Sunday, April 22, 2012

SlideShow များ ပြုလုပ်ခြင်း...

 posted by..မျိုးလေး
slideshow ပြုလုပ်ပုံလေးများကို သူငယ်ချင်းများရဲ့ တောင်းဆိုမှူ နှင့် မသိသေးသူများ အတွက် တင်ပြပေးလိုက်ပါတယ်...
slideshow ပြုလုပ်ပုံတွေဟာ တစ်ဦး နှင့် တစ်ဦး တူချင်မှ တူမည်၊ ပြုလုပ်သော ဆိုဒ်များ နှင့် DVD ဆော့ဝဲလ် များလည်း တူချင်မှ တူမည်။ သို့သော ထိုထို ထဲမှ မျိုးက
လက်ရှိ အသုံးပြု အများဆုံးဖြစ်တဲ့ slideshow ပြုလုပ်ပုံ ၃ မျိုးကို တင်ပြပေးပါ့မယ်...

(၁)။ http://www.slide.com/
ကို ကလစ် ပြီး အကောင့်ဖောက်ပါ..
အကောင့်ဖောက်ပြီးလျှင် ဒီလိုပုံလေးတွေ့ ရပါလိမ့်မယ်...



Click to make your first slideshow! ဆိုတာလေးကို ကလစ်လုပ်ပေးလိုက်ပါ...
အောက်မှာ ပုံနှင့်တစ်ကွ ပြထားပါတယ်....




Preset Designs: နေရာမှ ဒီဇိုင်းလေးများကို မိမိစိတ်ကြိုက် ရွေးချယ်ပေး လိုက်ပါ .ပြီးလျှင် အောက်သို့ ဆက်သွားပါ...Browse ကိုကလစ်ပေးပြီး မိမိ ကွန်ပျုတာထဲမှ စိတ်ကြိုက်ပုံများကို ရွေးချယ်ပေးလိုက်ပါ။ရွေးချယ်ပြီးလျင် ဘောက်စ်လေး ကျလာပါလိမ့်မယ်...
 မိမိကြိုက်နှစ်သက်သော နာမည်လေးပေးပြီး Done ကို ကလစ်ပေးလိုက်ပါ...
ထိုနည်းတူစွာပင် facebook,photobucket နှင့်အခြားနေရာမှလည်း ပုံများကို
ယူနိုင်ပါသည်။



Customize your Design: နေရာလေးမှ မိမိလိုချင်သော Slideshow ဒီဇိုင်းလေးများကိုေ၇ွးချယ်ပေးပြီး စိတ်ကြိုက်ဖြစ်လျှင် Save(get code) ကို ကလစ်ပေးလိုက်ပါ...

မိမိကြိုက်နှစ်သက်သော စလိုက်ရှိုး လိပ်စာလေးတွေ ရေးပေးလိုက်ပါ...


ပြီးလျှင် သိမ်းလိုက်သော အခါ လှပတဲ့ စလိုက်ရှိုးလေးတွေ ရရှိပြီပေါ့နော်....
Bebo ကိုကလစ်ခြင်းပဲဖြစ်ဖြစ် အခြား တစ်ခုခုကိုကလစ်ကာ HTML ကုတ်ကို ရယူလိုက်ပါ...

Share ချင်သူတွေအတွက်ကတော့ My Slide ကလစ်ကာ Share လင့်ကို ရယူလိုက်ပါ...


          
အားလုံးကိုလေးစားလျှက်
(မျိုး)

No comments:

Post a Comment