Wednesday, April 25, 2012

ကွန်ပျူတာရဲ့ရောဂါနဲ့ ကာကွယ်ကုသမှုအကြောင်း

ကွန်ပျူတာရဲ့ရောဂါနဲ့ ကာကွယ်ကုသမှုအကြောင်း

သတင်းအချက်အလက်နဲ့ နည်းပညာတွေ တိုးတက်လာတဲ့အချိန်မှာ ကွန်ပျူတာသုံးစွဲသူများအတွက် နည်းပညာတိုးတက်မှု ကောင်းကျိုးများ ရရှိနေသလို တစ်ဖက်ကလည်း Virus ရဲ့တိုက်ခိုက်ခြင်းကို ခံရတဲ့ ဆိုးကျိုးတွေလဲ ပါလာတယ်။ ဒါကိုကာကွယ်နိုင်ဖို့ Virus တွေရဲ့သဘောသဘာဝနဲ့ Virus ၀င်လာရင် ဘယ်လို ဖြေရှင်းရမယ်ဆိုတဲ့ နည်းလမ်းတွေကို ကြိုတင်သိရှိထားဖို့ လိုပါတယ်။ Virus တွေဟာ E-Mail ကဲ့သို့သော Internet အသုံးပြုမှုကတစ်ဆင့် ၀င်ရောက်တတ်သလို Flash Drive, Memory Stick စတဲ့ Storage Device များ၊ MP3/4 Player စတဲ့ Portable Media များက တစ်ဆင့် မိမိရဲ့ကွန်ပျူတာ အတွင်း ထိုးဖောက်ဝင်ရောက်လာကြပါတယ်။
 
မိမိကိုယ်ထဲကို ရောက်ရှိလာတဲ့ ရောဂါပိုးတွေက မိမိရဲ့စွမ်းရည်တွေကို ဖျက်ဆီးပစ်သလို Virus တွေ ကလည်း မိမိကွန်ပျူတာရဲ့ လုပ်ဆောင်နိုင်မှုစွမ်းရည်တွေ ကို ပုံမှန်အနေအထား မဟုတ်တော့အောင် ပျက်စီးသွား စေပါတယ်။ အချို့သော Virus များက တိုက်ခိုက်မှန်း မသိသာအောင် ညင်သာပေမယ့်၊ အချို့သော Virus များ ကတော့ မိမိကွန်ပျူတာရဲ့စနစ်ကို တော်တော်လေး ပြင်းပြင်းထန်ထန် ဖျက်ဆီးပစ်တာကို တွေ့ရပါတယ်။
 
ဥပမာ တစ်ချိန်တုန်းက အရမ်းသောင်းကျန်းခဲ့ဖူး တဲ့ Flashy.exe ဆိုတဲ့ Virus ဟာ Operating System ကို ပြင်းထန်စွာ မထိခိုက်စေပေမယ်Folder တွေကို ပွားယူ ထားပြီး၊ ဘယ်လိုဖျက်ဖျက် ပြန်ရောက်လာခြင်းဖြင့် အနှောင့်အယှက်ပေးပါတယ်။ ဒါပေမယ့် Folder တိုင်းကို ကူးယူတာဖြစ်တဲ့အတွက် ကြာလာရင်တော့ မိမိ ကွန်ပျူတာက အရင်လောက် စွမ်းဆောင်ရည် မသွက် လက်တော့တာကို သိရှိခဲ့ရပါတယ်။ svchost.exe ဆိုတဲ့ virus ကျတော့ ပိုပြင်းထန်လာပါတယ်။ သူက Folder တွေကို ပွားပြီး မူရင်း Folder ကို ဖျောက်ထားပါတယ်။ ပြီးတော့ Folder Option ကိုပါ ဖျောက်လိုက်တဲ့အတွက် မိမိ Folder အစစ်တွေကို မတွေ့ရတော့ပါဘူး။ ထူးခြားချက်က Virsu က ပွားယူလိုက်တဲ့ Folder တွေကို ဖွင့်ကြည့် လို့လည်း ရပါတယ်။ အထဲမှာရှိနေတဲ့ Folder တွေလည်း ပျက်ဆီးခြင်း မရှိပါဘူး။
 
