Tuesday, April 24, 2012

Photoshop သင်ခန်းစာSpecial Effect Part (7)

Hazel Nut ပူပူလေး

ဒီနေ့ကော်ဖီဆိုင်ကိုရောက်သွားတယ် Waiter ကချပေးလာတဲ့ Menu ကိုဟိုဒီကြည့်မနေတော့ပဲ Hazel Nut တစ်ခွက်ပေးပါလို့မှာလိုက် တယ်။ coffee ရဲ့အနံလေးကိုကမွှေးနေတာပဲ။ ကော်ဖီကိုမသောက်ခင် အရင်ဆုံး ပါလာတဲ့ကင်မရာနဲ့ ဓါတ်ပုံရိုက်လိုက်တယ်။ ဒါပေမယ့်အဲဒီပုံမှာ အငွေ့လေးတွေပါမလာဘူး။ coffee တွေထဲမှာဒီ Hazel Nut coffee ကိုအကြိုက်ဆုံးပါ၊ Hazel Nut ရဲ့သင်းပျံ့တဲ့ရနံ့ကြောင့်ကော်ဖီဟာ သင့်ရဲ့ ရင်ကိုကျေနပ်စေမှာပါ။ အပိုပြောတာမဟုတ်ပါဘူး၊သင်လဲကြုံရင် တစ်ခွက်လောက် စမ်းသောက်ကြည့်ပါ။ ဒီလိုအကောင်းစားကော်ဖီတစ်ခွက်ရဲ့ ပုံရိပ်လေးဟာ အငွေ့လေးများအပေါ်ကိုတက်နေရင် ပိုပြီးအသက်ဝင်လာမှာပေါ့။


၁) အဲဒီပုံလေးကို PhotoShop မှာဖွင့်လိုက်ပါတယ်


၂) ပြီးတဲ့အခါ New Layer တစ်ခုယူလိုက်ပါတယ်။ Brush Tool (B) ဖြင့် အနားဖွာသော Soft Rounded Brush တစ်ခုကို ရွေးပြီး အဖြူရောင် ဖြင့် လိုအပ်သော မီးခိုးအနေအထားကိုဆွဲပါတယ်။ သဘာဝကျကျရဖို့ဆိုရင် မီးခိုးထွက်တဲ့ ကော်ဖီခွက်၊ ဆေးလိပ် စတာတွေကိုသတိထားကြည့် ရမှာပေါ့။

၃) Smudge Tool (R) Strenth=50% ဖြင့် အထက်ဘက်သို့ပွတ်ဆွဲပြီး မီးခိုးဖြင့်တူအောင်ဖန်တီးလိုက်ပါတယ်။ (Filter > Liquify) ကို အသုံးပြု လျှင်လည်း အတူတူပါပဲ။ ဒီနေရာမှာ အရေးအကြီးဆုံးက လွတ်လပ်ပေါ့ပါးနေတဲ့စိတ်ပါ။ စိတ်ကို တိမ်တိုက်ထဲရောက်သွားသလို ပေါ့ပေါ့ပါးပါးနဲ့ လက်က ခပ်သွက်သွက်ဖန်တီးလိုက်ဖို့ပါပဲ။ ပုံသေမရှိပါဘူး။


၎) ပြီးရင် အဲဒီ Layer ကို Opacity=30-40% လောက်မှာ ထားပြီး Eraser Tool, Opacity=50% ဖြင့် ဖျော့လိုသောနေရာများကို ခပ်ရေးရေး ဖျက်ပစ်ပါတယ်။ ဒါဆိုရင်တော့ မီးခိုးငွေ့တစ်ခုကို ဖန်တီးပြီးသွားပါပြီ။ အဲဒီ Layer ကိုနောက်ထပ် Duplicate တစ်ခုထပ်ပွားပြီး (Edit > Free Transform) နဲ့ အနည်းငယ်ပြောင်းလဲထားလိုက်ပါတယ်။ ဒီလိုနဲ့ ကော်ဖ်ီခွက်ပုံလေးမှာ အငွေ့လေးတွေပေါ်လာပါတော့။

ကဲ Hazel Nut ကော်ဖီပူပူလေးသောက်ပါဦးလား၊ ဒီကော်ဖီလေးဟာ သင့်ရဲ့ ဘ၀အမောတွေကို လွင့်ပျယ်စေပြီး၊ စိတ်အာရုံတွေကိုလန်းဆန်း စေမှာပါ။

No comments:

Post a Comment