PC တစ်လုံးတပ်ဆင်ခြင်း(၁)

PC တစ်လုံးကို
ရွေးချယ်ဝယ်ယူနိုင်ရန် ရေးသား ပြီးဖြစ်လို့ တပ်ဆင်ရန်အတွက်
ဒုတိယပိုင်းအနေနဲ့ ဆက် ရေးလိုက်ပါတယ်။ တပ်ဆင်တဲ့အပိုင်းက သီအိုရီနဲ့ အတိ
အကျပြောလို့ မရပဲ မိမိဝယ်ယူထားတဲ့ ပစ္စည်းတွေ အနေ အထားအရ ပြောင်းလဲတတ်တာမို့
ဘယ်လိုလာလာ နားလည်အောင် အဓိကထားပြီး ပြောပေးပါ့မယ်။ ကျွန်တော့်ရဲ့
တွေ့ကြုံဖူးသလောက်၊ လေ့လာဖူးသလောက် ဖြစ်တတ်တာလေးတွေကိုပါယှဉ်ပြီး
ပြောပြသွားပါ့မယ်။
PC tower တစ်လုံး တပ်ဆင်ဖို့
အကူပစ္စည်း ဘာတွေ လိုအပ်ပါသလဲ
အဓိကလိုအပ်တာကတော့
ဝက်အူလှည့် (screw driver)သုံးမျိုးနဲ့ ပလာယာ (plier)လိုပါတယ်။ ဒါပေမဲ့
ဝက်အူလှည့်တစ်ချောင်းတည်းနဲ့ တပ်ဆင်နိုင်အောင် ပြောပြပေးပါ့မယ်။
အရေးကြီးဆုံး လိုအပ်တဲ့ တစ်ခုက စိတ်ရှည်ဖို့ပါ။ ဟုတ်ပါတယ် ... အဓိက
စိတ်ရှည်ရှည်နဲ့ သတိထားပြီးလုပ်ဖို့ လိုပါတယ်။ (စီးပွားဖြစ်
လုပ်ကိုင်သူများ အတွက်တော့ screw set တွေနဲ့ ခေါင်းတွေ အများကြီးပါတဲ့
ဝက်အူလှည့်တွေ ၀ယ်ထားပေါ့။ ပီစီအတွက် လိုအပ်တဲ့ ၀က်အူ(screw)နဲ့
ဝါလျှာတွေကို အကန့်လိုက် ဗူးနဲ့ လာပါ တယ်။ တရုတ်နိုင်ငံက ထုတ်တာပါ။
ကိုယ့်ဘာသာ ဆင် သူများအတွက်တော့ သူ့မှာပါတာနဲ့ အားလုံးအဆင် ပြေပါတယ်)
သတိထားရန် အချက်များ
1. Thermal compound ကို CPU နှင့် heat sink ထိတွေ့မည့်နေရာမှအပ မည်သည့်နေရာမှ မပေပါစေနှင့်။ (အထူးသဖြင့် compound ကို CPU မှာ သုတ်လိမ်းပြီး လက်သေချာမသုတ်ပဲ RAM ကို ကိုင်မိ တတ်ပါတယ်။ နေရာ ကောင်း သွားထိရင် power on တာနဲ့ ပျက်ပါတယ်)
2. Motherboard ပေါ်မှ CPU slot
ငုတ်တိုင်များကို လုံးဝ မကောက်ပါစေနှင့်။ (တစ်ခုခု ပြုတ်ကျ၍သော်
လည်းကောင်း၊ CPU ထောင့်မှားတပ်မိ၍ သော်လည်း ကောင်း ကောက်သွားတတ်ပါတယ်)
3. Screw
လှည့်ရင်း mother-board ပေါ် ချော်၍ ခြစ်မိခြင်း မဖြစ်ပါ စေနှင့်။
(လက်ကိုင်ကို အပေါက်လုပ်ထား ပြီး ဖင်နဲ့ ခေါင်းကို လှည့်သုံးလို့ရတဲ့ ၀က်အူ
လှည့်များသည် motherboard ပေါ် ပြုတ်ကျတတ်ပါတယ်။ motherboard
ပေါက်တတ်ပါတယ်)
4. Motherboard user guide
စာအုပ်တွင် ညွှန် ကြားထားသော ထူးခြားချက်များကို လိုက်နာပါ။ (ASUS board
တစ်ခုမှာ ကြုံဖူးပါတယ်။ 1066 MHz DDR II RAM ကို သုံးမယ်ဆိုရင် slot
အနက်မှာသာ တပ်ဆင်ရန်လို့ စာအုပ်မျက်နှာဖုံးမှာကို ပြောထားပါတယ်။
တလွဲတပ်မိတဲ့ အခါ သုံးလအတွင်း MB abilities ကျသွားပါတယ်။ error
မျိုးစုံတက်ပါတယ်)
5. Slots များ၊ connectors များ အားလုံးကို နေရာကျမကျ၊ မှန်မမှန် သေချာ စစ်ဆေးပြီးမှ power ကြိုးထိုးပါ။ power on ပါ။