ဒါပေမယ့် Folder ကိုဖွင့်ကြည့်တဲ့ အခါ အခြား Windows တစ်ခုနဲ့ တက်လာတာကို တွေ့ရ ပါတယ်။ နောက်ပြီး မိမိရဲ့ကွန်ပျူတာကို ဖွင့်တဲ့အခါတိုင်း Storage Device ကို တောင်းနေတတ်ပြီး၊ Windows Explorer ကို အလိုအလျောက်ဖွင့်ပေးနေပါတယ်။ ဒီ virus ကိုယ့် ကွန်ပျူတာထဲ ရောက်ရှိနေကြောင်း သိသာစေတဲ့ အချက် ကတော့ မိမိကွန်ပျူတာမှာရှိနေတဲ့ Folder လေးတွေမှာ သံစဉ်ပုံ icon လေးတွေ ဖြစ်နေတတ်တာပါပဲ။ အလွန်မှ ဖြေရှင်းရခက်ခဲပြီး Virus သေသွားခဲ့ရင်တောင် Folder option, Task Manager စသည်တို့သုံးလို့ မရတော့ပါဘူး။ ဒီထက်ဆိုးလာရင် Operating System ရဲ့အရေးကြီး File တစ်ခုဖြစ်တဲ့ ntldr.dll အမည်ရှိတဲ file ကို ဖျက်လိုက်ပါ တယ်။ ဒီ File မရှိတော့ရင် ကွန်ပျူတာ အသုံးပြုနေစဉ် အချိန်အတွင်းမှာ ဘယ်လိုမှ အကျိုးသက်ရောက်မှုမရှိပေ မယ့် မိမိစက်ကိုပိတ်ပြီးပြန်ဖွင့် လိုက်တဲ့အချိန်မှာ ntldr.dll Missing ဆိုပြီး Windows တက်မလာတော့ပါဘူး။
 
ဒီ virus မျိုးကို Kaspersky Antivirus, BitDefender Antivirus စတဲ့ Software များက သတ်နိုင် သော်လည်း License Version ဖြစ်ဖို့ လိုပါတယ်။ ဆိုလို တာက Internet ပေါ်က အခမဲ့ရရှိတဲ့ Free Version မဟုတ်ပဲ၊ ပိုက်ဆံပေးဝယ်ထားတာမျိုးကို ဆိုလိုတာပါ။ အရင်တစ်ချိန်တုန်းကတော့ မြန်မာနိုင်ငံမှာ ဒီလို Software တွေကို License Version ၀ယ်ယူလို့ မရခဲ့ပါဘူး။
 
Free Version ကပေးတဲ့ Software ကလည်း စမ်းသပ်သုံးစွဲဖို့သာဖြစ်တဲ့အတွက် စွမ်းရည်မပြည့်ဝပါဘူး။ ဒီတော့ဘယ်လိုပဲ Antivirus Software တွေတင်ထား တင်ထား စွမ်းရည်မပြည့်ဝတဲ့အတွက် အပြည့်အ၀ ကာကွယ်နိုင်ခြင်း မရှိပါဘူး။ ယနေ့မှာတော့ Kaspersky Antivirus, BitDefender Antivirus စတဲ့ Software တွေကို ၀ယ်ယူရနိုင်ပါပြီ။ သို့သော်လည်း ကွန်ပျူတာ အသုံးပြုသူ တော်တော်များများကတော့ ဒီလို Software တွေကို ၀ယ်ယူသုံးစွဲဖို့အတွက် လက်တွန့်တတ်ကြပါတယ်။
 
