Wednesday, April 25, 2012

အခမဲ့ လွတ်လပ် ဆော့ဖ်ဝဲဆိုသည်မှာ....၊

အခမဲ့ လွတ်လပ် ဆော့ဖ်ဝဲဆိုသည်မှာ

စကားစုတွေကို အဓိပ္ပာယ် ဖွင့်ဆိုရာမှာ လွဲချော်မှု တွေရှိနေတတ်တာ မထူးဆန်းတော့ပါဘူး။ ဒါပေမယ့်  ဆိုးဝါးတဲ့ အဓိပ္ပာယ်တွေ ဆန့်ကျင်ဘက်ထိ လွဲချော်ထွက် တာမျိုး ဖြစ်တတ်ပါတယ်။ ဥပမာ Free ဆိုတဲ့ စကားလုံး လိုပေါ့။ နေရာတော်တော်များများမှာ အသုံးပြုတဲ့ အင်္ဂလိပ် စကားလုံးအဖြစ် လူတိုင်း ရင်းနှီးကျွမ်းဝင်ကြပါတယ်။ သူ့ကို ကျွန်တော်တို့ ဘယ်လို ထင်မြင်ယူဆတယ်ဆိုတာ ခဏထားပြီး သူ့ရင်းမြစ်ကို ကြည့်ရအောင်။ Free ကို လွတ်လပ်သော ပွင့်လင်းသော ရှင်းရှင်းလင်းလင်းရှိသော လို့ အဓိပ္ပာယ် ဖွင့်ဆိုခဲ့ကြပါတယ်။ အချုပ်အနှောင် အတား အဆီးတွေ မရှိတဲ့အခါ ဒါမှမဟုတ် အချုပ်အနှောင် အတားအဆီးတွေ ကန့်သတ်ချက်တွေက လွတ်မြောက် လာတဲ့အခါ Free ဆိုတဲ့ စကားလုံးနဲ့ သုံးနိုင်တယ်။
၁၃၈၂ ခုနှစ်ကနေ ၁၃၉၅ ခုနှစ်အထိပြန်ဆိုခဲ့တဲ့ John Wycliffe ရဲ့ကျမ်းစာမှာဆိုရင် “forsoth where is the spirit of God, There is liberte” ဆိုပြီး ဘုရားသခင်ရဲ့ စိတ်ဝိညာဉ်လိုပဲ လွတ်လပ်နေခြင်းလို့  Free ရဲ့အဓိပ္ပာယ်ကို တင်စားပြန်ဆိုခဲ့ပါတယ်။ အဲဒီမှာ သုံးထားတဲ့ Liberte ကလည်း လက်တင် liber ဆိုတဲ့စကားကနေ ဆင်းသက် လာတာပါ။ Liber ကို အင်္ဂလိပ်လို ပြန်ဆိုမယ်ဆိုရင် “without restraint”လို့ ဆိုလိုပါတယ်။ တားမြစ်ထားမှု ကန့်သတ်ထားမှု မရှိခြင်းလို့ မြန်မာလို အဓိပ္ပာယ်ရပါ တယ်။ ဒီတော့ ကျွန်တော်တို့ Free ဆိုရင် လွတ်မြောက်ခြင်း လွတ်လပ်ခြင်း လွတ်လပ်ခွင့် ကင်းလွတ်ခွင့် စသဖြင့် Freedom လိုမျိုးဆိုတာ သေချာပေါက် နားလည်ထားကြ ပါတယ်။ ဒီတော့ ဘာကများ Free ဆိုတာကို နားလည်မှု လွဲစေတာပါလိမ့်။ ဘယ်လိုများ Free ကို ဘာသာပြန်လိုက် ကြတယ် ထင်ပါသလဲ။
၁၆ ရာစုမှာ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး Free of Cost ဆိုတာကို တွင်တွင်သုံးလာကြပါတယ်။ အခွန်အခ ကြေးငွေ ပေးရန်မလိုသော / အခကြေးငွေ မပေးရသော = အခမဲ့ ဆိုပြီး ဖြစ်ပါတယ်။ အဲဒီ စကားစုက အရမ်းတွင်ကျယ်လွန်းတော့ နေရာတိုင်းမှာ လူတွေက အသုံးပြုကုန်ပါတယ်။ နောက်ပိုင်းမှာ အတိုချုံးပြီး Free တစ်လုံးတည်း အသုံးပြုလည်း အခမဲ့လို့ပဲ မှတ်ထင်လိုက် ကြပါတော့တယ်။ အဲဒီအချိန်မှာ Free Software ဆိုရင် ဘယ်လို ဖွင့်ဆိုချက်ပေးမှာလဲ။
