Photoshop သင်ခန်းစာ - LIGHTING EFFECT IN PHOTOSHOP
Posted by Aung Kyaw Moe
ကျွန်တော်တို့ Photoshop မှာ MDA ကို Lighting EFFECT လေးလုပ်ကြည့်ရအောင်လား...
Step - 1
File ထဲက New ကိုရွေးမယ်.... size ကတော့ (1024 X 768) pix ရွေးပြီး OK ကိုနှိပ်မယ်။ ပြီးရင် background color ကို အဖြူရောင်ဖြည့်မယ်။ ပြီးရင် background ကိုရောင်တင်ဖို့အတွက် Layer>Layer Style>Grandient Overlay ကိုရွေးမယ်။ အဲဒီ Grandient Overlay မှာ Grandient ကို color ပြောင်းရအောင်။ #150b06 နဲ့ # 321c0f ရွေးပါ။ ပြီးရင်တော့ style ကို Radial ထားပြီး Blend Mode ကတော့ Normal ပါ။ ပြီးရင် OK ဘဲပေါ့။

Step - 2
New Layer ကိုခေါ်ပါ။ အဲဒီ Layer ကို Filter>Render>Clouds ရွေးလိုက်ပါ။ အဲဒါဆိုရင် Layer ကပုံထဲအလိုမျိုး Clouds ပုံစံထွက်လာပါလိမ့်မယ်။ အကယ်လို့ cloud ပုံစံမကြိုက်ခဲ့ရင်တော့ Ctrl + F ကိုနှိပ်ပြီး ပြောင်းလို့ရပါတယ်။

Step - 3
အဲဒီ Layer ကို Blend Mode ထဲက Color Dodge ကိုရွေးလိုက်ပါ။

Step - 4
ပြီးရင်တော့ Eraser Tool (E) နဲ့လိုက်ဖျက်လိုက်ပါ။ အဲဒီမှာ Eraser Tool (E) ကို ကိုယ်လိုချင်သလိုရဖို့ အတွက် Brush Option ထဲက Hardness ကို 0% ထားပါ။

Step - 5
ပြီးရင်တော့ ကျွန်တော်တို့ရဲ့ MDA ကို font bold ထူထူလေးသုံးပြီး ရိုက်လိုက်ပါ။ ပြီးရင် Layer မှာ right click လုပ်ပြီး Rasterize Type ကိုရွေးလိုက်ပါ။ အဲဒါဆိုရင် MDA က font မဟုတ်တော့ပါဘူး။ နောက်တော့ Edit>Transform>Warp ကိုရွေးပြီး ပုံမှာပြထားသလိုချိန်ကြည့်လိုက်ပါ။

Step - 6
အဲဒီလို MDA logo လေးရလာရင် Layer>Layer Styles>Outer Glow ကိုရွေးပါ။ color ကို #fffde2 ထားပါ။ Blend Mode ကိုတော့ Color Dodge ရွေးပါ။ Opacity ကို 80% ထားပြီး Spread နဲ့ Size ကို 18% နဲ့ 18px ထားလိုက်ပါ။

Step - 7
နောက်တော့ မီးတန်းတွေထည့်ဖို့ မီးတန်းပါတဲ့ပုံကို ဖွင့်ပြီး move tool နဲ့ ဆွဲထည့်လိုက်ပါ။ ပြီးရင် လိုသလောက်ဖြတ်ပြီး size ကိုလိုသလိုပြင်ယူလိုက်ပါ။ အဲဒီမှာ MDA logo ကအရောင်နဲပတူအောင် Image>Adjustments>Levels နဲ့အရောင်ချိန်လိုက်ပါ။

Step - 8
အဲဒီမှာ Edit>Transform>Warp နဲ့ ပုံပါအတိုင်းလိုက်ပြင်ကြည့်လိုက်ပါ။ ပြီးရင် Layer>Duplicate Layer လုပ်လိုက်ပါ။ ရလာတဲ့ Layer ကို Edit>Transform>Flip Vertical လုပ်ပြီး ပုံမှာပြထားသလိုလိုက်ညှိလိုက်ပါ။ ပြီးရင် Image>Adjustments>Hue and Saturation နဲ့ အရောင်လေးထပ်ချိန်ကြည့်လိုက်ပါ။


Step - 9
အဲဒီမှာ အစက်လေးတွေထည့်ဖို့အတွက် New Layer ကိုခေါ်ပြီး Filter>Noise>Add Noise ကိုသွားပါ။ Gaussian, 15% Amout, Monochromatic တွေကိုရွေးလိုက်ပါ။ Layer ရဲ့ Blend Mode ကိုတော့ Screen ထားလိုက်ပါ။ ပြီးရင်တော့ အစက်တွေနည်းသွားအောင်လို့ Image>Adjustments>Levels နဲ့ ညှိကြည့်လိုက်ပါ။

အဲဒါဆိုရင်တော့ ကိုယ်တိုင်လုပ်ထားတဲ့ MDA LOGO နဲ့ LIGHTING EFFECT Background တစ်ခုရပြီပေါ့။

No comments:
Post a Comment