Virus ၀င်လည်း Windows ပြန်တင်လျင် အဆင် ပြေသွားမှာပဲဆိုပြီး ပေါ့ဆနေတတ်ကြပါတယ်။ ဒါပေမယ့် အဖျက်စွမ်းအားကြီးမားပြီး၊ ကွန်ပျူတာကို ဖျက်ဆီးဖို့ ရည်ရွယ်တဲ့ Virus တွေဟာ Hard disk Drive, Motherboard စတဲ့ Hardware တွေကို ဖျက်ဆီးနိုင်ပါတယ်။ ဒါကြောင့် မိမိကွန်ပျူတာမှာ Antivirus Software တစ်ခုလောက် တော့ ထားရှိသင့်ပါတယ်။
 
Antivirus Software တစ်ခုတင်တော့မယ်ဆိုရင် ဘယ်အမျိုးအစားကို တင်ထားသင့်သလဲဆိုတာ စဉ်းစား လို့ ရအောင်Top 10 Antivirus Software များကို ဖော်ပြလိုက်ပါတယ်။
 
1- BitDefender Anti-Virus
2- McAfee Virus Scan
3- Kaspersky Lab Anti-Virus
4- F-secure Anti-Virus
5- Symantec Norton Anti-Virus
6- Panda Software Titanium Antivirus
7- Avira Anti Virus Personal
8- Avast Anti-Virus
9- Trend Micro PC-cillin
10- AVG Anti-Virus
 
အထက်မှာဖော်ပြထားတဲ့ Antivirus Software တွေကို အသုံးပြုမယ်ဆိုရင် License Version ဖြစ်ဖို့လို သလို ပုံမှန် Update လုပ်ပေးဖို့လည်းလိုပါတယ်။
 
Update လုပ်ဖို့အတွက် Internet မှတိုက်ရိုက် Download လုပ်ယူလို့ရသလို၊Download လုပ်ပြီးသား Update File ကိုထည့်သွင်းပေးလို့လည်းရပါတယ်။
 
Free Antivirus Software တွေထဲမှာ စာရေးသူ အကြိုက်ဆုံး Software ကတော့ Avira Antivirus Personal Free Edition ပဲ။ Free Edition ဖြစ်ပေမယ့် flashy.exe, svhost.exe စတဲ့ virus များကို အထူးနိုင်နင်း ပါတယ်။ သို့သော်လည်း မိမိအသုံးပြုမယ့် ကွန်ပျူတာက virus ကင်းရှင်းဖို့တော့ လိုပါတယ်။ virus ရှိနေပြီးသား ကွန်ပျူတာကို Antivirus Software က အပြည့်အ၀ ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။ Avira Antivirus Software ကိုလိုချင်ရင်တော့http://www.softpedia.com/progDownload/AntiVir-Personal-Edition-Download-5527.html မှာ အခမဲ့ရယူနိုင်ပါတယ်။ Interface ကလည်း ရိုးရှင်းတာကြောင့် အသုံးပြုရလွယ်ကူပါတယ်။
 
Avira တင်ထားတယ်ဆိုပေမယ့်Storage Device များကို အသုံးပြုမယ်ဆိုရင်တော့ မဖြစ်မနေ Scan လုပ်ပေးရမှာ ဖြစ်ပါတယ်။ အချို့သောVirus များကို Software က အလိုအလျောက်တွေ့ရှိပေမယ့် အချို့သော Virus များကိုတော့ Scan လုပ်ပေးမှ တွေ့တတ်ပါတယ်။ သူရှာဖွေတွေ့ရှိနိုင်နင်းတဲ့ Virus များအကြောင်း သိချင်ရင် တော့ http://www.avira.com/en/threats/index.html မှာ ကြည့်နိုင်ပါတယ်။ Virus အမျိုးအစားနဲ့တကွ၊ virus အမည်ကိုပါ ဖော်ပြပေးထားပါတယ်။ တကယ်လို့ စာရင်း ထဲမှာမပါတဲ့ File တစ်ခုကို virus လို့ သံသယ၀င်နေတယ် ဆိုရင်တော့http://analysis.avira.com/samples/index.php ကိုပေးပို့ပြီး သုတေသနလုပ်ကြည့်ခိုင်းလို့ ရပါတယ်။
 
 
အောင်သူရ

No comments:

Post a Comment