Laptop နဲ့ Desktop ရဲ့ ကွာခြားချက်များ
(Knowledge bridge)မှကူးယူသည်
ယခုခေတ်ကာလမှာ
ကွန်ပျုတာ၊ အင်တာနက်ဆို တာ လူတိုင်းရဲ့နေ့စဉ်ဘ၀မှာ အနည်းဆုံးတော့ ကြားသိ၊
သုံးစွဲနေကြပါတယ်။ မြန်မာပြည်မှာ တကယ်လက်တွေ့ ကိုင်တွယ်သုံးစွဲနိုင်မှုကတော့
၂ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့ သိရတယ်။ ဒါဟာ အခြေနေတရပ်ကြောင့်သာ
ဖြစ်ပြီး လူအများစုကိုင်တွယ်သုံးစွဲနိုင်ဖို့ဟာ မဖြစ်နိုင်စရာ ကိစ๖တော့
မဟုတ်ပါဘူး။ မကြာခင်မှာ ရုတ်တရက်ကြီး သုံး စွဲနိုင်တဲ့
အခြေနေဖြစ်ပေါ်လာနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့
အိမ်နီးချင်းတိုင်းပြည်တွေဖြစ်တဲ့ တฝုတ်နဲ့အိနดိယ နိုင်ငံကြီးတွေက
ဈေးနှုန်းသက်သာတဲ့ နည်းပညာပစ๖ည်း တွေကို ထုတ်ဖို့ကြံစည်နေလို့ပဲ ဖြစ်ပါတယ်။
နည်းပညာ တိုးတက်ပြီး နိုင်ငံခြားတိုင်းပြည်များမှာဆိုရင် အိမ်တိုင်း
အသုံးပြုနိုင်ကြပါပြီ။ ဒီကျွန်တော်တို့ အသုံးပြုနေတဲ့ အထဲ မှာ Desktop and
Laptop ဆိုပြီးတော့ ကွဲသွားတာကိုသတိ ထားမိမယ်လို့ ထင်ပါတယ်။ Desktop
ကိုတော့ ၁၉၇၄ မှာ ပထမဦးဆုံးတီထွင်ခဲ့ပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့
ယနေ့ထိ desktop ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီး laptop ကိုလဲ
လုပ်ငန်းခွင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင် တော်တော်များက
အသုံးပြုလာကြပါပြီ။
Laptop ကတော့ Desktop နောက် ၁၉၈၁ မှာ ပထမဦးဆုံးတီထွင်ခဲ့တာ ဖြစ်ပါတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ
လုပ်ငန်းခွင်သုံး၊ စီးပွားရေးသုံး အနေနဲ့သာမက ကျောင်းသားတွေပါ
သုံးကြပါတယ်။ Lap-top မသုံးစွဲခြင်းရဲ့ အကြောင်းရင်းတွေထဲက တစ်ခုက တော့
ငွေကြေးမတတ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခု နောက်ပိုင်းမှာ
ဖွံ့ဖြိုးဆဲနိုင်ငံတွေကို p3 နဲ့ p4 (used) laptop တွေ ၀င်လာတဲ့အတွက်
laptop တစ်လုံးကို တစ်သိန်းခွဲ နှစ်သိန်းလောက်နဲ့ ရရှိနေပါပြီ။ ဒါတွေဟာ
လူတန်း စားမရွေး ကွန်ပျူတာသုံးစွဲနိုင်ဖို့အတွက် အခွင့်အရေး တစ်ခုပါပဲ။
Desktop
နဲ့ Laptop ရဲ့ ကွာခြားချက်ကတော့ ပေါ့ပါးမှု၊ သယ်ဆောင်သွားလို့ရမှု
စတဲ့အရွယ်အစားကို ခွဲခြားထားပါတယ်။ Desktop ဟာ သယ်ဆောင်ဖို့ ခက်ခဲပြီး
Laptop တွေကတော့ ပေါ့ပါးတယ်၊ သယ်ဆောင်ရ လွယ်ကူပါတယ်။ ဒီဟာကတော့
လူတိုင်းမြင်နိုင်သိနိုင်တဲ့ အရာပေါ့ Hardware လို့ခေါ်တဲ့
အတွင်းပိုင်းဆိုင်ရာ ကတော့ Desktop က ပိုသာပါတယ်။ ဘာဖြစ်လို့လဲဆို တော့
upgrade လုပ်လို့ ရလို့ပါပဲ။ Upgrade ဆိုတာကတော့ ပစ๖ည်းအသစ်ထပ်တိုး၊
ထပ်ထည့်လို့ရခြင်းပါပဲ။ laptop မှာက hard disk 320 gb ရှိတယ်ဆိုရင်
ဒီလောက်ပဲ ထပ် တိုးလို့ မရတော့ဘူး။
Desktop
မှာက upgrade လုပ်ရတာ အဆင်ပြေ တယ်၊ hard disk, memory ကို ပိုပြီး
အသုံးခံတယ်လို့ ပြောလို့ရပေမယ့် Desktop က laptop ထက် စာရင်
မီးအားပိုဆွဲပါတယ်။ ဒါပေမဲ့ ခရီးသွားရင်း စာရေးချင်သူ များအတွက် laptop က
