Tuesday, April 24, 2012

Photoshop သင်ခန်းစာSpecial EffectPart (10)

Scan Line Pattern

ယနေ့ခေတ်လို သိပ္ပံပညာတန်ခိုးထွားတဲ့အချိန်မှာ သိပ္ပံဆန်ဆန်ပိုစတာတွေကလည်း ပလူပျံအောင် ခေတ်စားနေပါတယ်။ ဒါတွေကို အင်္ဂလိပ်လိုတော့ Digital Theme တွေလို့ ခပ်လွယ်လွယ်ခေါ်ကြပါတယ်။ အဲဒီအခါ…. အဲဒီလို sense မျိုးပါအောင်ထည့်ဖို့ အလွယ်ဆုံးနဲ့ အမြန်ဆုံးနည်းကတော့ တချို့သော TV Screen တွေမှာ တွေ့ရတတ်တဲ့ Scan Line Pattern တွေထည့်လိုက်တာပါပဲ။


၁) New
File တစ်ခု (2 pix – 4 pix) ကိုဖွင့်ပါ။ Background Contents = Transparent ကို ရွေးပါ။

၂) ပုံရဲ့ အထက်ပိုင်း တ၀က်ကို Rectangular Marquee Tool ဖြင့် Select လုပ်ပြီး Black Color ဖြင့် fill လုပ်ပါ။

ပြီးလျှင် (Ctrl + D) သို့မဟုတ် (Select > Deselect) ကိုရွေးပါ။

၃) Edit > Define Pattern ဖြင့် Save လုပ်ပါ။


၎) Scan Line ထည့်လိုသော ပုံကိုဖွင့်ပါ။

၅) Layer > New Layer ဖြင့် Layer အသစ်တစ်ခုခေါ်ပြီး ထို Layer ကို Scan Line Pattern ဖြင့် Fill လုပ်ပါ။ ပြီးလျှင် Layer ၏ Blending Mode ကို Overlay နှင့် Opacity ကို အနည်းငယ် ချလိုက်ခြင်းဖြင့် လိုအပ်သော TV Scan Line ပုံမျိုးကို ရရှိပါမည်။


အခွင့်အခါများသင့်ခဲ့ရင် နောက် Tutorial တွေမှာ Digital Wall paper တစ်ခုကို ဖန်တီးတဲ့အကြောင်း ပြောပြပါမယ်။ ဘာပဲဖြစ်ဖြစ်ပါ…. ဒီ tutorial က Scan Line တွေကို သင့်ရဲ့ Photoshop လက်ရာတွေမှာ အသုံးပြုမိလိုက်ပြီဆိုတာနဲ့ သင်ဟာ ဒီနေ့ခေတ်ရဲ့ Digital World ထဲကို အနည်းဆုံး ခြေတစ်ဘက်တော့ ချမိနေပြီဆိုတာကို စိတ်ချယုံကြည်သင့်ပါတယ်။


No comments:

Post a Comment