လုပ်ရင်းကိုင်ရင်း သတိ မထားမိပဲ ဖြစ်တတ်တဲ့ အမှားတွေ မို့ ကြိုတင် သတိပေးထားတာ ဖြစ် ပါတယ်။ device တိုင်းမှာ ညွှန်
ကြားချက် စာရွတ်တွေ ပါပါတယ်။ အကယ်၍ မိမိအားလုံး သိနေပြီး သားဆိုရင်တောင်
မျက်ခြေမပြတ် ပါစေနဲ့။ တစ်ချက်လောက်တော့ သတိထားပြီး ကြည့်လိုက်ပါဦး။ ကဲ
စဆင်ရအောင်ဗျာ ...။
ဝယ်ထားတာတွေအားလုံး
ထုတ်ပြီး တစ်နေရာရာ မှာ ချခင်းလိုက်။ (အဲဒီလို လွတ်လပ်တဲ့ တစ်နေရာမှာ
ဖြန့် ခင်းလိုက်တော့ နင်းမိ၊ ဖိမိမှာ မပူရတော့ဘူး။ တပ်ဆင်တဲ့ နေရာမှာ
ကျန်ခဲ့တာလည်း မဖြစ်နိုင်တော့ဘူး။ တကူးတက ယူရတာဖြစ်တော့ တစ်ခုခု
ကိုင်ခါနီးတိုင်း အပေါ်ကလို အမှားတွေ မဖြစ်အောင် သတိထားမိသွားမှာ ဖြစ်ပါတယ်။
အခုမှ စလုပ်ကြည့်မယ်ဆိုသူများအတွက် ဒီနည်းပဲ လုပ် ကြည့်ပါ)
ပထမဆုံးအနေနဲ့
ပုံးကို ဖွင့်ပါမယ်။ Tower တိုင်းဟာ အနောက်ဘက်မှာ ၀က်အူလေးလုံးနဲ့
အဖုံးနှစ်ဘက်ကို တပ်ထားလေ့ ရှိပါတယ်။ နောက်ဆုံးပေါ်ပုံးတွေက ခေါင်း ကြီးပြီး
လက်နဲ့ လှည့်နိုင်တဲ့ screw မျိုးကို ပုံးနောက်မှာ တပ်ဆင်ပေးထားပါတယ်။
ဝက်အူလှည့် မရှိရင်တောင် ပုံးဖွင့်လို့ ရအောင်ပါ။ အဖုံးနှစ်ဘက်ကို ဖွင့်ကာ
ပုံးကို လှဲလိုက်ပါ။ ပစ္စည်းတွေကို ပုံးထဲမှာ တပ်ဆင်ရမှာ ဖြစ်လို့
အပိတ်ပါတဲ့ဘက်ကို အောက်ဘက်ထားပါ။