ပိုအဆင်ပြေပါတယ်။ ဒီအပြင် အခု laptop တွေမှာပါတဲ့ Bluetooth, wireless,
webcam, finger print, card reader, usb စတဲ့ function, speaker တွေ
ပါလာပါတယ်။ ဒီ function လေးတွကို ဘယ်လိုသုံးရ တယ်ဆိုတာ ပြောပြပါမယ်။
Bluetooth
Bluetooth
ဆိုတာက အခြေခံကြိုးမဲ့နည်းပညာ ဖြစ်ပါ တယ်။ Bluetooth function ဆိုတာ
mobile အချင်း ချင်းဖြစ်စေ၊ Laptop အချင်းချင်းဖြစ်စေ ဆက်သွယ်လို့ရတဲ့
function တမျိုး ဖြစ်ပါတယ်။
Wireless
Wireless
ကလဲ ကြိုးမဲ့နည်းပညာပါဘဲ။ Bluetooth နဲ့ ကွာခြားချက်ကတော့ အကွာဝေး
ကျယ်ပြန့်ပြီး နံရံကိုပါ ဖောက်ထိုးပြီး ဆက်သွယ် နိုင်ပါတယ်။
ပိုပြီးခိုင်မာတဲ့ ကြိုးမဲ့နည်းပညာ ဖြစ်ပါ တယ်။ အထူးသဖြင့် Internet ကို
ချိတ်ဆက်တဲ့ နေရာမှာ အသုံးပြုပါတယ်။
Webcam
Webcam
ကတော့ laptop camera လို့လဲ ခေါ်ပါ တယ် laptop မှာပါတဲ့ camera ဖြစ်ပြီး
ဓာတ်ပုံ၊ ဗီဒီယို online video chat စတာတွေအတွက် အသုံးပြုနိုင် ပါတယ်။
ကိုယ့်ရဲ့ပုံကို ဒီကင်မရာနဲ့ရိုက်ပြီး ကွန်ပျူတာထဲမှာ save
(သိမ်း)လုပ်ထားလို့ ရပါတယ်။ webcam ကို သီးသန့် အနေနဲ့လည်း desktop တွေမှာ
တပ်ဆင်လို့ ရပါတယ်။
Card reader
Card
reader ကတော့ အရွယ်အစားလိုက် အမျိုးမျိုးရှိပါတယ်။ photo card, memory
card စတာတွေကို laptop မှာတခါတည်းအသုံးပြုလို့ရအောင် Card reader function
ထည့်ပေးထားပါတယ်။ အခုနောက်ပိုင်းမှာ camera အမျိုးအစားတွေ များလာတာနဲ့အမျှ
data cable တွေလဲမသိလောက်အောင် များတယ်။ ဒါပေမဲ့ card reader လေးလဲရှိတော့
card လေးကိုထုတ်ပြီး card reader လေးထဲထည့်လိုက်၊ုံဘဲ။ data cable လဲ
မလိုတော့ဘူးပေါ့။
Speaker
Laptop
မှာ speaker ပါပြီးသားဖြစ်တဲ့အတွက် အသံကြားဖို့အတွက် သီးသန့် box ၀ယ်စရာ
မလိုတော့ ပါဘူး။ ဒါပေမဲ့ speaker ကို အမြဲတမ်း နှုန်းအမြင့်ဆုံး အကြာဆုံး
ဖွင့်ထားရင်တော့ မြန်မြန်ပျက်လွယ်ပါတယ်။
Finger Print
Finger
Print ကတော့ နောက်ဆုံးပေါ်ဖြစ်တဲ့ ကိုယ့်လက်ချောင်းနဲ့ ကိုယ့် laptop ကို
password ပေးထားလို့ရပါတယ်။ပြီးတော့ ကိုယ့်ရဲလက်ပွေရာကို
သိမ်းထားလို့ရပါတယ်။
က฿ွန်တော်အကြံပြုချင်တာကတော့ Desktop မှာတော့ Bluetooth
, wireless, webcam , finger print, card reader စတဲ့ function တွေ
သိပ်မပါဘူး။ ကိုယ့် အသုံးလိုရင်လိုသလို ၀ယ်ထည့်ရတာမျိုးတွေ ရှိပါတယ်။
Laptop
မှာကျတော့ ဒီFunction တွေက အားလုံး လိုလိုမှာ ပါလာတယ်။ နောက်
ကိုယ့်မျက်နှာနဲ့ password ပေးထားတာမျိုးတွေ လုပ်လို့ရပါတယ်။ ပြီးတော့
ခရီးသွားချင်တာမျိုး၊ ဟိုနားဒီနား သယ်သွားချင်တာများမှာ Desktop က
လုံးဝအသုံးမတည့်ပါဘူး။ Laptop က ခရီးသွားရင်းနဲ့ဖြစ်စေ Seminar
တက်တဲ့အခါမှာဖြစ်စေ သယ်သွားလို့ရတဲ့ အပြင် Battery ရှိတဲ့အတွက် power
အတွက် စိတ်ပူစရာမလိုပါဘူး။ ဒီအပြင် Seminar မှာလွှတ်ထားတဲ့ Wireless
in-ternet ကိုလဲ ကိုယ့် Laptop နဲ့ အသုံးပြုလို့ရတယ်။
No comments:
Post a Comment