လူသားတိုင်းအတွက် အသိပညာစွယ်စုံကျမ်း
Wikipeia ဆိုတာဘာလဲ
Wikipedia ဆိုတာ အင်တာနက်ပေါ်က အခမဲ့ လွတ်လပ်စွယ်စုံကျမ်းပါ။ ဘာသာစကားပေါင်း မြောက် များစွာနဲ့ ဒီစွယ်စုံကျမ်းကြီးကို ဘယ်သူမဆို လွပ်လပ်စွာ အခမဲ့ ဖတ်ရှုနိုင်ပါတယ်။ လိုအပ်နေတဲ့ အကြောင်းအရာ တွေ ဖြည့်စွက်ဖို့ဖြစ်စေ၊ လုံးဝမရှိသေးတဲ့ အကြောင်းအရာ အသစ်တစ်ခုကို ထပ်မံဖြည့်သွင်းဖို့ဖြစ်စေ၊ မည်သူမဆို ကိုယ်တိုင်ပါဝင် လုပ်ဆောင်နိုင်ပါတယ်။ Wiki ရဲ့ Logo ကို အပိုင်းအစလေးတွေ ဆက်ပြီး ကစားရတဲ့ Jigsaw ကစားနည်းအတိုင်း ကမ္ဘာပေါ်က ဘာသာစကားပေါင်း များစွာနဲ့ အသုံးပြု နိုင်တဲ့ ဒီ Wikipedia မှာ သင်ကိုယ်တိုင် ပါဝင်ဖို့ လိုအပ်နေ ပါသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ပုံဖော် ထားတာ တွေ့နိုင်ပါတယ်။
Wikipeia ဘယ်လို ပေါ်ပေါက်လာတာလဲ၊
အခြားစွယ်စုံကျမ်းတွေနဲ့ ဘာကွာလဲ

ဘာကြောင့်လဲဆိုရင် Encarta မှာက အခကြေးငွေ နဲ့ ရေးသားပေးတဲ့ ဆောင်းပါးတွေ ပါဝင်တယ်။ ကမ္ဘာ ကျော်တွေ သိပ္ပံပညာရှင်တွေရဲ့ အဆိုအမိန့်တွေ ပါဝင် ပါတယ်။ တစ်နှစ်ထက်တစ်နှစ် ပါဝင်တဲ့ အကြောင်းအရာ တွေ ပိုမိုများပြားလာပြီး ပိုမိုစုံလင်လာပါတယ်။ အဲတာ ကတော့ နာမည်ကြီးလူသုံးများပြီး ၀ယ်ယူသုံးစွဲရတဲ့ စွယ်စုံကျမ်းပါ။
အခုပြောနေတဲ့ Wikipedia ဆိုတာကကော Encarta လိုပဲလား။ Wikipedia နဲ့ Encarta နှစ်ခုလုံးက စွယ်စုံကျမ်းပဲလေ။ ဒါပေမယ့် ပညာရှင်တွေ ပေါင်းရေးပြီး Encarta က ၀ယ်ရတယ်။ Wikipedia မ၀ယ်ရဘူး ဒါပဲ ခြားနားချက်ရှိတာလား။ အဲဒီလောက်နဲ့တော့ လူတွေက Wikipedia ကို မညွှန်းပါဘူး။ Wikipedia ကို မစတင်မီက Nupedia ဆိုတဲ့ သာမန်စွယ်စုံကျမ်းပုံစံနဲ့ စတင်ခဲ့ပေမယ့် နောက်ပိုင်း အခုမြင်နေရတဲ့ Wikipedia Project အဖြစ် ပြောင်းလဲခဲ့တယ်။ လူတိုင်းပါဝင်ပြီး ပြင်ဆင်ရေးသားတာ တွေ ထပ်မံပေါင်းထည့်တာတွေ ပြုလုပ်နိုင်တဲ့ စွယ်စုံကျမ်း တစ်ခုအနေနဲ့ပေါ့။