ပြီးရင် အရှေ့ဖုံးကို ဖြုတ်ပါ။ ထောင့်လေးထောင့်နဲ့ အလယ်မှာ စို့တွေ ပါပါတယ်။ တစ်ခုခုနဲ့ ကလော်ပြီး ဖွင့်လို့ ရပါတယ်။ ဒါပေမယ့် အဖုံးမပဲ့အောင် မနာအောင် ဂရုစိုက် ပါ။ ညင်ညင်သာသာ လုပ်ကိုင်ပါ။
အရှေ့ဖုံးကို
ဖွင့်ရတာက optical drive တပ်ဖို့ အတွက်ပဲ ဖြစ်ပါတယ်။ တကယ်လို့ အဖုံးကို
မဖွင့်ချင်ခဲ့ရင် drive တပ်ဖို့ လုပ်ပေးထားတဲ့ နေရာတွေရဲ့ ရှေ့မှာ ကာထား
တဲ့ ကော်ပြားကို နောက်ကနေ ကလော်ထုတ်ပေးလို့ ရ ပါတယ်။

အဖုံးရဲ့
အနောက်ဘက်မှာ ကော်ပြားကို အခုလို ငုတ်လေးတွေနဲ့ချိတ်ပြီး ခံထားပါတယ်။
အဲဒီငုတ်ကို အမာနဲ့ သွားမကော်ပါနဲ့ ကျိုးတတ်ပါတယ်။ လက်နဲ့ အသာလေး ဟပြီး
အဖုံးကို ဆွဲပါ။ အဖုံးတွေကို တော်ရုံနဲ့ မကျိုးနိုင်တဲ့ ပလက်စတစ်
အပျော့စားတွေ သုံးပါတယ်။ အဲဒါကြောင့် အဖုံးက တော်ရုံနဲ့ မကျိုးတဲ့အပြင်
အနည်းငယ် ကွေးနိုင်ပါ တယ်။ ဖွင့်လို့ အဆင်ပြေတယ်ဆိုရင်တော့ ရှေ့အဖုံးကို
ဖြုတ်စရာ မလိုပါဘူး။ ပုံးဖွင့်ပြီးတာနဲ့ မိမိရွေးချယ်ထားတဲ့ casing က power
supply ပါပြီးသားဆိုရင်တော့ တပ်ဆင် ပြီး ဖြစ်တာတွေ့ပါလိမ့်မယ်။ အကယ်၍
လဲချင်တာ (သို့) မပါခဲ့တာဆိုရင် power supply ကို တပ်ဆင်ပါ။ ဘယ်လို တပ်ရမလဲ
ပြောစရာ မလိုလောက်ပါဘူး။ အထဲနဲ့ အပြင်က ကြည့်ရုံနဲ့ သိနိုင်ပါတယ်။
တပ်ဆင်ရာမှာ အသုံးပြုမယ့် screw များ၊ ၀ါလျှာများ၊ ကလပ်များကတော့ casing
မှာ ပါလာမှာ ဖြစ်ပါတယ်။ ပုံးရဲ့ အနေအထားအရ အဆင်ပြေ မယ့် screw နဲ့
ကလပ်များကို ပေးထားပါလိမ့်မယ်။ (အခု နောက်ပိုင်း ကြုံတွေ့ရသလောက်တော့
အားလုံး ဒီပုံစံပဲ လာပါတော့တယ်။ အဲဒါတွေအတိုင်း တပ်ဆင်ပြထား ပါတယ်) အခုပြထားတဲ့အတိုင်း ခွက်တစ်ခုထဲသို့ ပေးထား တဲ့ screw အားလုံးကို ထည့်ပါ။

တကယ်တမ်းဆိုရင်တော့
အခုပြထားတဲ့ ပုံအတိုင်း screw အမျိုးမျိုး ပါပါလိမ့်မယ်။ (mini-jumper မှ
လွဲ၍ပေါ့။ သူကတော့ motherboard မှာ ပါမှာပါ)

