Monday, April 23, 2012

ပုံလေးတွေကို ကိုယ်ပိုင်ဒီဇိုင်းလေးနဲ့ လိုသလို ပြုလုပ်ယူကြမယ်နော်...  

 (မျိုး) 

ဒီလို ပုံလေးတွေ လုပ်ချင်နေသူတွေ အတွက်

ပိုစ့်လေး တင်ပေးပါအုံးမယ်နော်...


ImageChef.com


ဒီလိုပုံလေး လုပ်တဲ့ ဆိုဒ်လေးကို ယခင်ကလည်း တင်ပြဘူးပါတယ်... ဒီလင့်လေးကိုသွား အကောင့်ဖောက် ....

http://www.imagechef.com

ပြီးရင်တော့ ဒီပုံလေး ဖြစ်လာဖို့ကို ဗွီဒီယိုလေး နဲ့ ပြုလုပ်ထားပါတယ်...
ကိုယ့် အတွေးလေးတွေနဲ့ ကိုယ် လုပ်ကြည့်တာမျိုးပေါ့
ကိုယ်လိုချင်တဲ့ ဒီဇိုင်းနဲ့ ပုံလေးတွေကို လုပ်ကြည့်ကြမယ်နော်....
ဒီဗွီဒီယိုလေးကို ကြည့်လိုက်ပါ....


http://www.youtube.com/watch?v=hZqjEuYN8_E

အဲ့မှာ လုပ်တဲ့အတိုင်း လိုက်လုပ်ကြည့်ကြမယ်နော်...
ဒီအထဲမှာမှ တစ်ချို့ ပုံဒီဇိုင်းလေးတွေက ပိုက်ဆံနဲ့ဝယ်မှ ဖွင့်ပေးမဲ့
ပုံလေးတွေ ပါနေပါတယ် ...
ဒီလိုမျိုးလေးတွေပေါ့

Image Hosting by PictureTrail.com

Image Hosting by PictureTrail.com

Image Hosting by PictureTrail.com

Image Hosting by PictureTrail.com

စာသား ဒီဇိုင်းလေးတွေလည်း ပိတ်ထားပါတယ်...
တစ်ချို့ ပုံလေးတွေကို အရောင်တွေ ကိုပိတ်ထားလိမ့်မယ်
နေ့စဉ် စကားသွား ဒီဇိုင်းတွေ ကို အမျိုးမျိုး လုပ်ဆောင် သွားရင်တော့ Point က တက်လာပြီး
တစ်ဖြေးဖြေးတော့ ပိတ်ထားတဲ့ ပုံတွေ သုံးလို့ ရလာပါလိမ့်မယ်...
ဒါမှ မဟုတ် Credit Card နဲ့ ၀ယ်သုံးရင်လည်း အဆင်ပြေပါလိမ့်မယ်...
ကိုယ့်စိတ်ကြိုက် ပြုလုပ်ပြီးရင်တော့ ညာဘက်ဘေးနားမှာ Save ဆိုတာကို ကလစ်ပေးပြီး သိမ်းလိုက်ပါ
အချိန်အနည်းငယ် စောင့်စိုင်းပြီးရင်တော့ ဒီလိုလေးတွေ့ ရမှာ ဖြစ်ပါတယ်...
Image Hosting by PictureTrail.com

အဲ့ပုံလေးကို ထပ်ကလစ်လိုက်ပါ ...
ပုံလေးရဲ့ဘေးနားမှာ HTML ကုဒ် နဲ့ URL ကုဒ်ကိုပေးထားပါတယ်....
လိုအပ်သလို အသုံးပြုလို့ ရပြီပေါ့နော်....
Image Hosting by PictureTrail.com


နောက်ဆုံးဒီလိုပုံလေး ရရှိပြီ ဖြစ်ပါတယ်...


ImageChef.com


မျိုးကတော့ ကဒ်နဲ့ဝယ်ထားလို့ အားလုံးအသုံးပြုလို့ရနေတာပါ...
ကျန်တာလေးတွေနဲ့လည်း လှပနေအောင် လုပ်လို့ရပါတယ်နော်
အားလုံးပဲ လိုက်လုပ်ကြည့်ကြမယ်နော်...

အားလုံးအဆင်ပြေစေဖို့
မျိုး

No comments:

Post a Comment