Free Software ဆိုတဲ့ အမည်ကို စတင်အသုံးပြု တာကတော့ Free Software Foundation (FSF) ကပါ။ အသုံးချ ပရိုဂရမ်တွေ ဆော့ဖ်ဝဲတွေကို ပြန်လည် ကြည့်ရှု လေ့လာခွင့်၊ ပြုပြင်ခွင့် ပြန်လည်ဖြန့်ဖြူးခွင့် ပိတ်ပင်ထားတဲ့ ပုံမှန် EULA (END USER LICENSE AGGREMENT) လိုင်စင်ဝင် ဆော့ဖ်ဝဲတွေကို ဆန့်ကျင်ဘက် လုပ်လိုက်တာ ပါပဲ။ ကျောင်းအတွက်ပဲဖြစ်ဖြစ် ရုံးအတွက်ပဲဖြစ်ဖြစ် တစ်ဦးတစ်ယောက်အတွက်ပဲသုံးသုံး စီးပွားရေးအတွက်ပဲ သုံးသုံး ဘယ်နေရာအတွက်ဖြစ်စေ ဆော့ဖ်ဝဲကို လွတ်လပ် စွာ သုံးနိုင်ရမယ်။  ပြီးရင် ဆော့ဖ်ဝဲရဲ့ အလုပ်လုပ်ပုံကို လေ့လာနိုင်ရမယ်။ လေ့လာသင်ယူလို့မရအောင် မပြုပြင် နိုင်အောင် ကွယ်ဝှက်ထားတာမျိုး မရှိစေရဘူး။ ဘယ်လို အလုပ်လုပ်လဲဆိုတာကို လေ့လာပြီး ပိုမိုကောင်းမွန်အောင် ပြုပြင်တာမျိုးကိုလဲ လက်ခံရမယ်။ ပိုမိုကောင်းမွန်အောင် ပြုပြင်ပြီး ပြန်လည်ထုတ်ဝေဖြန့်ဖြုးမယ်ဆိုရင်လဲ ခွင့်ပြု ရမယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ဆော့ဖ်ဝဲအနေနဲ့ ပိုမို ကောင်းမွန်လာစေမှာ ဖြစ်ပြီး လိုအပ်ချက်တွေကို ကိုယ် တိုင် မြန်မြန်ဆန်ဆန် ဖြည့်ဆည်းပေးနိုင်တဲ့အတွက် အသုံး ပြုသူတွေအတွက် လိုအပ်ချက်တွေပြည့်စုံတဲ့ ဆော့ဖ်ဝဲတွေ ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် Free ဆိုတဲ့စကားလုံးအပေါ် အခမဲ့လို့ မြင်ထားတဲ့ အတွက် Freeware, Shareware တွေလိုမျိုးပဲ  Free Software ဆိုတာ အခကြေးငွေ ပေးစရာမလို့သော အသုံးသိပ်မ၀င်တဲ့ ဆော့ဖ်ဝဲတွေလို့ ထင်မြင်ခဲ့ကြတာ မဆန်းတော့ပါဘူး။ တကယ်တန်းတော့ Freeware ဆိုတာ Free နဲ့  Software ဆိုတဲ့ စကားလုံး နှစ်လုံးပေါင်းထားတဲ့ စကားစုဆိုတော့ Free Software နဲ့ ရောတွေးတာ မမှား ဘူးလို့ ပြောချင်ပြောကြမှာပေါ့။ ဒါပေမယ့် Free Software Foundation တည်ထောင်သူ Richard Stallmen ကတော့ သူ့ရဲ့ Free Software တွေကို Freeware လို့ အခေါ်မခံ ပါဘူး။ တကယ်တမ်းလည်း Freeware နဲ့ Free Software ကိုကွဲပြားနားလည်ဖို့ သိပ်အများကြီး ပြောပြစရာမလိုပါ ဘူး။  Free Software တွေဟာ အခမဲ့တွေ ပါသလို အခ ကြေးငွေပေးပြီး ၀န်ဆောင်မှု ယူနိုင်တာတွေလဲ ရှိပါတယ်။ အခမဲ့ရယူနိုင်တဲ့ Free Software တစ်ခုကို ပိုကောင်း အောင် ပြုပြင်ပြီး တစ်စုံတစ်ဦးဆီ သက်သာတဲ့ဈေးနှုန်း၊ စိတ်ကျေနပ်တဲ့ ဈေးနှုန်းနဲ့ ရောင်းချနိုင်ပါတယ်။ ရောင်းချ လိုက်တဲ့ ဆော့ဖ်ဝဲကိုလည်း ပြန်လည်လေ့လာခွင့်၊ ပြုပြင်ခွင့် ပေးရမယ်၊ လွတ်လွတ်လပ်လပ် သုံးလို့ရစေမယ်လို့ ဆိုလို တာပါ။
Free Software က သာမန်အသုံးပြုနိုင်ရုံတင် မက ပါဘူး ကြည့်ရှုလေ့လာနိုင်တယ်၊ ပြုပြင်ပြောင်းလဲနိုင်တယ်၊ ပြန်လည်ဖြန့်ဝေနိုင်တယ်။ Freeware ကတော့ အဲတာတွေ မရနိုင်ပါဘူး။ ဒီတော့ Freeware ရဲ့ အဓိပ္ပာယ်ကတော့ အခကြေးငွေ မပေးရသော ဆော့ဖ်ဝဲပါပဲ။ Shareware ကတော့ Trialware ဒါမှမဟုတ် demoware ကို ဆိုလိုတာ ဖြစ်လို့ အသုံးချနိုင်မယ့် လုပ်ဆောင်ချက် လွယ်ကူစေမယ့် လုပ်ဆောင်ချက် အချို့ကို ချန်လှပ်ထားခဲ့တဲ့ ဆော့ဖ်ဝဲတွေ ဒါမှမဟုတ် အချိန်အပိုင်းအခြားသတ်မှတ်ချက်တစ်ခု အထိသာ အခမဲ့သုံးစွဲနိုင်တဲ့ ဆော့ဖ်ဝဲတွေဆိုတော့ Free Software နဲ့ လုံးဝကြီးကို ဆန့်ကျင်ပါတယ်။