ပါမောက္ခတစ်ယောက်ကဖြစ်ဖြစ် ၀ါသနာရှင် တစ်ယောက်ကဖြစ်ဖြစ် အကြောင်းအရာတစ်ခုကို စပြီး ရေးသားနိုင်တယ်။ ပိုသိတဲ့ တစ်ယောက်က လိုအပ်ချက် တွေ ဖြည့်စွက်မယ်။ စာလုံးပေါင်းမှားတာပဲ ဖြစ်ဖြစ် အချက်အလက် မှားတာပဲဖြစ်ဖြစ် ကိုယ်တိုင်သေသေ ချာချာသိတယ်ဆိုရင် ၀င်ပြင်နိုင်တယ် ဖြည့်စွက်နိုင်တယ်။ တကယ်လို့ Wikipedia မှာ တစ်ယောက်ယောက် တင်ထား တာဟာ မသေချာတဲ့ အချက်အလက် ဖြစ်နေတယ်။ ကိုယ်ကလည်း သိတော့သိပါရဲ့ ၀င်ပြင်ရလောက်အောင် လည်း မသေချာဘူး၊ အကိုးအကားနဲ့ ညှိနိုင်းသင့်တယ် ထင်ရင် Discussion နေရာမှာ ဆွေးနွေးနိုင်တယ်။ ကိုယ် တိုင် Wikipedia မှာ ရေးသားတော့မယ်၊ ပြင်ဆင်တော့ မယ်ဆိုရင် မှတ်ပုံတင်ထားဖို့ လိုပါတယ်။ အခကျေးငွေ ပေးစရာ မလိုပါဘူး။ ကိုယ်ရေးတဲ့ ဆောင်းပါးဟာ မှန်ကန် ဆီလျှော်သင့်တော်မှု ရှိမရှိတော့ စိစစ်ပါလိမ့်မယ်။
စွယ်စုံကျမ်းတွေ တော်တော်များများ Online မှာ ရှိနေပါတယ်။ သို့သော် ၀င်ရောက်ပြင်ဆင်ဖို့ အခွင့်မရှိတဲ့ အတွက် ကျန်တဲ့ စွယ်စုံကျမ်းတွေဟာ Up to Date မဖြစ် ပါဘူး။ Wikipedia ကို မည်သူမဆို ၀င်ရောက်တည်းဖြတ် နိုင်တဲ့အတွက် Up to Date ဖြစ်နေတဲ့ Wikipedia ကို Print ထုတ်မယ်ဆိုတောင် ဆောင်းပါးတွေဟာ Print ထုတ်ပြီး ချိန်မှာ ဆောင်းပါအရေအတွက်နဲ့ ပါဝင်တဲ့ အချက် အလက်က တူညီမှာ မဟုတ်တော့လောက်အောင်ပဲ တိုး တက်များပြားနေပါတယ်။
Wikipedia ကို မြန်မာဘာသာစကား အပါအ၀င် ဘာသာစကားပေါင်း (၂၇၂) မျိုးလောက်နဲ့ ရေးသား ထားပါတယ်။ တကယ်ဆောင်းပါး အများအပြားရေးနေ တာတော့ ဘာသာစကားပေါင်း (၂၅၀) လောက်ပဲရှိမှာပါ။ ဆောင်းပါးပေါင်း (၇.၅) သန်းကျော်ရှိရာမှာ အင်္ဂလိပ် ဘာသာနဲ့တင် ဆောင်းပါးပေါင်း ၃.၂ သန်းကျော် ဖတ်ရှုနိုင် ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ဆိုရင် en.wikipedia.org ဆိုပြီး အင်တာနက်အသုံးပြု Browser ရဲ့ လိပ်စာ Address Bar မှာ ရိုက်ရမှာ ဖြစ်ပါတယ်။ မြန်မာဘာသာအနေနဲ့ my.wikipedia.org ဖြစ်ပါတယ်။ မြန်မာဘာသာနဲ့ ဆောင်း ပါးပေါင်း ၃၂၀၀ ကျော်ဖတ်ရှုနိုင်ပါတယ်။ အခြားဘာသာ စကားတွေရဲ့ လိပ်စာကို ရှာရတာ ခက်နေရင် http://www.wikipedia.org မှာ ကြည့်နိုင်ပါတယ်။ Wiki ကို ကြည့်ရှုသူသန်းပေါင်း ၂၅၀ ကျော်ပါတယ်။ ဆောင်းပါး ရေးသားသူသန်းပေါင်း ၁၀ ကျော် ရှိပါတယ်။ ပြုပြင်ပေး နေသူ အယ်ဒီတာပေါင်း ၅ သိန်းကျော် ရှိပါတယ်။ အဲလို စွယ်စုံကျမ်းကြီးဟာ တစ်နေ့ထက်တစ်နေ့ အသစ်တိုးလာ တဲ့ ဆောင်းပါးတွေ အမှားပြင်ဆင်ချက်တွေကြောင့် Print ထုတ်လို့ မမီနိုင်လောက်တဲ့ Online Encyclopedia လို့ ခေါ်ကြတာ ဖြစ်ပါတယ်။ လူတိုင်းဝင်ရေးတဲ့အတွက် မှန်ပါ့ မလားဆိုတဲ့ မေးခွန်းပေါ်မှာ တော်တော်များများက မှန်ကန် တဲ့ စွယ်စုံကျမ်းဖြစ်ကြောင်း ထောက်ခံခဲ့ကြပြီး ရေးသားတဲ့ လူတွေကလည်း အချက်အလက်တွေ ကိုယ့်အတွက် အသုံးဝင်မ၀င် ကိုယ်တိုင်ချင့်ချိန်သင့်ပါတယ်လို့ ပြောကြ ပါတယ်။
Wikipedia မှာ သိချင်တာရှာဖို့
တကယ်ပဲလွယ်ကူလား၊ ပြုပြင်ဖို့အတွက်
ဘာတွေ လိုအပ်မလဲ
ကိုယ်သိချင်တဲ့ အကြောင်းအရာတစ်ခုကို Wiki မှာ ရှာချင်ရင် Search ဆိုတဲ့နေရာမှာ ရိုက်ထည့်ပြီး အကြောင်း အရာ အချက်အလက်တွေ ရှာဖွေနိုင်ပါတယ်။ ပေါ်လာတဲ့ ဆောင်းပါးတွေထဲမှာ သက်ဆိုင်ရာ ဝေါဟာရတွေ စကား လုံးတွေအတွက် ဆောင်းပါးတွေရှိရင် Link လေးတွေကို အပြာရောင်လေးတွေ ချိတ်ထားပါတယ်။ လက်ရှိ ဆောင်း ပါးနဲ့ ဆက်စပ်မှုရှိတဲ့ ဆောင်းပါးတိုင်းအတွက် Link လေး တွေကို See also အ၀ါရောင်နဲ့ ချိတ်ထားပေးပါတယ်။ လက်ရှိဆောင်းပါးနဲ့ ပတ်သက်ပြီး သိထားသင့် ဖတ်ရှုသင့် တဲ့ အခြားဆိုက်တွေကိုလည်း External Link အနေနဲ့ လမ်းညွှန်ပေးထားပါတယ်။ လက်ရှိဆောင်းပါး ရေးစဉ်က ဘယ်က ကိုးကားခဲ့တယ်ဆိုတာကို References တွေ အနေနဲ့ ဖော်ပြထားပါတယ်။ ဆောင်းပါးတွေကို ပြုပြင်မယ် အသစ်တစ်ခု ရေးမယ်ဆိုရင်တော့ Wiki မှာ Online Register လုပ်ထားရမှာ ဖြစ်ပြီး Wiki ကို ပြုပြင်နည်းကို သိထားရပါမယ်။ Register လုပ်ရတာ ခက်ခဲမှာ မဟုတ် သလို Wiki ကို Edit လုပ်ဖို့လည်း အလွယ်တကူ လေ့လာ နိုင်တဲ့အတွက် အခက်အခဲတွေ ရှိမှာမဟုတ်ပါဘူး။
Wikipedia ဆိုတာ Nupedia ကနေ ပြောင်းလဲလာ တဲ့ စွယ်စုံကျမ်းတွေဖြစ်ကြောင်း သိပြီးပြီဆိုတော့ သူ့ရဲ့ ညီနောင် Project တွေကိုလဲ သိထားရင် ပိုပြီးကောင်း တာပေါ့။
၁။ ဘာသာမျိုးစုံ အဘိဓာန်အတွက် Wikionary
၂။ အဆိုအမိန့်တွေအတွက် Wikiquote
၃။ Online ကနေ လေ့လာသင်ယူနိုင်ဖို့အတွက်
Wikiversity
၎။ သတင်းတွေအတွက် Wikinews
၅။ စာအုပ်တွေအတွက် Wikibooks
၆။ Source တွေ အခမဲ့ကြည့်နိုင်ရန်အတွက်
Wikisource
၇။ မျိုးစိတ်တွေလေ့လာနိုင်ရန် Wikispecies