Round head screw 6.0mm
ဆိုတဲ့ ၀က်အူက motherboard ကို ပုံးမှာ တပ်ဖို့အတွက် သုံးပါတယ်။ ခေါင်း
ကို ထောင့်တွေ လုပ်ပေးထားပြီး 6mm အစွပ် ၀က်အူလှည့် နဲ့
လှည့်ပေးလို့ရအောင်လို့ ဖြစ်ပါတယ်။ ၀က်အူလှည့်အချွန် ကို သုံးမယ်၊ screw
ရဲ့ဝက်အူလှည့်တဲ့ အ၀က တိမ်မယ်ဆို ရင် ချော်ပြီး motherboard
ခြစ်မှာစိုးတဲ့အတွက် ဖြစ်ပါ တယ်။ အစွပ်ဝက်အူလှည့် မရှိတဲ့အတွက် ရိုးရိုး
ဝက်အူ လှည့်နဲ့ပဲ တပ်ဆင်နိုင်အောင် ပြောပြပေးပါ့မယ်။ ဒါပေမယ့် လှည့်တဲ့အ၀က
သူအနက်ဆုံးမို့ အတတ်နိုင်ဆုံး ဒီဝက်အူကို
motherboard တပ်မယ့်နေရာမှာ သုံးပါမယ်။ (အကယ် ၍ မလောက်ဘူးဆိုလည်း
ပြဿနာတော့ မရှိပါဘူး။ အားလုံးရဲ့ အရစ်ဆိုဒ်ကတော့ တူတူပါပဲ)။ Insulating
washer ဆိုတာကလည်း motherboard ပေါ် ၀က်အူ တင်တဲ့အခါ board မပွန်းအောင်၊
မနာအောင် ခံပေးဖို့ ဖြစ်ပါတယ်။ အခြားနေရာတွေအတွက် မလိုပါဘူး။ Hex Nut screw
5x6mm ဆိုတဲ့ ကလပ်ကိုတော့ ပုံးမှာခံထားတဲ့ သံပြားပေါ်တပ်ပေးပြီး သူ့ပေါ်က
motherboard တင်ပါ မယ်။ သူ့အပေါက်ထဲကို motherboard ရဲ့ ၀က်အူ ရစ်ထည့် ရမှာ
ဖြစ်ပါတယ်။ သံကလပ်ဖြစ်တဲ့အတွက် လျှပ်ကူး ပါတယ်။ motherboard ရဲ့
ဝက်အူပေါက်နဲ့ ကွက်တိကျတဲ့ နေရာမှာသာ သူ့ကို တပ်ဆင်ရပါတယ်။ (ကျန်တဲ့နေရာမှာ
တပ်ရင် လျှော့ဖြစ်ပြီး လောင်တတ်ပါတယ်)။ PCB space support ဆိုတာကတော့ ခုနက
ကလပ်တပ်မရတဲ့နေရာ တွေမှာ motherboard ကို အမာခံပေးဖို့အတွက် သုံးပါ တယ်။
(ရှင်းအောင်ပြောရရင် သံကလပ်ကို ၀က်အူရစ်ခံဖို့ အတွက် သုံးပါတယ်။ ပုံးက
အပေါက်တွေများတဲ့အတွက် ပုံးနဲ့ motherboard ထိမယ့်နေရာမှာ အခြားအပေါက်လွတ်
တွေ ရှိပါသေးတယ်။ အဲဒီနေရာတွေကို ကော်ကလပ် ကို တပ်ပေးလိုက်ရင် motherboard
မညွှတ်တော့ ပါဘူး။ ဒါပေမယ့် အခုနောက်ပိုင်းလည်း ဒီကလပ် တွေ ပါမလာတော့ပါဘူး)။
Speaker နဲ့ အပိတ်သံပြားကတော့ motherboard က ပါမှာဖြစ်ပါတယ်။ Mother-board မှာ ပါတဲ့ port တွေ အတိုင်း နေရာတကျ ဖောက်ထား တဲ့ သံပြားဖြစ်လို့
အခြား သံပြားကို အသုံးပြုလို့ မရပါဘူး။ ပုံးမှာ တစ်ခုခု တပ်ဆင်
ပေးထားမယ်ဆိုရင် ဖြုတ်လိုက်ပါ။ motherboard မှ ပေးထားသော သံပြားကို
တပ်ဆင်ပါ။
ပြီးရင်
motherboard ကို ပုံးပေါ်မှာ နေရာချကြည့် ပါ။ ၀က်အူရစ်မယ့်အပေါက်နဲ့
ပုံးမှာပါတဲ့အပေါက် ကွက်တိ ကျတဲ့နေရာတွေကို မှတ်သားပြီး သံကလပ်ကို စိုက်ပါ။
အနည်းဆုံး ထောင့်လေးထောင့်ကတော့ မိရပါမယ်။ ကလပ်တွေထဲကို ၀က်အူရစ်
ထည့်မှာဖြစ်လို့ ကလပ်ကို တင်းအောင်လှည့်ပါ။ လက်နဲ့ မလှည့်နိုင်ရင်တော့ ပလယာ
နဲ့ လှည့်ဖို့လိုပါတယ်။ (အ၀တ်အုပ်ပြီး လက်နဲ့လှည့်ရင်ကို ရပါတယ်။
တင်းသွားတယ်ဆိုရင် ရပါပြီ)။ ကလပ်ကို မစောင်းပါစေနဲ့။ စောင်းရင်အပေါ်က
ဝက်အူရစ်လို့ ရမှာ မဟုတ်ပါဘူး။

