Tuesday, April 24, 2012

Photoshop သင်ခန်းစာSpecial Effect Part (5)

ရေလိုနေတယ်

မီးနဲ့ရေဟာ လူသားတွေအတွက် အင်မတန် အရေးပါပါတယ်။ အဲလိုပဲ ပန်းချီနဲ့ Photoshop လောကမှာ မီးနဲ့ ရေကို ဖန်တီးတယ် ဆိုတာလည်း တော်တော်လေး အရေးပါပါတယ်။ အရင် Tutorial မှာ မီးတောက်ဖန်တီးတာကို ပြောခဲ့ပါတယ်။ ဒီ Tutorial မှာတော့ ရေကို ဖန်တီးတဲ့နည်းကို ပြောပြပါမယ်။ ရေမှာအရောင်မရှိပါဘူး။ တခါတရံမှာ အပြာရောင်၊ မီးခိုးရောင်သန်းနေတယ်လို့ ထင်ရပါတယ်။ တကယ်တော့ ရေဟာ Light နဲ Reflection အပြောင်းအလဲကြောင့် ဖြစ်လာတဲ့ ပုံရိပ်ပဲ ဖြစ်ပါတယ်။ ဒီ Tutorial မှာ ရေကို နှစ်မျိုးလုပ်ပြပါမယ်။ ရေစက်နဲ့ ရေကွက်ပဲဖြစ်ပါတယ်။


၁) ပထမဦးဆုံး ရေစက်များပြုလုပ်ပုံကို ပြောပြပါမယ်။ အဲဒီအတွက် လိုအပ်တဲ့ ပုံကို ဖွင့်ပါ။ ဒီပုံပေါ်မှာ ရေစက်တွေတင်နေတာကို ဖန်တီးမှာ ဖြစ်ပါတယ်။


၂) ရေစက်များအဖြစ်ဖန်တီးရန် လိုအပ်သော B rush ကိုဖန်တီးပါမည်။ ထို့အတွက် Brush Preset Box ကို ခေါ်ပါ။ Keyboard Command F5 ကိုနှိပ်ပြီး ခေါ်နိုင်သည်။ ပထမဦးစွာ Brush Tip Shape ကို ပြင်ပါမည်။ Brush Size ကို 19 တွင် ထားပြီး Spacing ကို 255% သို့ပြောင်းပါ။ ကျန်တာအားလုံး Default ဖြစ်သည်။

၃) ပြီးလျှင် Shape Dynamic ကိုပြင်ပါမည်။ Minimum Roundness တစ်ခုတည်းသာ Default ဖြစ်ပြီး ကျန်သောတန်ဖိုး အားလုံးကို ပြင်ပါမည်။ Shape Dynamics သည် Brush ကို ရွဲ့စောင်းစေသဖြင့် ရေစက်များနှင့်တူစေပါမည်။

၎) ပြီးလျှင် Scattering ကို ပြောင်းပါ။ Scattering မှာ Brush များကို ရေစက်များကဲ့သို့ ပြန့်ကျဲစေပါမည်။

၅) အထက်ပါ Brush Presets ကို ပြင်ပြီးပါက New Layer တစ်ခုခေါ်ပြီး Brush ဖြင့်ဆွဲပါ။ Brush Size အသေးအကြီးကို keyboard ပေါ်မှ ( [ ) နှင့် ( ] ) အသုံးပြုပြီး ပြောင်းနိုင်ပါသည်။

၆) ပြီးလျှင် ထို Layer ၏ Blending Options ကိုဝင်ပြီး Bevel & Emboss ကို ရွေးပါ။ Glass Contour ကို Cone-Inverted သို့ပြောင်းပြီး Shadow Mode Opacity မှာ 26% ဖြစ်သည်။ ပုံအတိုင်းတွေ့ရမည်။


၇) ပြီးလျှင် Layer ၏ Blending Mode ကို Lighten သို့ပြောင်းပါ။

၈) ရေစက်များကို ပို၍အသက်ဝင်စေရန် Background Layer အား Spherize Effect ထည့်ပါမည်။ သို့အတွက် Background Layer ကို Select လုပ်ပါ။ ပြီးလျှင် Ctrl ကိုဖိပြီး အပေါ်မှ ရေစက် Layer ကို Click လုပ်ပါ။ ရေစက်များအတိုင်း Selection Marquee များပေါ်လာပါလိမ့်မည်။ ပြီးလျှင် (Filter>Distort>Spherize..) လုပ်ပါ။

အထက်ပါ အဆင့်များပြီးလျှင်တော့ ပုံအတိုင်းတွေ့ရပါမည်။

ယခုတစ်ခါ ရေကွက်များကို ဖန်တီးနည်းကို ပြောပြပါမည်။ ရေကွက်ဟာလည်း ရေစက်တွေနဲ့ အရိပ်အမှောင် သဘောတရား ယူဆပုံဆင်ပါတယ်။ ပထမဦးစွာ အဆင့် (၁) အတိုင်း လိုအပ်သော ပုံကို ဖွင့်ပါ။

၉) New Layer တစ်ခုခေါ်ပါ။ Foreground နှင့် Background ကို Default တွင်ထားပါ။ Keyboard Command =D ကိုနှိပ်လျှင်လည်း ရပါသည်။ ပြီးလျှင် (Filter>Render>Cloud) ဖြင့် တိမ်ပုံစံကိုဖြည့်ပါ။ ပုံအတိုင်းတွေ့ရမည်။


၁၀) ပြီးလျှင် (Image>Adjustment>Threshold) ကိုရွေးပါ။ ပုံအတိုင်း တွေ့ရမည်။

၁၁) ပုံမှ အဖြူရောင်နေရာကို Magic Wand ဖြင့် ရွေးပါ။ အဖြူအားလုံး တစ်ပြိုင်နက်ရွေးနိုင်ရန် Contiguous ကိုဖြုတ်ထားပါ။

ပြီးလျှင် Delete လုပ်ပါ။ ပုံအတိုင်း တွေ့ရမည်ဖြစ်သည်။

၁၂) ထို Layer ကို အထက်တွင်လုပ်ခဲ့သည့် အဆင့် (၆) မှ (၈)အထိ Blending Option, Blending Mode, Spherize စသည်များ ပြန်လည် လုပ်ဆောင် လိုက်လျှင် ပုံအတိုင်းတွေ့ရမည်ဖြစ်သည်။

ဤ Tutorial အတိုင်း ပြုလုပ်ထားသော ပုံများကို နမူနာလေ့လာနိုင်ရန် ဖော်ပြထားပါသည်။ အကယ်၍ အရောင်ပါသော သွေးကွက် စသည်များ အဖြစ် ဖန်တီးလိုပါက Blending Option ထဲမှ Color Overlay ကို လိုအပ်သလောက် Opacity ထည့်ယူပြီး အလွယ်တကူ ဖန်တီးနိုင်ပါသည်။



ရေအသက် တစ်မနက် တဲ့။ သိပ်မထူးဆန်းပါဘူး။ ဒီ Tutorial ကိုသာကျွမ်းကျင်ရင်တော့ ရေကို တစ်မနက်နဲ့တင် ဖန်တီးနိုင်ပါလိမ့်မယ်။

No comments:

Post a Comment