၁၉၉၈ California, Palo Alto မှာ လုပ်ခဲ့တဲ့ Hacker တွေဆုံတွေ့ခဲ့တဲ့ပွဲမှာ အခေါ်အဝေါ်အသစ်တစ်ခု ထပ်မံ မွေးဖွားခဲ့ပါတယ်။ Free Software လိုမျိုး လွတ်လွတ် လပ်လပ်အသုံးပြုနိုင် ပြင်ဆင်နိုင်တဲ့ ဆော့ဖ်ဝဲကို ခေါ်တာ လား  အခမဲ့ရတဲ့ဆော့ဖ်ဝဲတွေကို ခေါ်တာလားဆိုတဲ့ ဒွိဟတွေကို ကင်းဝေးစေဖို့ ရည်ရွယ်ခဲ့တာပါ။ အဲဒါ ကတော (ယခု Mozilla Firefox) Netscape Navigator Code ကို တီထွင်ပြီး မည်သူမဆို သူ့ရဲ့ Source တွေ ကြည့် ရှုလေ့လာနိုင် ပြုပြင်နိုင်အောင် ပိတ်ပင်ထားခြင်းတွေ မရှိဘူးလို့ သိသာအောင် Software အမျိုးအစားကို Open Source လို့ခေါ်ဆိုခဲ့ကြပါတယ်။ (ပွင့်လင်းရင်းမြစ်လို့ တချို့က ပြန်ပါတယ်)။ ဒါပေမယ့် ဒီပွဲကို မတက်လိုက်ရတဲ့ Richard Stallman ကတော့ Open Source ဆိုတာ Free Software လောက်သဘောကျစရာ မကောင်းဘူးလို့ ထင်မြင်ထားလေရဲ့။ သူက ဘယ်လောက်ပဲ ဖွင့်ထားတဲ့ ပွင့်လင်းမှု(Open) ဖြစ်နေပါစေ လွတ်လပ်မှု(Freedom) မရှိရင် တိုးတက်မှုနှောင့်နေးမယ်။ အသုံးပြုသူတွေအတွက် မကောင်းဘူးဆိုပြီး ဘယ်ပရိုဂရမ်တွေ ဘယ်ဆော့ဖ်ဝဲတွေ ရဲ့ အလုပ်လုပ်ပုံ ရေးသားပုံ အချက်အလက်တွေကို ကြည့် ခွင့်ရနေပါစေ လွတ်လပ်မှုမပါရင် အလကားပါပဲ၊ လွတ် လပ်မှုမပေးနိုင်တဲ့ ဆော့ဖ်ဝဲမျိုး ကျွန် တော်တို့အတွက် မလိုအပ်ပါဘူး လို့ မှတ်ချက်ပေးခဲ့ပါတယ်။
သူတို့ရဲ့ ရည် ရွယ်ချက်တွေကကောင်း မွန်တဲ့အတွက် တော် တော်လေးကိုအောင် မြင်လာခဲ့ကြပါတယ်။ အဲဒီ Free Software နဲ့ Open Source Software ကို ပေါင်းပြီး Free / Open Source Software (FOSS) လို့ ခေါ်ဆိုကြပါတယ်။ FOSS ကိုလည်း လွတ်လပ်သော ပွင့်လင်းရင်းမြစ် ဆော့ဝဲများလို့ ဘာသာမပြန်ပဲ အခမဲ့ ရရှိနိုင်သော ပွင့်လင်းရင်းမြစ် ဆော့ဝဲများလို့ အထင်မှား အမြင်မှား ရှိလာပြန်တဲ့အတွက် Free ရဲ့ အဓိပ္ပာယ်ကို ပိုမို ထင်ရှားစေဖို့ Liberty ဆိုတဲ့ လွတ်လပ်ခြင်းဆိုတဲ့ အဓိပ္ပာယ် ရတဲ့ ပြင်သစ်ဘာသာစကား Libre ဆိုတာပါထည့်ပြီး Free / Libre / Open Source Software ဆိုပြီး (FLOSS) လို့ ခေါ်ဆိုခဲ့ကြတာလဲ ရှိပါတယ်။ ဒါပေမယ့် ၀မ်းနည်းစရာ ကောင်းလောက်အောင် ဒီနာမည်ပေးတဲ့ ကိစ๖နဲ့ ပတ်သက် ပြီး အကြာကြီး ပြောခဲ့ဆိုခဲ့ ငြင်းခုံခဲ့ကြပေမယ့်လည်း သေချာတဲ့ အဖြေတစ်ခုရတဲ့အထိ ရှင်းချက်မထုတ်နိုင်ခဲ့ ကြပါဘူး။
