေးလ် များ (Phishing mails) ၏ `သင်၏ စာရင်းအချက်အလက်များကို အ သစ်ထပ်လုပ်ပါ´ ဟူသော လှည့်ဖျား မှုမေးလ်များကို တုံ့ပြန်မှုမပြုရန်၊ ဘဏ် စာရင်းနံပါတ်နှင့် လျှို့ဝှက်နံ ပါတ်များကို မည်သည့်နည်းနှင့်မျှ ဖော်ပြခြင်းမပြုမိစေရန်နှင့် ကိုယ် ဆက်သွယ်နေသည့် ဘဏ်သည် အ စစ်အမှန်ဟုတ်/ မဟုတ်တို့ကို သတိ ကြီးစွာထားခြင်းသည် လုံခြုံမှုအတွက် ဆေးစွမ်းတစ်လက်ပင်ဖြစ်ပေသည်။
Cloud computing
ယခင်က အချက်အလက် များကို Floppy တွင် သိမ်းဆည်းထား ကြပြီး၊ ၊င်းနောက် Floppy Disk နေ ရာတွင် Memory stick များက နေရာ ယူလိုက်ကြပါသည်။ ယနေ့တွင်မူ အချက်အလက် သိမ်းဆည်းရန် stick များ မလိုတော့ပါ။ အွန်လိုင်းပေါ်တွင် သိမ်းဆည်းနိုင်ပြီး ဖြစ်သည်။ ၊ကား cloud Computing ၏ စွမ်းဆောင် ရည်ပင် ဖြစ်ပေသည်။ cloud computing ဆိုသည်မှာ မိမိ၏ ကိုယ်ပိုင် ကွန်ပျူတာပေါ်တွင် အချက်အလက် များ သိမ်းဆည်းစရာမလို၊ ပ၊ိုဂရမ် များလုပ်ဆောင်စရာမလိုပဲ အင်တာ နက်မှတဆင့် မိမိကွန်ပျူတာနှင့်ချိတ် ဆက်ထားသောအဝေးမှာ ရှိနေသည့် ဆာဗာ (server) မှ ယူ၊ ဖော်ပြပါ လုပ်ဆောင်မှုများကို ဆောင်ရွက်နိုင် ခြင်းပင် ဖြစ်သည်။ စွမ်းဆောင်ရည် မြင့်မားလာသော broadband access အသုံးပြုနိုင်လာသည်နှင့်အမျှ အင် တာနက်သည် ဆက်သွယ်ရေး ကွန် ရက်တစ်ခုမျှသာ မဟုတ် တော့ပါ။ တွက်ချက်မှု (co-mputing) ၏ ပလက်ဖောင်း တစ်ခုဖြစ်လာနေပြီ ဖြစ်သည်။
အဆိုပါ cloud co-mputing ၀န်ဆောင်မှုများကို နာမည်ကြီး ကုမ၊ဏီများ (ဥပမာ- Google, IBM, Yahoo, microsoft, etc ...) မှ ပေးကမ်းလျက်ရှိရာ ကမ၊ာတ၀ှန်း သုံးစွဲသူများ တနေ့တခြား တိုးတက် လာနေပေသည်။ Cloud ကို အသုံးပြု ရန် ကွန်ပျူတာမလို၊ အင်တာနက်နှင့် ချိတ်ဆက်နိုင်သည့် ကရိယာသာ လို သည်ဟူသောြွေကးကြော်သံများ ကပင် ထွက်လာနေပြီဖြစ်သည်။ သို့ သော် အချက်အလက်များကို အွန် လိုင်းပေါ်တွင် သိမ်းဆည်းထား သဖြင့် ၀န်ဆောင်မှုပေးသူ (host) မှ ၊င်း၏လုပ်ငန်းကို ရပ်ပစ်လိုက်ခြင်း၊ ဒေ၀ါလီခံလိုက်ခြင်းနှင့် အခြားသူထံ သို့ လွှဲပြောင်းခြင်းများ ပြုလုပ်နိုင် သည့် စွန့်စားမှုအန၊ရာယ်များ ရှိနေပါ သည်။
ထို့ပြင် ၀န်ဆောင်မှုပေးသူ (host)မှ ထုတ်ပြန်ထားသော လုံခြုံ ရေး မူဝါဒများနှင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း (privacy policy and terms of service)တို့ကို ကြိုတင် သိရှိနားလည်ထားရှိဖို့သည် အရေး ကြီးလှပေသည်။ သို့မှသာ ဖြစ်နိုင်ချေ စွန့်စားမှုကို ကြိုတင်ကာကွယ်နိုင်မည် ဖြစ်သည်။
အထက်ဖော်ပြပါ အွန်လိုင်း လုပ်ငန်းဆောင်တာများ၏ အားနည်း ချက်အားသာချက်များကို ပိုမိုသိရှိနား လည် သဘောပေါက်ထားခြင်းဖြင့် မိမိ၏ ပုဂ၊လိကဆိုင်ရာအချက် အလက်လုံခြုံမှုများကို ထိန်းသိမ်းကာ ကွယ်နိုင်ပြီး အင်တာနက်အမြန်လမ်း မပေါ်တွင် အဆင်ပြေပြေလျှောက် လှမ်းနိုင်ကြမည်ဟု ယုံကြည်မိပါ သည်။
သီသီကို
Ref ;
www.privacyrights.com.

No comments:

Post a Comment