စသဖြင့် အခြား Sister Project တွေရှိပါတယ်။
အခြားသော စွယ်စုံကျမ်းတွေ လေ့လာချင်ရင်တော့ Wiki မှာ List of encyclopedia ဆိုပြီး ရှာကြည့်လိုက်ပါ။ စွယ်စုံကျမ်းစာရင်းကို ပြည့်ပြည့်စုံစုံ ဖော်ပြထားတာ တွေ့ရ ပါလိမ့်မယ်။
ကိုယ်ပိုင် Wiki တစ်ခုပြုလုပ်ခြင်း

Wiki ကို ကိုယ်ပိုင် ပြုလုပ်နိုင်မယ့်နည်းလမ်း သုံးမျိုး ရှိတယ်။ ပထမ တစ်မျိုးက Wiki Script ကို Download ဆွဲပြီး ကိုယ့်ရဲ့ Web Server Host ပေါ် တင် တာ။ နောက်တစ်မျိုးကတော့ Wiki Services တွေမှာ ပိုက်ဆံပေးပြီး ရယူတာနဲ့ အခမဲ့ Wiki Services တွေမှာ မှတ်ပုံတင်ပြီး Wiki ကိုယ်ပိုင်ရယူတာပဲ။ နောက်ဆုံး တစ်ခု ကတော့ Offline လို့ခေါ်တဲ့ အိမ်သုံးကွန်ပျူတာမှာ Local Wiki ဖန်တီးရယူတာပါ။

1. Wiki Services ပေးသောနေရာတွင် အခမဲ့ရယူခြင်း
2. Wiki Services ပေးသောနေရာတွင် နှစ်စဉ်ကြေး ပေးဆောင်၍ ရယူခြင်း
3. ကိုယ်ပိုင် Web Host ပေါ်တွင် ကိုယ်တိုင် Wiki Script တင်၍ ရယူခြင်း
4. Computer ပေါ်တွင် Local Server တည်ဆောက် ၍ Local Wiki ပြုလုပ်ခြင်း
5. USB ဖြင့် အသုံးပြုနိုင်သည့် Portable Wiki ပြု လုပ်ခြင်း
အမှတ်စဉ် ၁၊ ၂၊ ၃ ကတော့ Online အတွက် ဖြစ်ပါတယ်။ အောက်က အမှတ်စဉ် ၄ နဲ့ ၅ ကတော့ offline လို့ခေါ်တဲ့ Internet Connection မရှိရင်လဲ သုံးလို့ ရအောင် လုပ်ပေးထားတာ ဖြစ်ပါတယ်။
အလွယ်ဆုံးဖြစ်တဲ့ Wiki ကို အခမဲ့ဝန်ဆောင်မှု ပေးနေတဲ့ နေရာကနေ မှတ်ပုံတင်ပြုလုပ်ပြီး အသုံးပြု ကြည့်ရအောင်။
Wiki ကို အခမဲ့ဝန်ဆောင်မှုပေးတဲ့ နေရာပေါင်းများ စွာ ရှိပါတယ်။ အခမဲ့ Wiki ၀န်ဆောင်မှုပေးတဲ့ နေရာမှာ ကိုယ်ပိုင် Wiki ပြုလုပ်မယ်ဆိုရင်တော့ hosting တွေ Web Server တွေ ကိုယ်ပိုင် ရှိစရာ မလိုဘူး။ Data Base နဲ့ Wiki Install လုပ်ပုံလုပ်နည်း ကြုံတွေ့ရမယ့် အရာတွေကို အခမဲ့ Wiki ၀န်ဆောင်မှုသုံးရင် သိစရာမလိုဘူး။ မှတ်ပုံတင် ပြုလုပ်ပြီးတာနဲ့ ကိုယ်ပိုင် Wiki တစ်ခုကို သုံးနိုင်ပြီ။ အခမဲ့ Wiki ၀န်ဆောင်မှုသုံးရင် ကောင်တာလေးတွေက အလွယ် တကူ ပြုလုပ်နိုင်တယ်။ မြန်ဆန်တယ်။ အခမဲ့ရမယ်။ နည်း ပညာပိုင်းဆိုင်ရာ အခက်အခဲတွေ မကြုံတော့ဘူး။ Free Wiki Services ပေးတဲ့နေရာမှာ အခမဲ့ လုပ်ယူရင် Upload လုပ်တာနဲ့ Install လုပ်တဲ့ အပိုင်းကို သိစရာ မလိုပါဘူး။ သူတို့ကြော်ငြာတွေ ပါဝင်နိုင်ပြီး Domain ဟာလည်း yourname.freewiki.com လိုမျိုး Sub Domain နဲ့ ဖြစ်နေ မယ်။ ကောင်းမွန်ပါတယ်ဆိုတဲ့ Wiki လုပ်ဆောင်ချက် အချို့ကို အသုံးပြုနိုင်မှာ မဟုတ်ဘူး။
တကယ်လို့ ကိုယ်ပိုင် Wiki ရယူချင်တယ်ဆိုရင် အခမဲ့ Wiki အလွယ်တကူ ပြုလုပ်နိုင်တဲ့ အောက်မှာ ဖော်ပြထားတဲ့ နာမည်ကြီးဆိုက်တွေမှာ ရယူနိုင်ပါတယ်။
• Wetpaint
http://www.wetpaint.com
• Wiki Spaces
http://www.wikispaces.com
• Wikia
http://www.wikia.com
ကိုယ်ပိုင် Host / Web Server ပေါ်မှာ Wiki ကို Upload လုပ်မယ်ဆိုရင်တော့ ကိုယ့်စိတ်ကြိုက် လုပ်နိုင် တယ်။ Media Wiki အသုံးပြုဖို့ Script ကို အခမဲ့ရယူနိုင် ပါတယ်။ Media Wiki လည်း အခြား CMS တွေလိုမျိုး Security Update တွေ ထုတ်ပေးနေတဲ့အတွက် လုံခြုံရေး အားနည်းချက်ပေါ်တာနဲ့ ဖာထေးနိုင်တယ်။ Media Wiki ကို အသုံးပြုပြီး စိတ်ကြိုက် Design ကိုယ်ပိုင် Domain နဲ့ ပြုလုပ်နိုင်ပါတယ်။ Media Wiki သုံးလို့ Wikipedia ဆိုဒ် အတိုင်း Design တွေ တူနေမှာ မပူပါနဲ့။ Design ဆိုဒ်တွေ၊ Group အစုအဖွဲ့တွေ၊ မိသားစုအကြောင်း၊ ကျောင်း အကြောင်း စုပေါင်းရေးသားထားတာ အများကြီး ရှိပါ တယ်။ ဘာတွေအတွက်ပဲဖြစ်ဖြစ် Wiki ကို သုံးနိုင်ပါတယ်။ ကိုယ့်ကုမ္ပဏီအလုပ်အကိုင် ကုန်ပစ္စည်းတစ်ခုခုအကြောင်း သတင်းတွေ နောက်ဆုံးသတင်းတွေ တင်နိုင်တယ်။
အင်တာနက်ပေါ်က ကိုယ်ပိုင် Wiki
ကိုယ်ပိုင် Wiki တစ်ခုကို ကိုယ်ပိုင် Server ပေါ်မှာ တင်မယ်ဆိုရင် လိုအပ်ချက်တွေအနေနဲ့ကတော့ -
1. Host နဲ့ Domain ရှိရပါမယ်။
2. Host ပေါ် Media Wiki ကို Upload လုပ်တဲ့ အပိုင်းနဲ့
3. Install လုပ်တဲ့ အပိုင်း
တွေကို နားလည်ထားဖို့ လိုမယ်။ အခြားသောHost နဲ့ Script ပိုင်းဆိုင်ရာ အခြေခံအချက်အလက်တွေ ကို သိထားသင့်ပါတယ်။
Offline Wiki

Wiki ကို Portable အနေနဲ့ သုံးမယ်ဆိုရင် Wiki Portable နဲ့ သုံးနိုင်တဲ့နည်း နှစ်မျိုးရှိပါတယ်။