ဒါပြီးရင်
ပုံးကို ခဏထားပြီး motherboard ဘက် လှည့်ရအောင်။ ကြိုတင်တပ်သင့်တာတွေ
တပ်ပြီး မှ ပုံးမှာ လာဆင်ကြတာပေါ့။ motherboard ပေါ် ပစ္စည်းတွေ မဆင်ခင်
Board တစ်ခုပေါ်ပါ တတ်တဲ့ slot တွေနဲ့၊ pin တွေ အကြောင်း အကြမ်း
ပြောပြပါ့မယ်။ ပုံသေ မရှိပါဘူး။ motherboard အလိုက်နေရာတွေပါတဲ့ slot
အရေအတွက် တွေ ကွာခြားပါတယ်။ ဒါပေမယ့် ဒီ slot တွေ ဒီconnector တွေပဲ
သုံးတာဖြစ်လို့ ပုံစံမှတ်မိရင် တပ်လို့ အဆင်ပြေပါတယ်။ (ကျွန်တော်ပြောနေကျ
စကားနဲ့ဆိုရင် တော့ ကွန်ပျူတာက ကြိုးတွေတပ်ရတာ ငယ်ငယ်တုန်းက
ဘက္ထရီမီးချောင်း ထွန်းရတာထက် ပိုလွယ်ပါတယ်။ ဟုတ်တယ်ဗျ။ ဘက္ထရီမီးကမှ
အနီနဲ့အမဲ မှားနိုင်ပါသေး တယ်။ ကွန်ပျူတာက connector တွေက တပ်တာမမှန်ရင်
မ၀င်ပါဘူး။ အဲဒါ ကိုမှ အတင်းဖြဲကားပြီးထိုးရင်တော့လဲ မတတ်နိုင်ဘူးပေါ့။)

1. ATX power connectors
2. CPU socket
3. CPU and chassis fan connectors
4. RAM slots
5. CPU overclock switch
6. IDE connector for HDD
7. SATA connectors
10. system panel connector
14. USB connectors
16. IDE connector for floppy
18. front panel audio connector
20. Express Gate (now! only ASUS)
(Motherboard ပေါ်က connectors တိုင်းကိုဘာလဲ သိရအောင် အောက်ခြေမှာ စာတွေ ရေးပေးထားပါ တယ်။ ကြည့်တာနဲ့ သိမှာပါ)

