Monday, April 30, 2012

32 Bits နှင့် 64 Bits ဘယ်လိုခွဲမလဲ




ကျွန်တော်တို့ Windows 7 အသုံးပြုသူတွေအတွက် မိမိတို့ကွန်ပျူတာမှာ အသုံးပြုနေတဲ့ Windows က 32 Bits
လား 64 Bits လားဆိုတာကိုခွဲခြားလို့ရမဲ့နည်းလမ်းလေးကိုပြောပြ ပေးချင်ပါတယ်.. သိပြီးသားသူတွေအတွက်
တော့ မထူးဆန်းပေမယ့် မသိသေးတဲ့သူတွေအတွက်ကတော့ သိထားသင့်တာအမှန်ပါပဲ..မိမိတို့အသုံးပြုနေ
ကွန်ပျူတာ 32 Bits လား 64 Bits လား သိချင်တယ် ဆိုရင် အရင်ဆုံး My Computer ကို Right Click 
ထောက်လိုက်ပါ..ပြီးရင် System ထဲက  System Type မှာကြည့်လိုက်ပါ.. 32 Bits Opearting System 
လို့ပြထားရင်မိမိတို့အသုံးပြု နေတဲ့ Windows က 32 Bits ပါ.. 64 Bits Opearting System လို့ပြနေရင်
မိမိတို့အသုံးပြုနေတဲ့ကွန်ပျူတာက 64 Bits ပါ..။ဒီလောက်ဆိုရင်တော့ ကိုယ်သုံးနေတဲ့ Windows က 32Bits 
လား 64 Bitsလားအလွယ်တကူကြည့်တက်သွားပြီလို့ထင်ပါတယ်..အောက်မှာပုံလေးနဲ့လဲပြပေးထားပါတယ်..








အားလုံးပဲအဆင်ပြေကြပါစေ..ကျေးဇူးတင်ပါတယ်ခင်ဗျာ..

No comments:

Post a Comment