Tuesday, April 24, 2012

သင့်ကွန်ပျူတာ စိတ်ချစွာ အသုံးပြုနိုင်ဖို.

Posted by jujuoshin

ကွန်ပျူတာ သုံးစွဲသူတိုင်း မိမိတို့ရဲ့ စက်ကောင်းမွန် မြန်ဆန်ရေးကို နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင် နေကြရပါတယ်။ ဒီလို လုပ်ဆောင်ရာမှာလဲ ဆော့ဝဲလ်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံနဲ့ စမ်းသပ်လုပ်ဆောင် နေကြပါတယ်။ အဆင်ပြေပြီး ကောင်းမွန် လွယ်ကူတဲ့ Free Software လေးတစ်ခု ဖော်ပြချင်ပါတယ်။ ဒီဆော့ဝဲ လေးက သင့်ကွန်ပျူတာရဲ့ ရောဂါတွေကို သူကိုယ်တိုင်ရှာဖွေတယ် ၊ပြီးတော့သူကိုယ်တိုင်ပဲ ရှင်းပေးတယ်။ သင့်ပြဿနာတွေ အခက်အခဲတွေအတွက် အကောင်းဆုံး ဝန်ဆောင်မှုတွေပေးမှာပါ ။
ကာကွယ်ခြင်းမဟုတ်ပဲ ကျရောက်နေတဲ့ ရောဂါတွေကို ရှင်းရှင်းပျောက်အောင် ကုသပေးတဲ့ software လေးပါ

Advanced System Care Software လေးက Window System ကို ထိန်းသိမ်းဖို့ ကောင်းမွန်လှပါတယ်။ ပိုက်ဆံ မကုန် အဆင်ပြေစေပါတယ်။ Window ကို ပြုပြင်မလား၊ System ရဲ့ ချို့ယွင်းချက်တွေကို လုပ်ဆောင်ပေးတဲ့အပြင် spyware removal, registry fix, privacy, disk defragment, security analyzer စတာတွေကိုလည်း Scan လုပ်ပြီး ဖြေရှင်းပေးပါတယ်။


ဒါ့အပြင် Utilities မှာ Disk Cleaner, Disk Doctor,
File Shredder, Game Booster, Internet Booster .... စသဖြင့် များစွာ ပါဝင်ပါတယ်။ Auto Shutdown, Cloned Files Finder ... များစွာ ပါဝင်ပါတယ်။ စက်တိုင်းမှာ မရှိမဖြစ် ဆောင်ထားသင့်ပါတယ်။ ဒီမှာ Download လုပ်ယူပါ။
 ဒီမှာ ဒေါင်းလော့ကြပါ......
အောက်ပါအတိုင်းပြုလုပ်လိုက်ပါ


၁။ ဆော့ဝဲကိုဒေါင်းလိုက်ပါ ပြီးရင် install လုပ်လိုက်ပါ။


၂။ Advanced system care ဆိုတဲ့ Icon လေးကိုဖွင့်လိုက်ပါ။


၃။ပုံထဲမှာပါတဲ့ care ဆိုတဲ့ start အဝိုင်းလေးကို နှိပ်လိုက်ပါ


သူဘာသာသူ လုပ်စရာရှိတာတွေ အကုန်လုပ်သွားပါလိမ့်မယ်


ပြီးရင် ဖိုင်ကို ပိတ်လိုက်ပါ။ အချိန်ရရင်တော့ နှစ်ကြိမ်လောက် လုပ်ရင်ပိုကောင်းပါတယ်


သင့်ရဲ့ကွန်ပျူတာအတွက် စိတ်ချသွားရပါပြီ ...... သင်လည်း ခေါင်းပူစရာမရှိတော့ဘူးပေါ့


ကွန်ပျူတာ လေ့လာသူတွေ တိုးတက်ကြပါစေ


မသိသေးသူများအတွက်ရည်ရွယ်ပါသည်... စေတနာဖြင့်.............. ဧဒင်ချစ်သူ

No comments:

Post a Comment