1. ATX power connectors ဆိုတာ
power supply မှ MB ဆီသို့ power ပေးသော connectors များ ဖြစ်ပါတယ်။
24-pin EATXPWR နဲ့ 4-pin ATX12V ဆိုပြီး နှစ်မျိုးရှိပါတယ်။ cpu
အပေါ်နားမှာ ရှိတဲ့ 4-pin စိုက်ရမယ့် နေရာမှာ (အခု ၈ ပေါက် ဖြစ်နေတာ
တွေ့လိမ့်မယ်။ သူ့ဘာသာ လေးပေါက် ကို ကော်ပြားလေးနဲ့ ကာပေးထားမှာ ဖြစ်ပါတယ်။
လွတ်တဲ့နေရာမှာ ထိုးပေး လိုက်ပါ။ DDR II RAM slot သုံးတဲ့ board
တွေမှာတော့ ၄ ပင်စာအတွက်ပဲ ပါပါတယ်)။ ၂၄ ပင်ပေါက်ကတော့ သိသာပါတယ်။
2. CPU socket ကတော့
လက်ရှိပုံကြမ်းမှာ 1366 pin ဖြစ်လို့ i7 CPU အတွက်ဖြစ်ပါတယ်။ ကျွန်တော်
ကတော့ 775 pin မှာ Core 2 Quard CPU ကို တပ်ဆင်ပြ သွားပါ့မယ်။ ကွာခြားမှု
မရှိပါဘူး။ တူတူပါပဲ။ အခုလို pin တွေ မကောက်အောင် ကော်ပြားတစ်ခု ခံထားပါလိမ့်မယ်။ CPU တပ်ခါနီးမှပဲ ခွါကြတာပေါ့။

3. CPU and chassis fan connectors
တွေ ကတော့ motherboard မှာ နှစ်ခုကနေ လေးခုထိ တွေ့ရ တတ်ပါတယ်။ CPU fan နဲ့
အခြားသော channel fan များ အတွက် power ပြန်ပေးဖို့သုံးခြင်း ဖြစ်ပါတယ်။
3-pin fan နဲ့ 4-pin fan နှစ်မျိုးရှိပါတယ်။ အခုနောက်ပိုင်း ထွက်လာတဲ့
board တော်တော်များများကတော့ cpu fan ကို 4-pin ပေးပြီး ကျန်တဲ့ channel
fan တွေအတွက် 3-pin နှစ်ငုတ် လောက် ထပ်ပေးတာကို အများဆုံးတွေ့ရပါတယ်။


4. RAM slots
ကိုတော့ နှစ်ခုကနေ ၆ ခုအထိ တွေ့မှာပါ။ (PC အတွက်ကိုပဲ ပြောတာပါ) အပေါ်မှာ
သတိ ပေးခဲ့တဲ့ RAM နေရာအတွက် user guide မှာ သတိပေး ထားခြင်း
ရှိမရှိကိုပြန်ကြည့်လိုက်ပါဦး။ DDR III ဆိုတာ တော့ သိပြီးဖြစ်မှာပါ။
ကျန်တာတော့ တပ်ဆင်မှပဲ ဆက် ပြောတာပေါ့။
5. CPU overclock switch
ဆိုတာကတော့ CPU ကို overclock လုပ်တဲ့အခါ motherboard ပေါ်က ဗို့အား တွေကို
မြင့်ပေးဖို့ အတွက် switch လုပ်ထားတာပါ။ အရမ်း လန်းတဲ့ motherboard
တွေမှသာ ပါတာပါ။ overclocking ဆိုတာ စတင်လေ့လာသူတွေအတွက် ကလိစရာမဟုတ်လို့
ဒီလောက်ပဲ မှတ်ထားလိုက်ပါ။ Motherboard ရဲ့ user guide မှာ switch ကို
ဘယ်လိုပြောင်းရင် volt ဘယ်လောက် ပြောင်းသွားမယ်ဆိုတာ ရေးထားပါတယ်။ Default
အတိုင်း ထားထားပေးပါ။ (ဘာမှ သွားမထိရင် သူ့ဘာသာက Default setting အတိုင်း
ရှိနေမှာပါ)

6. IDE connector for HDD
ကတော့ သိမှာပါ။ Hard disk အတွက် IDE ကြိုးတပ်ဖို့ connector ဖြစ်ပါတယ်။
နောက်ပိုင်းထွက် motherboard မှာတော့ တစ်ခုထက်ပိုပြီး မပါတော့ပါဘူး။ HDD
အတွက်လို့ ပြောလိုက်ပေမယ့် IDE optical drive များကိုလည်း ဒီ connector
ကနေပဲ တပ်ဆင် ရမှာပါ။ အဲဒီအတွက် ဒီလို board မျိုးကို ရွေးချယ်မယ်ဆိုရင်
IDE drive နှစ်ခုထက်ပိုလို့ မရပါဘူး။ (IDE ကြိုးက အပေါ်မှာ
နှစ်ခွပါတာကိုသိမှာပါ)။ ရွေးချယ်ခြင်း ဆောင်း ပါးမှာလည်း ပြောပြီး
ဖြစ်ပါတယ်။