ဒီအတွက် FLOSS ကို အင်္ဂလိပ် ဘာသာစကား Free and Open Source Software ဆိုတာ လောက်ပဲ နားလည်နိုင် ပြောပြနိုင်ခဲ့ကြတဲ့ အတွက် Free နဲ့ Open ဆိုတဲ့ စကားလုံး တွေပေါ် အနက်အဓိပ္ပာယ်ကောက် မှားနေကြတုန်းပါပဲ။ တချို့ဆို
Open Source ဆိုတာ Free Software တွေကို ပိုကောင်း အောင်လုပ်ပြီး စီးပွားရေး လုပ် ငန်းသုံးအဖြစ် ရောင်းချဖို့ ရည် ရွယ်ချက်နဲ့ ထုတ်တာတွေဖြစ် ကြောင်း။ အဲဒါလည်း အမြဲ ယုံကြည်နိုင်တာ မဟုတ်ပဲ Free Software အမည်ခံပြီးမှ လူသုံးများရင် ပိုက်ဆံနဲ့ ရောင်းတဲ့လိုင်းကို ပြောင်းသွားတာ မျိုးတွေ ဖြစ်တတ်ကြောင်း။ ဥပမာ Red Hat ဆိုရင် Free Software အမည်ခံပြီး ဒီနှစ်မှာ အမြတ်ငွေ ၂၁% တိုးတက်လာပါတယ်။ ၂၀၀၉ ခုနှစ်မှာတောင် အမြတ်ငွေဟာ ဒေါ်လာ သိန်းနှစ်ထောင်အောက် ရှိပါတယ်။
စသဖြင့် အခမဲ့နဲ့ လွတ်လပ် ခြင်းကို မခွဲခြားနိုင်တဲ့ အတွက် ရှုပ်ฝှုပ်ထွေးထွေး တွေးမြင် ခဲ့ကြပါတယ်။
Open Source ကတော့ အကျိုးအမြတ်တွေ အများကြီးနဲ့ ရှေ့ဆက်လှမ်းတုန်းပါပဲ။ ကုမ္ပဏီတွေကတော့ Open Source Software ဆိုရင် သုံးလို့မကောင်းလှတဲ့ ခပ်ပေါပေါ ဆော့ဖ်ဝဲတွေဆိုပြီး အသုံးမပြုချင်ကြသလို Open Source နဲ့ ပတ်သက်ပြီး စီးပွားရှာဖို့လဲ စိတ်တောင် မကူးထားကြပါဘူး။ ဒါပေမယ့် Open Source Software နဲ့ စီးပွားရှာနိုင်တဲ့နည်းတွေ ရှိတယ်ဆိုရင်တော့ စီးပွားရေး သမားတွေ ခင်ဗျားစကားကို စိတ်ဝင်စားသွားနိုင်ပါတယ်။ တကယ်ပဲ စီးပွားရှာနိုင်သလား၊ ဟုတ်ပါ့မလားဆိုပြီး အံ့ အားသင့်ရင်လဲ သင့်နေနိုင်တယ်။ OSS ရဲ့ အကျိုးအမြတ် ဆိုတဲ့ အထဲမှာ လွတ်လပ်ခြင်း (လေ့လာနိုင်မှု/ပြင်ဆင် နိုင်မှု/ဖြန့်ဝေနိုင်မှု) အပြင် ဆော့ဝဲရေးသားသူတွေအတွက် ထည့်စဉ်းစားထားတာ ရှိပါတယ်။ Open Source Initiative (OSI)  ရဲ့ Website မှာ
“By constraining the license to require free redistribution, we eliminate the temptation to throw away many long-term gains in order to make a few short-term sales dollars.”
လို့ ရေးထားပါတယ်။ စာကြောင်းလေးက တိုပေ မယ့် အဓိပ္ပာယ်ကတော့ ရှင်းရှင်းလင်းလင်းရှိမယ် ထင်ပါ တယ်။ သမားฝိုးကျမဟုတ်တဲ့ လိုင်စင်တွေကို ပြောင်းလဲ ရယူနိုင်ပါတယ်။ ရေရှည်ကောင်းမွန်တဲ့ ၀န်ဆောင်မှု အတွက် ငွေကြေးအနည်းငယ်ကို တစ်ကြိမ်သာ ပေးฝုံပဲ ဆိုတဲ့ ဖျားယောင်းမှုမျိုးနဲ့လည်း ငွေရှာနိုင်တဲ့ OSS လို့ နားလည်ထားကြပါတယ်။ Open Source ကတော့ ဆော့ဖ်ဝဲတွေကို ပြန်လည်ပြုပြင်နိုင်ဖို့ကို အဓိကထားပြီး လွတ်လွတ်လပ်လပ် သုံးနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒီလိုလုပ် ပေးတာ ပြန်လည်ပြုပြင်သူတွေအတွက် ကောင်းမွန်လို့ တိုးတက်မှုတွေ မြန်မြန်ဆန်ဆန်ဖြစ်စေနိုင်ပေမယ့် တခြား ဘက်မှာတော့ အသုံးပြုသူတွေကို ဘယ်လောက်များ မျှမျှ တတ ကာကွယ်ပေးနိုင်ဦးမလဲဆိုတာ ဆန်းစစ်ရမယ့် အနေအထားမှာ ရှိပါတယ်။ OSS ကြောင့် ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်တစ်ခုကို နမူနာပြရမယ်ဆိုရင်တော့ Linux အသုံး ပြုသူတော်တော်များများဟာ Closed-Source Driver တွေနဲ့ Closed-Source Software တွေကို ထည့်သွင်းအသုံးပြုနေ ကြပါပြီ။ ဥပမာ nVidia Graphic Driverနဲ့ Adobe Flash Player လိုမျိုး အများသုံးဆော့ဖ်ဝဲတွေကို Closed-source အနေနဲ့ လက်ခံပြီး အသုံးပြုနေကြတာမျိုးပါ။ သူတို့ရဲ့ အတွေးအခေါ်ပေါ် မူတည်ပြီး ဘယ်နေရာမှာ Freedom ဖြစ်တယ်ဆိုတာ ကွာခြားနေသလို  Open Source နဲ့ Free Software ရဲ့ အဓိပ္ပာယ်ပြန်ဆိုချက် ကွဲလွဲနေဆဲပါ။
“Open Source သမားတွေကတော့ အသံကျယ် ကျယ်နဲ့ OSS ကိုသုံးဖို့ တိုက်တွန်းနေကြသလို တစ်ဦးချင်း သမားတွေကော လုပ်ငန်းသုံးတွေမှာပါ OSS ကို တော် တော်များများ သုံးလာကြပြီ။ OSS က အသုံးများလာတာနဲ့ အမျှ တိုးတက်ဖွံ့ဖြိုးလာသလို လွတ်လွတ်လပ်လပ်လဲ ရှိပါ တယ်။ သူ့ရဲ့အသိုင်းအ၀ိုင်းကလဲ တော်တော်ကြီး ကျယ် ပြန့်သွားပြီဆိုပေမယ့် OSS ရဲ့အနှစ်သာရက တကယ့်ဆရာ ကြီးတွေနဲ့ လက်တွေ့လေ့လာနေတဲ့လူတွေ လောက်ပဲ အဆင်ပြေပါလိမ့်မယ်။ စဉ်းစားကြည့်မယ်ဆိုရင်  သူတို့ရဲ့ ဆော့ဖ်ဝဲတွေကို ဘယ်လို အကာအကွယ်ပေးရမယ်ဆိုတာ သူတို့ကို မသင်ကြားပေးနိုင်ပါဘူးလို့  FSF တည်ထောင်ခဲ့ တဲ့ Richard Stallman က Free Software တွေမှသာ ကာကွယ်မှုပေးနိုင်ဖို့ အမြဲကြိုးစားနေတာ ဖြစ်တယ်” ဆို ပါတယ်။
OSS နဲ့ FSF နာမည်တွဲယူပြီးမှ တခုနဲ့ တခု အဆိုးမြင် တာတွေ ဘယ်ကများ စလာတာပါလိမ့်။ မကြာ ခဏတွေ့ ဘူးနေကြဖြစ်တဲ့ GNU ဆိုတဲ့နောက်မှာ Linux ဆိုတာကို ထားပြီး GNU/Linux ဆိုတာကြီးကို တွေ့ဖူးပါလိမ့်မယ်။ Linux ဆိုလည်း လူတိုင်းသိနေပါပြီ။ ဘာကြောင့်များ GNU ကြီးရှေ့က ထည့်နေရတာလဲ။ “Guh-noo Slash Linux” ဆိုပြီး GNU ဆိုတာကိုဖော်ဖော်ပြီး  ခေါ်နေကြတာဆိုတော့ GNU က တကယ်ပဲ အကုန်လုံးအတွက် လုပ်ဆောင်ပေး နေတာလား Linux ရဲ့ တိုးတက်မှု တစ်ခုကို အခြေပြုပြီး နာမည်ယူချင်နေလို့လား။ Linux မှာ GNU က တကယ်ပဲ အဓိကကျသလား။
တော်တော်များများကတော့ GNU/Linux လို့ခေါ် တာ သဘောမကျကြဘူး။ ဥပမာ Linux သမားတွေ အကြိုက် Linux Journal မှာဆိုရင် GNU/Linux ဆိုတာ Linux တွေ အကုန်လုံးကို အကျဉ်းချုံးပြီး ခေါ်ထားတာလို့ပဲ မြင်တယ်ဆိုတဲ့အကြောင်း ရေးထားတာတွေ့ရပါတယ်။ တချို့တွေဆိုလဲ Linux အရှေ့မှာ ဘယ့်နှယ် ကြောင့် အသံတိတ်စကားလုံး GNU/ ကို ထည့်ထားရတာလဲ။ အဲဒါက ကျွန်တော် တို့ကြားထဲမှာ ရန်တိုက်ပေးသလိုပဲတဲ့။ တကယ်လို့များ တစ်ယောက် ယောက်က GNU Slash ကို အရမ်းထင်ရှားစေချင်ရင်တော့ ပုံမှန် X11, Gnome, Gimp, Frozen Bubble ဆိုတာတွေကြားမှာ GNU ကို ထည့်ထည့် ပေးသွားပြီး X11 Guh-noo Slash  Gnome Guh-noo Slash  Gimp Guh-noo Slash  Frozen Bubble ဆိုတာမျိုးသုံးရင် ပိုပြီး လူသိများနိုင်တယ်လို့ ရယ်စရာပြောတဲ့လူလဲ ရှိတာပါပဲ။
