Photoshop သင်ခန်းစာSpecial Effect Part (4)
မီးတောက်အသွင်
ဒီတစ်ခါ Tutoral ကတော့ မီးတောက်တွေကိုဖန်တီးမှာဇြစ်ပါတယ်။နမူနာအနေနဲ့ မီးတောက် Text တစ်ခုကိုလုပ်ပြထားပါတယ်။ ဒါပေမယ့် စိတ်ကူးကောင်းသလောက် ဘယ်အရာမဆို မီးလောင်တိုက်သွင်းလို့ ရနိုင်ပါတယ်။
၁)ဒီအတွတ် ပထမဦးဆုံး New File တစ်ခုကိုဖွင့်ပါ။ လိုအပ်တဲ့Text နဲ့ Font ကိုရိုက်ပါ။
၂) Layer Style ကို Gradient Overlay ထည့်ပါမည်။ လိုအပ်သောGradient Fill မှာ Orange, Yellow, Orange ဖြစ်သည်။မီးအရောင် ရင့်ရင့် လိုချင်လျှင်တော့ Red, Orange, Red စသည်ဖြင့် သင့်စိတ်ကြိုက်ပြောင်းယူနိုင်သည်။
ပြီးလျှင် Inner Glow လုပ်ပါမည်။
ပြထားသည့်အတိုင်း Color ကို အမည်းရောင်ပြောင်းပြီး Blending Mode ကို Normal သို့ပြောင်းပါ။ Elements Size မှာပုံ၏ ကိုလိုက်ပြီးအပြောင်းအလဲရှိနိုင်ပါသည်။ပြီးလျှင်ပုံအတိုင်းတွေ့ ရပါမည်။
၎) Layer >Duplicate Layer သို့မဟုတ်(Ctrl +J) ကိုနှိပ်ပါ။ Layer Paette တွင်ထို Layer အသစ်ကို Right Click နှိပ်ပြီး Rasterize Layer ကို ရွေးပါ။ ပြီးလျှင် Layer Palette မှမျက်လုံးပုံကို နှိပ်ပြီးအောက်မှ Layer ကို ခေတ္တဖျောက်ထားပါမည်။ အပေါ်မှဖွင့်ထားသော Layer ကို (Image >Rotate Canvas >90 CW) လုပ်ပါ။ ပြီးနောက်(Filter >Stylize>Wind ) ကိုဝင်ပါ။ (Wind , From Lfet) ကို ရွေးပါ။ပုံအတိုင်းတွေ့  ရမည်။ အကယ်မီးတောက်ရှည်ရှည် လုပ်လိုပါလျှင် (Ctrl +F) ကိုနှိပ်ပြီး Wind Filter ကို အထပ်ထပ်ထည့်နိုင် ပါသည်။ ဒီအဆင့်မှာတော့တစ်ခါပဲ Wind Filter ထည့်ပါသည်။
၅) Layer>Rotate Canvas >90 CCW ကိုရွေးပါ။ပြီးလျှင် (Filter>Distort > Ripple)ကိုရွေးပါ။ပုံအတိုင်းတွေ့ ရမည်။
၆) Tool Box မှ Smudge Tool ကိုရွေးပါ။
ထို Smudge Tool ဖြင့် Text ကို မီးတောက်ကဲ့သို့  ဖြစ်အောင် အထက်ဘက်သို့  ပွတ်ဆွဲပေးပါ။ နေရာ၌ Filter>Liquify ကိုအသုံးပြုလည်း ရပါသည်။
ပြီးလျှင်ပုံအတိုင်းတွေ့ ရပါမည်။
၇)ပြီးလျှင်ထိုLayer အောက်မှမျက်လုံးပိတ်ထားသော Layer ကို ပြန်ဖွင့်ပါ။ Blending Options ကို ၀င်ပါ။ပထမ Set လုပ်ထားသော Inner Glow နှင့်Gradient များကိုဖြုတ်ပါ။ ဒီအဆင့်မှာတော့ သင်ကြိုက်နှစ်သက်ရာ Effect ကိုထည့်နိုင်ပါသည်။ နမူနာပုံအတိုင်းဆိုရင်တော့ Bevel & Emboss ကိုရွေးပါ။Inner Bevel ဖြစ်ပြီး Glass Contour ကို Cove-Deep သို့ပြောင်းပါ။ Text ကိုဖန်သားကဲ့သို့ ပြုလုပ်ခြင်းဖြစ်သည်။Shadow Mode Color ကို ၀ါညိုရောင်(R=112,G=79,B=0) သို့ရွေးပါ။မီးအရောင်ဟပ်သကဲ့သို့  ဖြစ်စေရန်ဖြစ်သည်။
၈) ပြီးလျှင် ထိုLayer ကို အပေါ်ဆုံး Layer ဖြစ်အောင်Drag ဆွဲပြီးအပေါ်သို့ ရွှေ့ ပါ၊ပြီးလျှင်Fill Percentage ကို(0%) သို့  ရွှေ့ ပါ။ ပုံအတိုင်းတွေ့ ရမည်ဖြစ်သည်။
ဒီအောက်က နမူနာ Text Effect ကတော့Wind Filter ကို သုံးကြိမ်ထည့်ထားပါတယ်။Black Background ဖြစ်တဲ့အတွတ်Outer Glow ကိုRed Color ပြောင်းသုံးတားပါတယ်။ ဒါ့အပြင်မီးတောက်ကိုမထင်စေလိုတဲ့အတွတ်Gussian Blur=2 pixels လောက်ထည့် ခပ်ဝါးဝါးလုပ်ထားပြီး Distort>Ripple မလုပ်ထားပါဘူး။ ရှေ့ကText ကိုတော့ Ddfault Bevel &Emboss အပြင်Gradient Overlay ကိုပါသုံထားပါတယ်။
ဒီအတိုင်းပဲ စိတ်ကူးတည့်ရာမှန်သမျှမီးရှိ့ ပစ်လိုက်လို့  ရတယ်နော်။အဲ့ဒီအတွတ် လို အပ်တာက သင့်ရဲ့  ပူစပ်စပ်အတွေးနဲ့ စိတ်ကူးတွေပါပဲ။
ဘာပဲဖြစ်ဖြစ်ပါ အနည်းဆုံးတော့ဒီ Trtorial ဟာ မီးသတိပေးလက်ကမ်းကြေငြာတစ်ခုကို အသာလေးဖန်တီးနိုင်တယ်ဆိုတာကိုတော့ မေ့မထားစေချင်ဘူး။

No comments:
Post a Comment