7. SATA connectors ကတော့ နောက်ပိုင်းထွက် တဲ့ board တွေမှာ 4 ခုကနေ
8 ခုထိ ပါပါတယ်။ sata ကြိုး များဟာ တစ်ချောင်းကို drive တစ်လုံးပဲ ရတာမို့
ဝယ်ယူစဉ် ထဲက သတိပြုရန်လိုကြောင်း ပြောပြီးဖြစ်ပါတယ်။
သာမာန်
Motherboard နှင့် casing များမှာ မပါဝင် တဲ့ switch များ၊
စတင်လေ့လာသူများ သိရန်မလိုတဲ့ အချို့ အပိုင်းများကို ချန်လှပ်ခဲ့ပါတယ်။
ထပ်သိချင်တယ် ဆိုရင် တော့ user guide စာအုပ်မှာ အားလုံးရေးထား ပါတယ်။
10. system panel connector
ဆိုတာတော့ casing မှာပါတဲ့ အရှေ့ပိုင်း ခလုပ်တွေကို ဆက်သွယ်ဖို့ အတွက်
နေရာဖြစ်ပါတယ်။ power ခလုပ်၊ restart ခလုပ်၊ power မီးသီး၊ HDD မီးသီးနှင့်
motherboard speaker ကြိုးများ တပ်ဆင်ပါတယ်။
14. USB connectors
တွေကတော့ နှစ်ခုကနေ လေးခုထိ ပါတာကို တွေ့ရပါတယ်။ ပုံးအရှေ့ပိုင်းမှာ ပါတဲ့
USB အပေါက်များ နှင့် USB extra card များအတွက် ကြိုးတပ်ရန်connector
များဖြစ်ပါတယ်။ (အခု USB extra card ကို ပြထားပါတယ်။ အခုနောက်ပိုင်းမှာ
မသုံးကြ တော့ပါဘူး)


16. IDE connector for floppy
ကတော့ motherboard တိုင်းလိုလို တစ်ခုပဲပါပါတယ်။ အခုခေတ်မှာ floopy ကို
လုံးဝ မသုံးကြတော့ တဲ့အတွက် မပါတော့တဲ့ board များ ပါတယ်။ HDD နဲ့ optical
drive တွေအတွက် သုံးတဲ့ IDE ထက် အရွယ်အစား အနည်းငယ်သေးပါ တယ်။ ပုံစံကတော့ အတူတူပါပဲ။
18. front panel audio connector
ဆိုတာ ကတော့ casing ရဲ့ အရှေ့ဘက်မှာ နားကြပ်နဲ့ မိုက် အတွက် အပေါက်ပါတဲ့
casing တွေ အတွက်ပါ။ Casing ရဲ့ အရှေ့ မှာ အဲဒီ sound connector အပေါက်တွေ
မပါရင်တော့ ဒီ connector က ဘာမှအသုံး မ၀င်ပါဘူး။ အဲဒီအတွက် ပုံးရဲ့
အနောက်မှာ မိုက်နဲ့ နားကြပ်ကုန်း တပ်နေစရာ မလိုပဲ အရှေ့ မှာပဲ သက် တောင့်
သက်သာတပ်လို့ ရအောင် casing ကို သေချာကြည့်ပြီး ရွေးချယ်ပါ။