ဒါပေမယ့် တကယ်တမ်းတော့ GNU Tools တွေ ကျယ်ပြန့်လွန်းတာ အသုံးတည့်လွန်းတာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။ Linux ကတစ်ခုခုကို GCC မပါပဲ လုပ်ခဲ့ တယ်ဆိုပြီး ငြင်းချက်ထုတ်မယ်ဆိုရင် တော်တော်ရှာဖွေ စဉ်းစားရပါလိမ့်မယ်။ GCC မပါပဲလုပ်ခဲ့တာတွေ မရှိ သလောက်ပဲလေ။ ပျမ်းမျှတွက်ရင်တော့ သူတို့လဲ ဒီလောက်ကြီး အကာအကွယ်ပေးနိုင်တယ်လဲ မဟုတ်ပါ ဘူး။ GCC ကိုသုံးခဲ့ကြတယ်။ GNU Project အဖြစ် ဆော့ဖ်ဝဲတွေ ရေးခဲ့ကြတယ်။ အရမ်းကောင်းတဲ့ Free Software တွေပေါ့။
Richard Stallman ကတော့ GNU အတွက် GCC, GDB နဲ့ Emacs တွေ တသီတတန်းကြီး ရေးသားပြုစုခဲ့ ပါတယ်။ ဒါတွေ ကောင်းကောင်းမွန်မွန် အလုပ်လုပ်ဖို့ အသုံးပြုရလွယ်ကူဖို့နဲ့ ပြန်လည်ပြင်ဆင်ပြီး ပြန်ထုတ်ဖို့ အတွက် သူပေးခဲ့ရတဲ့အချိန်တွေက မနည်းပါဘူး။ သူ ကိုယ်တိုင် စိတ်ရောကိုယ်ပါနှစ်ပြီး အလုပ်လုပ် တပါးသူ တွေလဲ စိတ်ပါလာအောင် စည်းฝုံးပံ့ပိုးမှုတွေ အကူအညီ တွေ ပေးပြီး ထူထောင်ထားတဲ့ အဖွဲ့အစည်းတစ်ခုကို ကျွန်တော်တို့ လက်ရှိမှာ မြင်တွေ့နေရฝုံတင်မက အဲဒီက အသီးအပွင့်တွေပါ ခံစားနေရတာပဲလေ။ ဒီတော့ အရင် တုန်းက သူတို့ကြိုးစားခဲ့သမျှတွေ ဒါမှမဟုတ် သူတို့ရဲ့ ရပ်တည်ချက်တွေကိုတော့ ဘယ်သူမှ လစ်လျှုရှုနိုင်မယ် မထင်ဘူး။ ဒါပေမယ့် Linux အသုံးပြုသူတွေအနေနဲ့လည်း လွတ်လပ်မှုအတွက် ရည်ရွယ်ထားတဲ့ Open နဲ့ Free အနှစ်သာရပျက်မှာ ဆိုးလို့တားထားတဲ့ စည်းကမ်းတွေကို ရှောင်လွားပြီး ဒီ OS ကို စည်းကမ်းရှိရှိ လွတ်လွတ်လပ်လပ် ပဲ သယ်ဆောင်သွားလိမ့်မယ်လို့ ထင်မြင်မိပါတယ်။
တကယ်လို့များ တခြားကောင်းမွန်တဲ့ Operation System တစ်ခုကိုတွေ့ခဲ့မယ်  ကျွန်တော့်အတွက် ဒါမှ မဟုတ် အကုန်လုံးအတွက် အဆင်ပြေပြီး လွတ်လပ်စွာ လေ့လာမယ် ပြုပြင်မယ် ဖြန့်ဝေမယ်ဆိုတဲ့ ၀ါသနာတူရာ တွေရဲ့ လေ့လာရာ စုစည်းရာ တစ်ခုကတော့ BSD မှာပါ။ Berkeley Software Distribution ရဲ့ လိုင်စင်အောက်မှာ လွတ်လပ်တဲ့ကုဒ်တွေကို  ပြည့်ပြည့်၀၀ အသုံးချပြီး ဆော့ဖ်ဝဲကုဒ်တွေ ပိုမိုတိုးတက်လာစေနိုင်ပါတယ်။ ကိုယ့် ကုဒ်တွေကို ယူသုံးထားရင်လဲ အချိန်ဘယ်လောက်ကြာ ကြာ ကိုယ့်ကို လစ်လျှုရှုတာမျိုးမလုပ်ပဲ အရင်ရေးသားသူ တွေရဲ့ အမည်ကို မှတ်တမ်းတင်ပေးထားမှာပါ။ GPL လိုင်စင်ကတော့ ကုဒ်တစ်ခုလုံးကို ပြုလုပ်နိုင် ပြုပြင်နိုင် တယ်။  ယူသုံးတာက အခြားတစ်ယောက်ဆိုလည်း စော စောကပြောသလို GPL နဲ့ မူကွဲတွေပဲ အသုံးပြုရမယ်၊ Credit ပေးရမယ်။ အဲဒါကို အစွယ်အပွားလေးလုပ် ပြုပြင် ပြီး နောက်ထပ် နာမည်တစ်ခု လိုင်စင်တစ်ခုနဲ့ ထပ်ထွက် လာနိုင်တယ်။ ကိုယ်ပိုင်ကုဒ်တွေကိုလဲ ပြုပြင်ပြီး GPL လိုင် စင် တစ်ခုအောက်မှာထားပြီး ကိုယ့်အလုပ်တွက် အသုံးပြု နိုင်တယ်။ တကယ်တမ်းတော့ Free နဲ့ Open သမားတွေရဲ့ စေတနာက လွတ်လွတ်လပ်လပ် သုံးစေချင်တာခြင်း အတူတူပါပဲ။
တခါတလေ ငြင်းခုံတာတွေရှိနိုင်တယ်။ ဘယ် လိုင်စင်ကိုသုံးမလဲ ဆိုပြီးတော့။ BSD လိုင်စင်က ရေရှည် အတွက် စိတ်ချရတယ်ဆိုရင် တယ်ဆိုရင် တစ်ယောက်က GPL မှာကပြုပြင်ပြောင်းလဲခွင့်ပိုများတယ် ပြောမှာပါပဲ။ အဲလိုအငြင်းပွားရင်းနဲ့ပဲ သံသရာရဟတ်က တပတ်လည် လာပြန်ပါပြီ။ ဘာလို့လဲဆိုတော့ Open သမားတွေနဲ့ Free သမားတွေရဲ့ ရန်ဘက် close-source တွေဟာပြန်လည်ပြီး ဦးမော့လာပြီ ဖြစ်ပါတယ်။
သူတို့ကလည်း ထုတ်ကုန်တွေကို ပိုကောင်းအောင် ပိုမြန်အောင် ထုတ်တယ်။ ဒါပေမယ့် Free နဲ့ Open လိုမျိုး လေ့လာခွင့်တွေ ပြုပြင်နိုင်စွမ်းတွေ မပါလာဘူး။  ဒီနည်းနဲ့ Free နဲ့ Open သမားတွေကို တိုက်ခိုက်တယ်။ ဆော့ဖ်ဝဲ တစ်ခုက ကောင်းနေရင် စောစောထွက်လို့ ချက်ခြင်းသုံးလို့ ရနေရင် နောက်မှ ထွက်လာမယ့် ကိုယ်တိုင်ပြင်ဆင်ရမယ့် ဆော့ဖ်ဝဲတွေကို စိတ်ဝင်စားမယ် မထင်ပါဘူး။  အခုချိန်မှာ Free သမားနဲ့ Open သမားတွေ ညီညီညွတ်ညွတ် ရှိမယ် ဆိုရင် FSF ရဲ့ ဦးတည်ချက်တွေကို လိုက်နာမယ်ဆိုရင် သူတို့တွေက OSS ပဲဖြစ်ဖြစ် FSF ပဲဖြစ်ဖြစ် အသိအမှတ် ပြုနေကြမှာ။ တကယ်လို့ GNU/Linux လို့ပဲ ခေါ်ရမယ် ဆိုရင်လည်း ကျွန်တော်တို့အတွက် အပန်း မကြီးပါဘူး။
ကျွန်တော်တို့ရဲ့ ထင်မြင် ယူဆချက်တွေကြောင့် လူအများ အပေါ် မမြင်ကွဲလွဲမှုတွေ မဖြစ်စေ သင့်ဘူး။ အငြင်းမပွားခိုင်းသင့် ဘူး။ ထင်မြင် ယူဆချက်တွေ ကြောင့် အချင်းချင်းပဲ ထိခိုက်နစ်နာစေတယ်။ တေးရေး ဆရာ George Gershwin ကတော့ “tomayto” ဒါမှမဟုတ် “tomato” ဘာပဲဖြစ်ဖြစ် ခေါ်နိုင်တဲ့အကြောင်း ရေးသွားပြီ။ ကျွန်တော်တို့ ဆီမှာလဲ အဲဒီ Tomato ကို တချို့ဒေသက မြေပုံသီးလို့ ပုံသဏ္ဍာန်နဲ့ အမည်ပေးတယ်။ ရန်ကုန်မှာက ခရမ်းချဉ်သီးလို့ခေါ်တယ်။ အင်းလေးဒေသ ကတော့ အင်းသီးလို့ ပြောကြတယ်။ ဘယ်လိုပဲခေါ်ခေါ် ပြောပြော သူ့ရဲ့တကယ့် အရသာပျက်တာမဟုတ်လို့ နာမည်နဲ့ ပတ်သက်ပြီး ငြင်းခုန်နေလို့ အကျိုးမဖြစ်ထွန်းပါဘူး။ကွာခြားမှုက သိပ်များတာမှမဟုတ်တာ။ ဒီအတွက် openနဲ့ free ထိပ်တိုက် တွေ့မယ့်ကိစ๖မျိုးကိုရှောင်ပြီး အတွေး အခေါ်ပိုင်းဆိုင်ရာ ကွာခြားချက်တွေကို