WOS Portable နဲ့ Uniform Server ဆိုတဲ့ Software တွေကို အသုံးပြုပြီး Wiki ကို သယ်ယူသွားနိုင်တဲ့ Memory Stick တွေ USB Drive တွေနဲ့ အသုံးပြုနိုင်ပါတယ်။ သုံးရ လွယ်တဲ့ WOS Portable ထည့်သွင်းပုံ ထည့်သွင်းနည်းကို ပြောပြပေးပါ့မယ်။ Wos Portable ကို chsoftware.net ကနေ ရယူနိုင်ပါတယ်။ WOS ကို ကြိုက်နှစ်သက်ရာနေရာ မှာ Install လုပ်လိုက်ရင် apache, mysql, php စတဲ့ Services ကို Run ပေးပါတယ်။ WOS အတွက် ပြင်ဆင် ထားတဲ့ Mediawiki ကို တပေါင်းတည်း ထည့်ပေးထားပါ တယ်။ ပုံမှန် Wiki တွေအတွက် ပြင်ဆင်ရတာလောက် တောင် အချိန် မကြာပါဘူး။ WOS အတွက် အဆင်သင့် ပြုပြင်ပြီးသား wiki အပြင် -
Drupal (Version 5.1)
Joomla (Version 1.0.12)
Knowledgeroot (Version 0.9.8.1)
Mambo (Version 4.6)
MediaWiki (Version 1.9.3)
Moodle (Version 1.7.1)
OS_Commerce (Version 2.2)
PHPMyAdmin (Version 2.10.0.2)
PunBB (Version 1.2.15)
TYPO3 (Version 4.1.1)
Wordpress (Version 2.1.2)
စတဲ့ CMS တွေ Forum Script တွေကိုပါ Portable အနေနဲ့ ရယူအသုံးပြုနိုင်ပါတယ်။ Setting တွေ ထပ်မံ ပြောင်းလဲစရာမလိုပဲ USB ကနေ ဘယ်စက်မှာမဆို အသုံး ပြုနိုင်ပါတယ်။
လူသားတိုင်းတွက် Wiki
Wiki မှာ အမည်တစ်ခုနဲ့ မှတ်ပုံတင်ထားရပါမယ်။ Online Registration ဖြစ်ပြီး မည်သည့် ၀န်ဆောင်ခမှ ပေးရန် မလိုပါ။ စတင်အသုံးပြုသူများအနေနဲ့ အစမ်း လေ့ကျင်နိုင်ရန် စာမျက်နှာရှိပါတယ်။ အဲဒီနေရာမှ ရေး သားတာ ပြုပြင်တာ စမ်းသပ်နိုင်ပါတယ်။ ဆောင်းပါး အသစ်တစ်ခုကို ရေးတော့မယ်ဆိုရင် ကိုးကားတွေ အရင် စုထားပြီး ယခင်ရေးပြီးသား ဆောင်းပါး ရှိမရှိ အရင်ရှာပါ။ ရေးပြီးသားရှိနေခဲ့ရင် ကိုးကားရည်ညွှန်းတွေနဲ့ ပိုမိုကောင်း မွန်အောင် ပြုပြင်နိုင်ပါတယ်။ မရှိခဲ့ရင်တော့ စာမျက်နှာသစ် အနေနဲ့ စတင်ရေးသားနိုင်ပါတယ်။