20. Express Gate
ဆိုတာတော့ အခုနောက်ပိုင်း မှာ ASUS က ထွင်ထားပြီး အသစ်ထည့်ထားတဲ့ function
တစ်ခုပဲ။ လက်ရှိအချိန်အထိ ASUS motherboard တစ်မျိုး မှာပဲ ပါသေးတယ်။ OS
အသေးစားလေးတစ်ခုလို့ ပြောလို့ ရပါတယ်။ သူက CMOS data တွေ မပေါ်ခင်
အရှေ့မှာထဲ က စပြီး အလုပ်လုပ်မယ်။ Power buttom ကို နှိပ်ပြီး ၅
စက္ကန့်အတွင်းမှာ Express gate ပေါ်နိုင်ပါတယ်။ သူ့ menu မှာ browser, skype,
movies and song player, photo viewer နှင့် mini game များ ပါဝင်ပါတယ်။
အင်တာနက် ချိတ်ပြီး ၀ဘ်ဆိုဒ်များ ဖွင့်ကြည့်နိုင်သလို၊ Skype massenger ကိုလည်း
skype ရဲ့ function အတိုင်း အပြည့် အ၀ သုံးနိုင်ပါတယ်။ (Express gate ရဲ့
နောက်ဆုံး version မှာ skype အပြင် Google talk, Yahoo, AIM, QQ နှင့် MSN
massenger ကိုပါ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ sharing နဲ့ email ကိုပါ
ထပ်မံဖြည့်စွက်ထားပါတယ်)။ Hard disk နှင့် CD drive ကဲ့သို့သော storage
device များမှ သီချင်း၊ ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်များကို
ဖွင့်ကြည့်နိုင်ပါတယ်။ windows တင်ပြီးရင် motherboard driver cd ထဲမှ
express gate ကို Install လုပ်ပေးလိုက်ရုံပါပဲ။ 500 MB ခန့်သာ နေရာယူပါတယ်။
ဝင်းဒိုးလ် boot မယူမီ အရှေ့မှာ ထဲက တက်လာမှာ ဖြစ်ပါတယ်။ Express gate
on/off နှင့် waiting time ကို BIOS ထဲမှ ပြင်ဆင်နိုင်ပါတယ်။ မြန်
ဆန်ပေါ့ပါးပြီး စိတ်ဝင်စားစရာကောင်းတဲ့ application တစ်ခုပါပဲ။ Hardware
တပ်ဆင်ခြင်း အပိုင်းမှာ သူ့အတွက် ဘာမှ လုပ်ပေးစရာ မလိုပါဘူး။
ဗဟုသုတအနေနဲ့ပဲ ပြောပြ တာ ဖြစ်ပါတယ်။

Express Gate အကြောင်း ထပ်မံလေ့ လာလိုပါက http://event.asus.com/mb/expressgate တွင် လေ့လာ နိုင်ပါတယ်။
ทรูมันนี่ วอลเล็ท PG SLOT pg wallet
ReplyDeleteทรู วอลเล็ต slot auto wallet และ pg slot true wallet (pg slot wallet หรือ slot wallet ) คืออะไรอย่างนั้นหรือ เป็นแอ ปพลิเคชัน ที่ให้บริการเงินเกมที่หลากหลาย ครอบคลุมทุกการใช้แรงงาน สามารถใช้จ่ายแทนเงินสดได้ตามร้านค้าชั้นแนวหน้าทั่วๆไป สามารถค้นหาข้อมูลเพิ่มเติมจาก ได้จาก เว็บ google เกี่ยวกับ pgslot game ได้เลย และสนุกสนานกับเกม ( game pg slot ) pg slot( pg slot wallet หรือ slot wallet ) ได้แบบไม่ง้อบัญชีธนาคาร หรือ บัตรแจกเครดิตฟรี ไม่ว่าจะเพิ่ม ถอน ทำเป็นเมื่ออยากได้ การใช้งานง่าย ไปเลย เพิ่มเติมถอน ได้ทุกที่ที่ต้องการ ตลอด 24 ชั่วโมง พร้อมให้บริการเติมเงินเกม และ อื่นๆทางด้านการเงิน รวมทั้งรับสิทธิพิเศษ มากมาย ลดขั้นตอนการเติมเงินเข้า ที่ยึ่งยาก ไม่ก็เปลี่ยนเป็นการเติมเงินที่ล้ำยุคกว่าใครๆ ที่นี่ ที่เดียว