ငြင်းခုံနေတာကို လျှော့ချပြီး ကြည့်လိုက်မယ်ဆိုရင် Free ကော Open ကော ဦးတည်ချက် ရည်ရွယ်ချက်တွေ အတူတူပါပဲ။ တစ်ခုနဲ့တစ်ခုနဲ့ သီးသန့်ကြီးခွဲပြရလောက် အောင် သိပ်မရှိပဲ အတွေးအခေါ်အပေါ် အခြေခံတဲ့ ကွဲပြားခြား နားချက်တွေကို မေ့ထားပြီး ကိုယ့်ရဲ့ရည်ရွယ်ချက် ဖြစ် မြောက်အောင်ပြီးမြောက်အောင် ဆောင်ရွက်မယ်ဆိုရင် နောက်ဆုံး အသုံးပြုသူတွေဘက်က လွတ်လပ်မှုနဲ့ အသုံး တည့်တဲ့ ဆော့ဖ်ဝဲတွေအတွက် Free & Open ဘက် ပြန်ပြီး မြတ်မြတ်နိုးနိုး သုံးကြမှာပါပဲ။
ဒါမှမဟုတ် သူတို့ Free နဲ့ Freedom ကို သေချာ နားလည်ဖို့ လိုသေးတယ်ထင်ပါသလား။ အဲဒီစကားတွေ ပေါ် ဘာသာပြန် အတွေးအခေါ်ပိုင်းဆိုင်ရာ ဆွေးနွေး အဖြေရှာရင်း စကားတွေများဖို့လိုမှာလား၊ ကျွန်တော်တော့ အဲလို မထင်ပါဘူး။ အခုချိန်မှာ ကုဒ်ရေးဆွဲသူ ထောင် သောင်းများစွာဟာ မတူညီတဲ့ လိုင်စင်တွေအောက်မှာ အတူတူ အလုပ်လုပ်နေကြတယ်။ GPL, LGPL, BSD, MIT, Mozilla နဲ့ Apache တို့လိုမျိုးများစွာသော လိုင်စင်တွေထဲမှာ Free Software လား Open Source လား။ Linux လား GNU/Linux လား။ ဘာတွေနဲ့ ခွဲခြားမလဲ။
အသုံးပြုသူတွေကကော ဘာကြောင့် အခမဲ့ မဟုတ်တဲ့ ဆော့ဖ်ဝဲတွေကို ရွေးချယ်ခဲ့တာလဲ။ Free Software တွေကို လွတ်လပ်တယ်မှန်ပေမယ့် သူတို့ စိတ် ၀င်စားမှုများတဲ့ Free Software ကိုပဲ သူတို့က အစဉ် တစိုက် ရေးပေးနေကြတော့ တချို့အသုံးပြုလိုတဲ့ ဆော့ဖ်ဝဲ တွေမှာ လူအများစုအတွက်လဲ မဟုတ်ဘူး။ တစ်ဦးတစ် ယောက်အတွက် ဒါမှမဟုတ် စီးပွားရေးအတွက်ဆိုရင် ဆော့ဖ်ဝဲရေးသားသူတွေ လုံ့လစိုက်နိုင်အောင် ဆော့ဖ်ဝဲ ပိုကောင်းလာအောင် non-free ဆော့ဖ်ဝဲတွေကို သုံး ချင်ကြပါတယ်။ တကယ်လို့များ သူတို့ကို Free Software ဆိုတာဘာလဲဆိုပြီး ပြောပြချင်တယ်ဆိုရင်တော့ ကောင်း ပါတယ်။ ၀က်ဘ်ဆိုက်တွေ သတင်းတွေ ဆောင်းပါးတွေ ကနေ တစ်ဆင့်ချင်း ပညာပေးနိုင်ပါတယ်။
ကိုယ့်ရဲ့  စိတ်ကူးတွေနဲ့တော့ သူတို့လုပ်ချင်တာနဲ့ တူမှာ မဟုတ်လောက်ဘူး။ သူတို့ဘက်က ရွေးချယ်စရာ ရှိလို့ ရွေးချယ်တဲ့ နေရမှာတော့ ကိုယ့်ရဲ့အမြင်တွေနဲ့ လမ်း ညွှန်နိုင်မှာပါ။ ပုံသေကြီးရွေးဖို့တော့ ဘယ်သူ့ကိုမှ ဖိအား ပေးဖို့ မကြိုးစားပါနဲ့။ ဘာကြောင့်လဲဆိုရင် အဲလို လုပ်ฝုံနဲ့ သူဟာ Open / Free တွေကို စိတ်ဝင်စားလာနိုင်မှာ မဟုတ် သလို Free နဲ့ Open ရဲ့ အနှစ်သာရလည်း သိလိုက်ရမှာ မဟုတ်ပါဘူး။
တကယ်လို့များ close-source တွေဖြစ်တဲ့ Nvidia-Driver တွေ Adobe Flash Player တွေသုံးဖို့လိုနေလား။ သုံးသာ သုံးချလိုက်ပါ။ အဲတာတွေလဲ Free Software တွေပါပဲ။ Free ဆိုတာ အနှောင်အဖွဲ့မရှိတဲ့ လွတ်လပ် ခြင်းသဘောလေ။

No comments:

Post a Comment