Wikimedia Foundation မူအတိုင်း ဘက်မလိုက် သော အမြင်ဖြင့်သာ ရေးသားဖော်ပြသင့်ကြောင်း wikimyanmar.co.cc တွင် တွေ့ရပါတယ်။ ဒါ့အပြင် အချို့ အကြောင်းအရာတွေအတွက် ခိုင်မာသော သက်သေ အထောက်အထား စာအုပ်စာတမ်းဖြင့် ရေးသားမှသာ သံသယရှိဖွယ် အချက်အလက်အဖြစ် သတ်မှတ်ကာ ပယ် ဖျက်ခြင်း သို့မဟုတ် ပြုပြင်ပြောင်းလဲခြင်းမှ ကင်းဝေးမှာ ဖြစ်ပါတယ်။ ဆောင်းပါးတွေပေါ်မှာ ကိုယ့်အမြင် အယူ အဆတွေ ထည့်သွင်းရေးသားတာမျိုး လုပ်တာဟာ Wiki ကနေ ရည်ညွှန်းကိုးကား ယူသုံးတဲ့သူတွေအတွက် အဆင် မပြေပဲ အချက်အလက်မှားတွေ စွဲမှတ်သွားနိုင်တဲ့အတွက် ကိုးကားချက်တွေ ရည်ညွှန်းချက်တွေကို ဆိုလိုရင်း မူလ အာဘော်အတိုင်း သီအိုရီအတိုင်း လိုအပ်ချက်များကိုသာ ဖြည့်စွက်ထည့်သွင်းပေးတာ အသင့်တော်ဆုံး ဖြစ်ပါ တယ်။ ဒီလိုမူတွေနဲ့အတူ Wiki ကို GNU FDL (Free Document License)နဲ့ အသုံးပြုထားတဲ့အတွက် မိမိ ရေးသားဖြည့်စွက်တဲ့ ဆောင်းပါးတိုင်း FDL လိုင်စင်နဲ့ အကျုံးဝင်တယ်ဆိုတာ သိထားရပါမယ်။ ၄င်းလိုင်စင်နဲ့ အကျုံးမ၀င်သော ဆောင်းပါးများ အား ကူးယူတင်ပြခြင်း မပြုလုပ်ရပါဘူး။
ဒါပေမယ့် Wiki ကို ရဲရဲသုံးပြီး ရဲရဲသာပြုပြင်ပါလို့ ဆိုထားပါတယ်။ ဘာကြောင့် လဲဆိုရင် ကိုယ်တင်လိုက်တဲ့ ဆောင်းပါးကို မည်သူမဆို စာလုံးပေါင်းမှအစ အချက် အလက်မှန်ကန်မှု လိုအပ်နေတဲ့ အချက်အလက်များ ထပ်မံထည့်သွင်းခြင်းများ စသဖြင့် ပိုမိုသင့်တော်အောင် ကောင်းမွန်အောင် ပြုပြင်ကြဦးမှာ ဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အကယ်၍သာ ကိုယ့်ဆောင်းပါးက အခိုင် အမာ အထောက်အထားနဲ့ ရည်ညွန်းကိုးကားတွေ ပြည့်စုံ နေတယ်ဆိုရင်တော့ ပြုပြင်လိုသော အချက်အလက် ရှိပါ က ဆွေးနွေးရန်တွင် အချက်အလက်နဲ့တကွ တင်ပြထား ပါတယ်။ ဒီ့ထက်ခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ ကိုးကား ရှိရင် လာရောက်ဆွေးနွေးနိုင်ပါတယ်ဆိုပြီး ထပ်မံမပြုပြင်ဖို့ တောင်းဆိုထားနိုင်ပါတယ်။
အခမဲ့ လွပ်လပ်စွယ်စုံကျမ်းလို့ခေါ်တဲ့ ``လူသား တိုင်းအတွက် အသိပညာစွယ်စုံကျမ်း Wikipedia´´ မှာ သင်ကိုယ်တိုင်ပါဝင်မှ ပြည့်စုံမှာပါဆိုတဲ့ Wiki ရဲ့ logo လေး အတိုင်း ကျွန်တော်တို့ ကိုယ်တိုင် Wikipedia မှာ ကိုယ် သိထားတဲ့ Wiki ရဲ့ လိုအပ်ချက် ကွက်လပ်လေးတွေကို ၀င်ရောက်ဖြည့်စွက်ရေးသားပြီး လောကကို ကောင်းကျိုး ပြုကြပါစို့။
Ref: my.wikipedia.org
Wikimyanmar.co.cc
Wiki.mysteryzilion.org
No comments:
Post a Comment