Tuesday, April 24, 2012

Photoshopသင်ခန်းစာSpecial Effect Part(17) 

Posted by Aung Kyaw Moe

Auto-Align & Blend Layers (CS3)

Edit > Auto-Align Layers နဲ့ Auto-Blend ဆိုတဲ့ Feature တွေဟာ CS3 မှာ စတင်ပါဝင်လာတဲ့ Photoshop ရဲ့ ထူးခြားဆန်းသစ်တဲ့ ပြောင်းလဲမှုတစ်ခုဖြစ်ပါတယ်။


အသုံးဝင်မှုကတော့ Auto-Align Layers က တစ်နေရာထဲမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ဘယ်လိုအချိုးအစား၊ အရွယ်အစားနဲ့မဆို လျှင်မြန်စွာ တစ်ထပ်တည်းကျအောင် Align လုပ်ပေးနိုင်ပါတယ်။ Tripod လို့ခေါ်တဲ့ ကင်မရာထောက်တိုင်တွေ မလိုဘဲနဲ့ကို ဖန်တီးပေးနိုင်ပါတယ်။ ဒါကို စမ်းသပ်ကြည့်ရအောင်...


ပထမဆုံး တစ်နေရာတည်းမှာ ရိုက်ထားတဲ့ ဓာတ်ပုံနှစ်ပုံကို ဖွင့်လိုက်ပါမယ်။


အဲဒီထဲက ပုံတစ်ပုံကို Copy လုပ်ပြီး နောက်တစ်ပုံပေါ်တင်ပါမယ်။ ပုံအတိုင်း Layer နှစ်ခုတွေ့ရပါမယ်။

အဲဒီ Layer နှစ်ခုစလုံးကို Shift ကိုနှိပ်ပြီး Select လုပ်ပါမယ်။ ပြီးရင် Edit > Auto-Align Layers ထဲကို ၀င်ပါ။

မူလပေးထားတဲ့ Default Auto ကိုပဲ ရွေးပြီး OK ကိုနှိပ်ပါမယ်။ ဒါဆိုရင် ပုံအတိုင်း Layer တွေ ပြောင်းသွားတာကို တွေ့ရပါမယ်...

အဲဒီမှာ အပေါ်က Layer ကို Layer Mask ထည့်ပြီး အောက်က ကောင်မလေးမြင်ချင်တဲ့နေရာကို ဖျက်လိုက်ရင်... အင်မတန်မှ မြန်ဆန်လွယ်ကူပြီး တစ်ထပ်တည်းကျတဲ့ ပုံကို ရမှာဖြစ်ပါတယ်။

ဒါပေမယ့် ဓာတ်ပုံနှစ်ပုံက အရောင်အသွေးမတူတဲ့အတွက် Layer နှစ်ခုစလုံးကို Shift ဖြင့် Select လုပ်ပြီး Edit > Auto-Blend Layers လုပ်ခြင်းဖြင့် လှပသော ပေါင်းစပ်မှုတစ်ခုကို ရရှိပါလိမ့်မည်။

ပြီးရင်တော့ မိမိ လိုအပ်တဲ့ အရွယ်အစားကို Crop လုပ်လိုက်ရုံပါပဲ။

ဒီအောက်က နမူနာကတော့ လူပါနေတဲ့ ဓာတ်ပုံနှစ်ခုကို ပေါင်းလို့ လူကိုဖျောက်ပြီး တောအုပ်ကြီးပဲကျန်အောင် နမူနာလုပ်ထားတာပါ။


ဒီ Tools နဲ့ နောက်ထပ် စမ်းသပ်လို့ရတာကတော့ အပိုင်းပိုင်းရိုက်ထားတဲ့ ဓာတ်ပုံတွေကို Panorama လို ပုံတွေဖြစ်အောင် ဆက်လို့ရနိုင်ခြင်းပဲ ဖြစ်ပါတယ်။ နမူနာအနေဖြင့် ဒီပုံ ၅ ပုံကို စမ်းကြည့်ပါမယ်။

အဲဒါကို အလွယ်တကူပဲ Layer တစ်ခုပေါ်တစ်ခုထပ်ပြီး Edit > Auto-Align Layers လုပ်လိုက်ရင်ဖြင့် အောက်ပါအတိုင်းအလွယ်တကူ ပေါင်းစပ်သွားတာကို တွေ့ရပါလိမ့်မယ်။

ဒါပေမယ့် ပုံတွေရဲ့ အရောင်တွေ မတူတဲ့အတွက် တစ်ခါထပ် Shift ဖြင့် Select လုပ်ပြီး Edit > Auto-Blend Layers လုပ်ကာ Crop လုပ်လိုက်ခြင်းဖြင့် လှပသေသပ်တဲ့ပေါင်းစပ်မှုကို ရရှိမှာ ဖြစ်ပါတယ်။

No comments:

Post a Comment