Monday, April 23, 2012

Any VCD DVD Download မည်သည့်ဝက်ဆိုက် မည်သည့် VCD DVD ကိုမဆို တိုက်ရိုက်ကူးယူနည်း။

 
Posted by ukkmaung 

Any VCD DVD Download အင်တာနက်မှာရှိသော မည်သည့်ဝက်ဆိုက် မည်သည့် VCD DVD ကိုမဆို တိုက်ရိုက်ကူးယူနည်း။

၁။ ရှေးဦးစွာ Real player free download ရယူပါ။
download လုပ်ပြီး။ install လုပ်ပါ။ ပြီးလျှင် ကွန်ပျူတာ Restart လုပ်ပြီးလျှင် Desktop ပေါ်၌ Real player တွေ့မြင်ရမည်ဖြစ်ပါသည်။





၂။ မိမိကူးယူလိုသော ဗွီဒီယိုကို ဖွင့်ပါ။ ထို ဗွီဒီယို မျက်နှာပြင်ပေါ်၌ မျှား( ပွိုင့်တာ)ဖြင့် ထောက်ပါ။ ဗွီဒီယို မျက်နှာပြင်ပေါ် မျှားရောက်သည်နှင့် ဗွီဒီယိုမျက်နှာပြင်အကွက်၏
ညာဘက်ထိပ်ပိုင်ထောင့်တွင် Real player downloader ဟု ပေါ်လာသည်ကို တွေ့မြင်ရပေမည်။ မပေါ်လျှင် ကူး၍ မရသေးပါ။ ပေါ်လာမှသာ ကူး၍ ရပေမည်။
မှတ်ချက်။ ။ စားရေးသူ ကွန်ပျုတာသည် တရုတ်စာနှင့်ရိုက်သော ကွန်ပျူတာဖြစ်၍ တရုတ်လိုပေါ်နေခြင်း ဖြစ်ပါသည်။

၃။ ဗွီဒီယို မျက်နှာပြင်ထောင့်ပေါ်တွင် Real player download ပေါ်လာလျှင် ညာကလစ်နှိပ်ပါ။ အောက်ပါအတိုင်း ဇယားအကွက်လေး ပေါ်လာပေမည်။
ထိုဇယား၏အောက်ဆုံးမှ Real player download ကို ကလစ်နှိပ်ပါ။

၎။ ဒါဆိုလျှင် သင်ကူးလိုသော ဗွီဒီယိုကို စတင်ကူးယူနေပုံကို အောက်ပါအတိုင်း တွေ့မြင်ရမည် ဖြစ်ပါသည်။
Youtue, Mega, Dailymotion, စသည့် မည်သည့် သီချင်း၊ ရုပ်ရှင်ကိုမဆို လွယ်ကူစွာ ကူးယူနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါသည်။



၅။ ကူးယူပြီးသောအခါ ထိုကူးထားသော ဗွီဒီယိုဖိုင်ကို ဘယ်နေရာရာမှာ ရှာမည်နည်း။ My Doc**ents ထဲတွင်ရှိသော My Videos ကိုကလစ်ပါ။
အထဲတွင် RealPlayer Downloads နာမည်ဖြင့် ကူးယူထားသော ဗွီဒီယိုဖိုင်များကို တွေ့မြင်ရပေလိမ့်မည်။





အားလုံး ၀မ်းသာ ပျော်ရွှင်ကြမည်ဟု မျှော်လင့်လျှက်။
ukkmaung

No comments:

Post a Comment